COVID –19 သံသယလူနာ တွေ့ရှိရသည် ဟုဆိုကာ နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန ရံုံး ၂ ခု ဖြစ်သည့် ရုံးအ မှတ် ၁၃ နှင့် ရုံးအမှတ် ၂၁ တို့ကို ဧပြီ ၇ ရက်က စ၍ ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ ဦးကိုလေးဝင်း က ဧရာဝတီသို့ ပြောသည်။
ဦးကိုလေးဝင်း က “Lockdown လုပ်ထားတာ ဟုတ်ပါတယ်။ ရုံးအမှတ် ၁၃ ရော၊ ၂၁ ရောပေါ့။ သံသယ လူနာပါ။ ရုံး အမှတ် ၁၃ က နေ့စား ဝန်ထမ်းတယောက်ပေါ့။ အသက်ကတော့ ကြီးပါပြီ။ သူက သံသယလူနာ အနေနဲ့ ခုတင် ၁ ထောင်မှာ ကျနော်တို့ သူ့ကို ဆေးရုံ ပို့ထားတယ်” ဟု ဆိုသည်။
လက်ရှိတွင် သံသယလူနာ၏ ဆေးစစ်ချက်ကို ရန်ကုန်မြို့သို့ ပို့ဆောင်ထားပြီး ကြိုတင် ကာကွယ်သည့်အနေဖြင့် ဝန် ကြီးဌာနရုံး ၂ ရုံးကို ပိတ်ထားလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်း သံသယလူနာ နေထိုင်သည့် တိုက်ခန်းကိုလည်း ယာယီ ပိတ် ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က “လူနာက တကယ်လို့ ပိုးတွေ့တယ် ဆိုရင်တော့ သူနဲ့ Close Contact ရှိတဲ့သူတွေကို လိုက်ရမှာပေါ့။ သူနေတဲ့ တိုက် ကို လည်း Lockdown ချထားလိုက်ပြီ။ အပြင် မထွက် ရဘူးပေါ့နော်။ ဝန်ကြီးဌာနကိုလည်း ရုံးမတက်ရတော့ဘူး။ လက် ရှိလည်း အပေါ်က အကြီးပိုင်း တယောက်၊ နှစ်ယောက် လောက်ပဲ လာကြတာ။ ရုံးကို လုံးဝ ပိတ်ထားတာတော့ မဟုတ်ဘူး” ဟု ရှင်းပြသည်။
ပညာရေး ဝန်ကြီးဌာနက ရုံးတချို့ကို ယာယီ ပိတ်ထားခြင်းမှာ စိုးရိမ်၍ ဖြစ်ကြောင်း၊ ယင်းလူနာသည် ဖျားနာသဖြင့် ခု တင် ၁ ထောင်တွင် ဆေးရုံတက်နေရပြီး လည်ချောင်းမှနမူနာ ယူ၍ စစ်ဆေးဆဲ အဆင့်သာ ရှိသေးကြောင်း၊ ယင်း စစ်ဆေးမှုကို သံသယလူနာတွေ့သည်ဟု ပြောဆိုပြီး ယခုလို အခြေအနေ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း နေပြည် တော်၊ တိုင်းကျန်းမာရေး အရာရှိ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။
၎င်းက “ကျနော်တို့ ပညာရေး ဝန်ကြီးဌာနကိုလည်း ပြောပြီးပါပြီ။ ဒါက ကူးစက်ရောဂါ မဟုတ်သေးပါဘူးလို့။ ကျနော်တို့ စစ် ထားတဲ့ အနေအထားပဲ ရှိပါသေးတယ်။ ဝန်ထမ်းတွေကတော့ ကြောက်လန့်ပြီးတော့ မဝင်နဲ့တော့တို့ ဘာတို့ ဖြစ် တယ်။ ကျနော်တို့က ဒီကနေပြီးတော့ ကူးစက်ရောဂါအနေနဲ့ ဆောင်ရွက်တာမျိုး မဟုတ်သေးပါဘူး။ ဌာနက စိုးရိမ် နေတာပါ”ဟု ရှင်းပြသည်။
ယင်းလူနာရှိသည့် တိုက်ကိုလည်း ယာယီ ပိတ်ထားပြီး ဆေးဖြန်းနေသည်ဟု ပြောဆိုကြသော်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတချို့က ယင်း တိုက်ခန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်ပါက ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတိုင်း ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက ဆက်လက် ပြောကြားသည်။
နေပြည်တော်တွင် သံသယဖြစ်သဖြင့် ဆေးစစ်ထားသည့် လူပေါင်း စုစုပေါင်း ၁၉ ဦး ရှိပြီး ဆေးစစ်ချက် အဖြေထွက်ရှိ ပြီးသူများတွင် COVID –19 ပိုး မတွေ့ရသေးကြောင်း၊ COVID– 19 အတည်ပြုလူနာ ဆွစ်ဇာလန် နိုင်ငံသူမှာလည်း ပိုးထပ်တွေ့ခြင်း မရှိတော့သဖြင့် ဆေးရုံက ဆင်းခိုင်းတော့မည် ဖြစ်ကြောင်း စုံးစမ်း သိရှိရသည်။
ဧပြီလ ၈ ရက် နေ့လယ်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID –19 ကြောင့် သေဆုံးရသူ ၃ ဦး အထိ ရှိလာပြီး ပိုးတွေ့ရှိသူ ၂၂ ဦး ရှိကြောင်း သတင်း ရရှိသည်။
ဆက်စပ်ဖတ်ရှုရန်
နေပြည်တော် စစ်ကြောရေးစခန်းတွင် COVID-19 ကာကွယ်ရန် သီးသန့်စောင့်ကြည့်ထားသူ ၁၀၀ ကျော် ရှိ
နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့