ဖူဂျီဖလင်က အမေရိကန်လူနာများတွင် Avigan ဆေးဖြင့် စတင်စမ်းသပ်
နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်
ဂျပန်နိုင်ငံတွင် Avigan လက်တွေ့စမ်းသမ်မှုကို မတ်လကုန်က ပြုလုပ်ခဲ့ပြီးဖြစ်သည်။
အခြားနိုင်ငံများမှ ကျန်းမာရေးအာဏာပိုင်များသည် အမေရိကန်ထံမှ နည်းလမ်းယူလေ့ရှိသောကြောင့် အမေရိကန်နိုင်ငံတွင် အောင်မြင်စွာစမ်းသပ်နိုင်ပါက Avigan ကို တကမ္ဘာလုံးတွင် အလွယ်တကူ အသုံးပြုနိုင်မည်ဖြစ်သည်။
လူနာအနည်းငယ်ကိုသာကုသမည့် အဆင့် ၂ အမေရိကန် လေ့လာစမ်းသပ်မှုသည် ဇွန်လကုန်အထိ ကြာမည်ဖြစ်သည်။ Avigan ထိရောက်မှုရှိပါက နောက်ဆုံးအဆင့် အဆင့် ၃ ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် Avigan ကို တုတ်ကွေးဆေးအဖြစ် အတည်ပြုပြီး ဖြစ်သောကြောင့် ဂျပန်နိုင်ငံ၏ စမ်းသပ်မှုသည် အဆင့် ၃ သို့ အလျှင်အမြန်ရောက်သွားခဲ့သည်။
Avigan ကို ဖူဂျီဖလင်၏ လုပ်ငန်းခွဲဖြစ်သော တိုယာမ ဓါတုလုပ်ငန်းက ဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။ စမ်းသပ်မှုများအရ ထိုဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကုသရာတွင် ထိရောက်မှုရှိကြောင်း တရုတ်အရာရှိ တဦးကပြောကြားခဲ့ပြီးနောက် မတ်လ အစောပိုင်းတွင် Avigan ကို အာရုံစိုက်မိလာကြသည်။
ဂျပန်အစိုးရက Avigan ထုတ်လုပ်မှု တိုးမြှင့်ရန် ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲပြီး လူ ၂ သန်းကို ကုသနိုင်ရန် ယခုဘဏ္ဍာရေးနှစ်တွင် သိုလှောင်မှု သုံးဆမြှင့်တင်ရန် ကြိုးစားနေသည်။ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူများသည် တုတ်ကွေးအတွက် Avigan သောက်သူများ၏ လိုအပ်သည့် ပမာဏထက် ၃ ဆ ပိုလိုပြီး ဆေး ၁၂၀ ပြားသောက်ရန် လိုသည်။ ကိုရိုနာဗိုင်းရပ်စ်ကုသရန် တောင်းခံသည့် အခြားနိုင်ငံများသို့လည်း ဂျပန်နိုင်ငံက Avigan များကို အခမဲ့ပေးအပ်မည်ဖြစ်သည်။
တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်တွင် ဖူဂျီဖလင်သည် Avigan ဆေးအတွက် အားထုတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုကုမ္ပဏီက Avigan ထုတ်လုပ်ခြင်းကို မတ်လ အစောပိုင်းတွင် ပြန်လည်စတင်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်ကို ကုသရန် ထိုဆေးအသုံးပြုခြင်းကို ထောက်ခံကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားပြီးနောက် ဖူဂျီဖလင်သည် ထုတ်လုပ်မှု မြှင့်တင်ရန်ကြိုးစားနေသည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
ဘယ်လောက် ဖြစ်လာဦးမလဲ ကျနော်တို့ မှန်းဆလို့ မရပါဘူး
ကိုဗစ်-၁၉ ကပ်ရောဂါက ကမ္ဘာ့လေထုညစ်ညမ်းမှုကို အကြီးအကျယ် လျှော့ချပေး