အိန္ဒိယ Lockdown မေလဆန်းထိ တိုးချဲ့
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို
လူဦးရေ ၁.၃ ဘီလီယံရှိသော နိုင်ငံတဝှမ်းတွင် ကူးစက်ရောဂါပျံ့နှံ့မှုကို တားဆီးရန် ပိုမိုတင်းကျပ်သော အစီအမံများကို လာမည့်အပတ်အတွင်း ချမှတ်သွားမည်ဖြစ်ပြီး စည်းကမ်းလိုက်နာခြင်းရှိမရှိ ပြည်သူများကို အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြော
“ရောဂါထိန်းချုပ်မှုအောင်မြင်တဲ့
“ အိမ်အပြင်ထွက်တာအပါအဝင် ပိတ်ဆို့မှုနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ချိုးဖေါက်ရင် ဖြေလျှော့ပေးထားတဲ့ အချက်တွေကိုပါ ပြန်ရုတ်သိမ်းမယ်။ ကိုရိုနာဗိုင်းရပ်စ် တနိုင်ငံလုံးကိုမကူးစက်အောင် ဘယ်လောက်ပဲပေးဆပ်ရဆပ်ရ ကျနော်တို့လုပ်ဆောင်ဖို့ လိုတယ်” ဟု သူပြောသည်။
မိုဒီသည် မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး သုံးပတ်ကြာ တနိုင်ငံလုံးပိတ်ဆို့ခြင်းကို ကြေညာခဲ့သည်။ ထိုအချိန်မှ စတင်ပြီး ပြည်သူများသည် အိမ်အတွင်းတွင်သာနေကြရပြီး မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများဖြစ်သည့် ဆေးရုံများ၊ ရဲစခန်းများ၊ မီးသတ်ဌာနများနှင့် ကုန်စုံဆိုင်များကိုသာ ဖွင့်ထားသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးအားလုံးကို ပိတ်ပင်ထားဆဲဖြစ်သည်။
နိုင်ငံတွင် အင်္ဂါနေ့အထိ ရောဂါကူးစက်မှုပေါင်း ၁၀၆၃၆ ခုရှိပြီး ၂၄ နာရီအတွင်း ကူးစက်မှု အများဆုံးအဖြစ် အင်္ဂါနေ့တွင် တနင်္လာနေ့ နံနက်ကထက် ကူးစက်မှု ၁၂၁၁ ခု တိုးလာချိန်တွင် မိုဒီက ထိုသို့ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ ထိုစာရင်းများတွင် သေဆုံးမှု ၃၃၉ မှုနှင့် ပြန်လည်ကောင်းမွန်လာသူ ၁၀၃၅ ဦးပါဝင်ကြောင်းလည်း ကျန်းမာရေးနှင့် မိသားစု ရေးရာဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
Covid-19 လူနာသေဆုံးမှု အမေရိကန် အမြင့်ဆုံး ဖြစ်လာပြီ
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၇၀ ဖေါ်ထုတ်နေပြီး ၃ ခုကို လူသားများတွင် စမ်းသပ်နေကြောင်း WHO ပြော
ကိုဗစ်ကြောင့် ထိုင်းမှာ အလုပ်လက်မဲ့ ၁၀ သန်းကျော် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း