• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်မြောက်ပိုင်းအရေး သက်သေအထောက်အထားများ မဖျက်ဆီးရန် သမ္မတရုံး ညွှန်ကြားထား

by ဧရာဝတီ
12 April 2020
in သတင်း
A A
၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း ကင်းကျနေသော ရဲတပ်ဖွဲ့ဝင်တဦး / Reuters

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း ကင်းကျနေသော ရဲတပ်ဖွဲ့ဝင်တဦး / Reuters

25.4k
VIEWS
Share on FacebookShare on Twitter

အစိုးရ၏ ကော်မရှင်တခုက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများကို ထိန်းသိမ်းထားရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့အား ဧပြီလ ၉ ရက် နေ့တွင် သမ္မတရုံးက အမိန့်ထုတ်ပြန်ခဲ့သည်။

ညွှန်ကြားချက်၏ ရည်ရွယ်ချက်မှာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးကို အထောက်အကူဖြစ်စေရန်နှင့် အပြစ် ကျူးလွန်သူများကို ဆက်လက် အရေးယူ ရန်ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။ သက်သေ အထောက်အထားများကို ဖျက်ဆီးသည့် မည်သူ့ကိုမဆို တရားစွဲဆိုမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
31
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
32
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
409

ရခိုင်ပြည်နယ်မှ ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ်မတော် (ARSA) ၏ အကြမ်းဖက်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် များနှင့် ၎င်းနှင့် ဆက်စပ်သောပြဿနာများအား စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်တွင် မြန်မာအစိုးရက လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် (ICOE) ကို ဖွဲ့စည်းခဲ့သည်။

ARSA တိုက်ခိုက်မှုများကို တုန့်ပြန်သည့်အနေဖြင့် အစိုးရလုံခြုံရေးတပ်ဖွဲ့များက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ ပြီးနောက် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ဒုက္ခသည် ၇၀၀၀၀၀ ကျော် မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။ ထွက်ပြေးသူများက မြန်မာ လုံခြုံရေးတပ်ဖွဲ့များသည် မတရားသတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် သူတို့၏ပိုင်ဆိုင်မှုများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ ကုလသမဂ္ဂ ၏ စုံစမ်းစစ်ဆေးသူများက ထိုစစ်ဆင်ရေးများသည် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက် ရှိသည်ဟု ပြောကြားခဲ့ကြသည်။ မြန်မာအစိုးရကရော တပ်မတော်ကပါ ထို စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ကြသည်။

ဇန်နဝါရီလတွင် ကော်မရှင်က ၎င်း၏ နောက်ဆုံး အပြီးသတ် အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြခဲ့သည်။ စစ်ဆင်ရေးများသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်များရှိသည် ဆိုခြင်းကို ငြင်းဆန်ခဲ့သော်လည်း အစီရင်ခံစာတွင် “စစ်ရာဇဝတ်မှုများ၊ လေးနက်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်တွင်း ဥပဒေချိုးဖောက်မှုများ ဖြစ်ပွားခဲ့ ကြောင်း” ဝန်ခံခဲ့သည်။

မွတ်ဆလင်များကို အစုအပြုံလိုက် သတ်ဖြတ်ခြင်းနှင့် စွန့်ပစ်သွားသော ကျေးရွာများရှိ အိမ်များကို မီးရှို့ခြင်း (၂ မျိုးလုံးကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည်) ကို တားဆီးရန်ပျက်ကွက်ခြင်းများ အပါအဝင် ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သမ္မတ ဦးဝင်းမြင့်က တာဝန်ရှိသည့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများတွင် အသုံးပြုရန် အစီရင်ခံစာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စု ရှေ့နေချုပ် (UAG) တို့ထံသို့ ဆက်လက်ပေးပို့ ခဲ့သည်။ အစီရင်ခံစာတွင် ဖော်ပြထားသည့် အဖြစ်အပျက်များကို ၎င်းတို့ တာဝန်ယူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံး တို့ ၂ ခုလုံးက ပြောကြားခဲ့သည်ဟု ဧပြီလ ၉ ရက်နေ့က ညွန်ကြားချက်တွင် ဖော်ပြထားသည်။

ညွှန်ကြားချက်၏ အဆိုအရ အစိုးရအနေဖြင့် စစ်ဆေးနေသည့် နေရာများ၏ လက်ရှိ အခြေအနေကို မှတ်တမ်းတင်ရန်နှင့် စာရင်းပြုစုရန် လိုအပ်သောအဆင့်များအားလုံးကို လုပ်ဆောင်ခဲ့ပြီး မြေပြင်သာမက ဂြိုဟ်တုပုံရိပ်များကိုလည်း အသုံးပြုခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရေး သေချာစေရန်နှင့် အထောက်အကူဖြစ်စေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မည်သည့် ဧရိယာတွင်မဆို ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၊ ၎င်းတို့၏ အေဂျင်စီများ၊ ဌာနများ၊ ရုံးများနှင့် လူပုဂ္ဂိုလ်များ အားလုံးက ICOE ၏ အပြီးသတ် အစီရင်ခံစာတွင် ရည်ညွှန်းဖော်ပြထားသည့် အဖြစ်အပျက်များအတွက် သက်သေအထောက်အထား ဖြစ်စေမည့် ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့ ပြောင်းနိုင်သော မည်သည့်ပစ္စည်းကို ဆို ဖျက်ဆီးခြင်း သို့မဟုတ် ဖယ်ရှားခြင်း သို့မဟုတ် ဖျက်ဆီးရန် သို့မဟုတ် ဖယ်ရှားရန် ခွင့်ပြုခြင်း တို့ကို တားမြစ်ကြောင်း ညွှန်ကြားချက်က ဆိုသည်။

“ICOE ၏ အပြီးသတ် အစီရင်ခံစာတွင် ရည်ညွှန်း ဖော်ပြထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ၊ ရုပ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များနှင့် အခြားမီဒီယာအထောက်အထားများကို ဆက်လက်ထိန်းသိမ်းထားရန် ဝန်ကြီးဌာနများအားလုံးနှင့် ရခိုင်ပြည်နယ်အစိုးရ ကို ထပ်မံ ညွှန်ကြားသည်” ဟု ညွှန် ကြားချက်က ဆက်ပြောသည်။

ဇန်နဝါရီလတွင် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က သတ်ဖြတ်ခြင်းနှင့် အခြား ရက်စက်မှုများမှ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအား ကာကွယ်ပေးရန်နှင့် ၎င်းတို့အပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ရာဇဝတ်မှုများနှင့် ဆက်ဆိုင်သည့် အထောက်အထား များကို ဖျက်ဆီးခြင်းမှ ရှောင်ရှားရန် မြန်မာနိုင်ငံကို အမိန့်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ပြီး နောက်တွင် ထိုသို့ အမိန့်ချခဲ့ခြင်း ဖြစ်သည်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Myanmar President Orders Officials to Preserve Evidence of Rakhine Atrocities ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာပိုင်နက်ထဲ တရားမဝင် ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်စက်လှေများကို သတိပေး ပစ်ခတ်ခဲ့ရ

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များ မှတ်ပုံတင်မှ တရားဝင်သလား

Your Thoughts …
Tags: စစ်ရာဇဝတ်မှုညွှန်ကြားချက်ရခိုင်မြောက်ပိုင်းအရေးလူ့အခွင့်အရေးချိုးဖောက်မှုသက်သေအထောက်အထားများသမ္မတရုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.1k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

by ဧရာဝတီ
28 December 2023
20.6k

၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံတွင် အဖြစ်အပျက်များကို ပုံဖော်ပေးသည့် အဓိကကျသော လူများ၊ နိုင်ငံများနှင့် အင်အားစုများ စုစုပေါင်း ၁၀ မျိုးကို ဧရာဝတီက ရွေးထုတ်ထားသည်။

Next Post
တာမွေမြို့နယ်ရှိ AYA Bank Training Center တွင်ဖွင့်လှစ်ထားသော Quarantine Center ၌ တွေ့ရသည့် ကျန်းမာရေး ဝန်ထမ်းအချို့ / ထက်ဝေ / ဧရာဝတီ

အင်းစိန်မြို့နယ်ရှိ COVID-19 လူနာများ နေထိုင်ရာလမ်းများကို အသွားအလာကန့်သတ်

ကောက်ညှင်းငချိတ် ပူတင်း အချိုပွဲ

ထိုင်းစတိုင် ကောက်ညှင်းငချိတ် ပူတင်း အချိုပွဲ လုပ်စားကြမယ်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate