သတင်း

အဆိုတော် မျိုးကြီး တွင် COVID-19 ရောဂါပိုးတွေ့ ရှိ

Want create site? Find Free WordPress Themes and plugins.

နာမည်ကြီး တေးဂီတအဖွဲ့ Iron Cross (IC) ၏ ပင်တိုင်အဆိုတော် ဦးမျိုးမင်းဌေး (ခ) မျိုးကြီးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဗဟန်းမြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ဧရာဝတီသို့ ယနေ့ညပိုင်းတွင် အတည်ပြုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က  “ကျနော်တို့ဆီ အခုပဲ ကျန်းမာရေးဘက်က ဆက်သွယ်လာပါတယ်။ ဟုတ်ပါတယ်” ဟု ဆိုသည်။

အဆိုတော် မျိုးကြီးတွင် ယနေ့ ဓာတ်ခွဲခန်းအဖြေအရ ရောဂါပိုးတွေ့ရှိကြောင်း ၎င်းတို့ မိသားစုနှင့် နီးစပ်သည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တဦးကလည်း ပြောသည်။

ဗဟန်းမြို့နယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ် ကလည်း ” အဆိုတော်မျိုးကြီးမှာ ပိုးတွေ့တယ်ဆိုတာ ဟုတ်ပါတယ်။ အခုသူတို့နေတဲ့ ပုလဲကွန်ဒိုကနေရာကို lockdown ချပြီး ထိတွေ့ခဲ့သူတွေကိုလည်း စာရင်းကောက်ဖို့ လုပ်နေပါတယ် ” ဟု ပြောသည်။

ယနေ့တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါပိုးတွေ့ရှိသူ စာရင်းကို ထပ်မံထုတ်ပြန်ခဲ့ရာ စုစုပေါင်းပိုးတွေ့သူ ၆၂ ဦးရှိပြီဖြစ်သည်။

You may also like these stories:

ရန်ကုန်တွင် ကိုဗစ် သံသယနှင့် စောင့်ကြည့်လူနာ ၄၀၀ ကျော်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading