• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 စိုးရိမ်မှုကြောင့် သွေးလှူရှင် လျော့ကျ

by သဇင်လှိုင်
7 April 2020
in သတင်း
A A
အမျိုးသား သွေးဌာန (ရန်ကုန်) / မျိုးမင်းစိုး / ဧရာဝတီ

အမျိုးသား သွေးဌာန (ရန်ကုန်) / မျိုးမင်းစိုး / ဧရာဝတီ

6.1k
VIEWS
Share on FacebookShare on Twitter

COVID-19 ဖြစ်ပွားနေခြင်း အပေါ် စိုးရိမ်မှုများကြောင့် ယခုနှစ် မတ်လအတွင်း သွေးလှူရှင် အရေအတွက် သိသိသာသာ လျော့ကျသွားကြောင်း အမျိုးသား သွေးဌာန (ရန်ကုန်) မှ သိရသည်။

အမျိုးသား သွေးဌာန (ရန်ကုန်)မှ တာဝန်ခံ ဒေါက်တာ သီတာအောင်က“လူစုလူဝေး မစုသင့်တဲ့ အတွက် အသင်းအဖွဲ့တွေကို လျှော့လိုက်ရတယ်။ ပြီးတော့ ရွှေတိဂုံစေတီတော်ရဲ့ အနောက်ဘက် စောင်းတန်းမှာ သွေးအလှူခံတာကိုလည်း မလှူသင့်ဘူး၊ လူမစုသင့်ဘူးဆိုပြီး ပိတ်လိုက် ရတယ် ပေါ့။ အဲဒီ ၂ ခုနဲ့တင် တော်တော်ကျသွားတာ”ဟု ပြောပြသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
145
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
176
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
593

၂၀၂၀ ပြည့်နှစ် မတ်လတွင် သွေးလှူဒါန်းသူ ဦးရေ ၅၇၅၄ ဦးသာရှိခဲ့ပြီး ကာလတူ ၂၀၁၉ ခုနှစ် မတ်လတွင် ၉၀၀၀ နီးပါး အထိ ရှိခဲ့သဖြင့် သွေးလှူဒါန်းသူ ဦးရေ ၃၀၀၀ ကျော် လျော့ကျသွား ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၃၅ ရာခိုင်နှုန်း လျော့ကျ သွားခြင်း ဖြစ်ကြောင်း အမျိုးသား သွေးဌာန(ရန်ကုန်)ရှိ စာရင်းဇယားများအရ သိရသည်။

သွေးလှူရှင်အဖွဲ့တဖွဲ့မှ ကိုဝင်းဇော် ကလည်း“သွေးလှူမယ့်သူက ရှားနေတယ်။ သွေးလှူလိုက်လို့ အားနည်းသွားရင် ကိုဗစ် ဖြစ်မှာကိုလည်း ကြောက်နေကြတာပေါ့။ လာလှူတဲ့ သွေးလှူရှင်တွေကို နှာခေါင်းစည်းရယ်၊ လက်အိတ်ရယ်ပါ စီစဉ်ပေးရ တာပေါ့”ဟု ပြောသည်။

သွေးလှူမှု လျော့နည်းမည့် အခြေအနေကို တွက်ဆထားသဖြင့် ကြိုတင်ပြင်ဆင်ထားရာ လတ်တလောတွင် လိုအပ်ချက် အတိုင်း လုံလောက်စွာ ရှိနေကြောင်း အမျိုးသား သွေးဌာန (ရန်ကုန်) မှ သိရသည်။

“မတ်လ ၉ ရက်နေ့လောက်ကတည်းက သုံးတဲ့ ဆေးရုံတွေကို ကမ်းလှမ်းထားတာပေါ့ အစ်မတို့ ဘက်က ကျတော့မယ်၊ အဲဒါ ကြောင့်မို့လို့ အရေးပေါ်ကိုပဲ သုံးကြပါ၊ ခဏလေး ဆိုင်းငံ့နိုင်ရင် မသွင်းဘဲ ထားလို့ရရင် ထားပေးပါလို့ အစ်မတို့ စာတွေ ထုတ်ထားတယ်”ဟု ဒေါက်တာ သီတာအောင်က ရှင်းပြသည်။

ဆက်လက်ပြီး ဒေါက်တာ သီတာအောင်က“အခုချိန် အထိကတော့ အစ်မတို့ Emergency တွေ ပေးနိုင်နေသေးတယ်။ ကင်ဆာသမားတွေ ပေးနိုင်နေသေးတယ်။ တသက်လုံးမှာ သူများသွေးကိုပဲ အားကိုးနေရတဲ့ သွေးရောဂါရှင်တွေကို ပေးနိုင်နေသေးတယ်။ ထိခိုက်တဲ့ အချိန်မှာ ခွဲစိတ်ဖို့ လိုတာတွေကို ပေးနိုင်နေသေးတယ်။ အခုချိန်အထိ ဦးစားပေးထားတဲ့ အသက် ကယ်လို့ရတဲ့ ရောဂါအခြေအနေတွေကို သွေးပေးလို့ရအောင် စီစဉ်ထားနိုင်နေပြီ”ဟုလည်း ပြောသည်။

သွေးလှူရှင်များ အတွက်လည်း ပုံမှန်ကျန်းမာရေး စစ်ဆေးမှုအပြင် COVID-19 ရောဂါပိုး ကူးစက်နိုင်ခြေ ရှိ၊ မရှိ စသည် ကိုပါ စစ်ဆေးရုံသာမက သွေးလာရောက် လှူဒါန်းမှုကြောင့် ရောဂါ လုံးဝ မကူးစက်နိုင်အောင် ပြင်ဆင်ထားကြောင်း အမျိုးသား သွေးဌာန မှ သိရသည်။

မြန်မာနိုင်ငံတွင် COVI-19 ပိုးတွေ့သူ၂၂ ဦးရှိပြီး သေဆုံးသူ ၁ ဦး ရှိပြီဖြစ်ရာ အစိုးရက သတိပေး လမ်းညွှန်ချက်များ နေ့ စဉ် ထုတ်ပြန်ကြေညာ လုပ်ဆောင်နေသလို တိုင်းဒေသကြီးအလိုက် အာဏာပိုင်များကလည်း လူစုလူဝေး မဖြစ်စေရေး အတွက် ပွဲလမ်းသဘင်များ တားမြစ်ခြင်း၊ နေအိမ်တွင်သာ နေထိုင်ကြရန် ထုတ်ပြန်ကြေညာခြင်းများ လုပ်ဆောင်နေသည်။

You may also like these stories:

စစ်ကိုင်းတိုင်း၌ COVID-19 ကာကွယ်ရေး တမြို့နယ် အလှူခံမဏ္ဍပ်တခုသာ ဖွင့်ရမည်

COVID-19 ကြောင့် စက်ရုံ အချို့ဧပြီလအတွက် ခွင့်ရက်ရှည်ပေး

Your Thoughts …
Tags: COVID-19 နှင့် သွေးလှူဒါန်းမှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သရုပ်ဆောင် နေတိုး  / ဧရာဝတီ

အခြေခံ လူတန်းစားတွေကို ထောက်ပံ့မယ့် အစီအစဉ်မှာ သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ နေတိုး

စာရေးဆရာမ J.K. Rowling

COVID -19 ရောဂါ လက္ခဏာတွေကနေ ပြန်သက်သာလာတဲ့ J.K. Rowling

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate