မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် Covid – 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ သို့ TCPMM PTE Ltd မှ ငွေကျပ် သိန်း ၇၀ ကို ဧပြီလ ၉ ရက်နေ့ညနေပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
TCPMM PTE Ltd သည် ယနေ့နံနက်ပိုင်းကလည်း မန္တလေးပြည်သူ့ဆေးရုံကြီးရှိ Covid -19 ရောဂါ စောင့်ကြည့် ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ သောက်သုံးရန် အချိုရည်များကို လှူဒါန်းခဲ့သည်။
ထို့အတူ ယမန်နေ့က ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံတွင်လည်း ကျန်းမာရေးဝန်ထမ်းများအတွက် အချိုရည်များကို ပေးအပ်လှူဒါန်းခဲ့ပြီး သင်္ကြန်ကာလအပြီးတွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
TCPMM PTE Ltd သည် Red Bull အားဖြည့် အချိုရည်နှင့် Sponsor ရေဓါတ်ဖြည့် အချိုရည်များကို ထုတ်လုပ်သည့် ပင်မကုမ္ဗဏီဖြစ်ပြီး Covid – 19 ရောဂါ တိုက်ဖျက်ရေးအတွက် ရှေ့တန်းမှ ထမ်းဆောင်ပါဝင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် အချိုရည်နှင့် အားဖြည့် အချိုရည်များကို ကျပ်သိန်း ၁၁၀ ဖိုးအထိ လှူဒါန်းထားကြောင်းသိရသည်။
You may also like these stories:
အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်