သတင်း

တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဦးကို အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

အစိုးရ၏ COVID-19 ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့  သော ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဦးကို အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တရားဟောဆရာ စောဒေးဗစ်လား၊ ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ နှင့် ဦးဝေထွန်း (နဝရတ်တေးသံသွင်း) တို့အား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေပြုလုပ်ခဲ့ခြင်းကြောင့် သဘာဝေ ဘးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အင်းစိန်းမြို့နယ်နှင့် မရမ်းကုန်မြို့ နယ် မြို့မရဲစခန်း များတွင် အမှု ဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေး နှင့် အရေး ပေါ်တုံ့ပြန်ရေး  ကော်မတီက ထုတ်ပြန်ထားသည်။

ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ) နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့သည် မတ်လ ၂၂ ရက်နေ့က အင်းစိန်  မြို့နယ်ရှိ ဘုရားကျောင်းတခုတွင် အစိုးရ၏ ညွှန်ကြားချက်များကို ဖောက်ဖျက်ကာ လူစုလူဝေးဖြင့် ဘာသာရေး ဆုတောင်းပွဲတခုပြုလုပ်ခဲ့ပြီး ယင်းဆုတောင်းပွဲမှ တဆင့် ရောဂါကူးစက်ပြန့်ပွားများရှိခဲ့ခြင်းကြောင့် အမှုဖွင့်  လိုက်ခြင်းဖြစ်ကြောင်း အင်းစိန်မြို့မရဲစခန်း၏ စခန်းမှူး ဒုရဲမှူး တင်လတ်က ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျနော်တို့က အရင်ကတည်းက ဘာသာရေးကိစ္စတွေနဲ့ လူစုလူဝေးမလုပ်ဖို့ ကြေညာထားပြီးသားပါ။ အဲ့ဒီဆုတောင်းပွဲကနေ ရောဂါပိုးရှိသူတွေ ဆက်တိုက်တိုက်တွေ့လာရတဲ့အတွက် သူတို့ကို အရေးယူတာပါ။  အင်းစိန်ထဲက ဘုရားကျောင်းတခုမှာပါ ဘုရားကျောင်းနာမည်တော့ ကျနော်မသိပါဘူး” ဟု ဆိုသည်။

လက်ရှိအချိန်တွင် အင်းစိန်မြို့မရဲစခန်းတွင် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အမှုဖွင့်ခံ ထားရသော ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)နှင့် အမှုဆောင်ဆောင် ဦးစောရေဂန်ဒီတို့သည် COVID-19  ရောဂါပိုး ကူးစက်ခံထားရသူများဖြစ်၍ ဆေးကုသမှုများ လုပ်ဆောင်ပြီး နောက်မှသာ အရေး ယူဆောင်ရွက်မှု များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုရဲမှူး တင်လတ်က ပြောဆိုသည်။

မရမ်းကုန်းမြို့ရဲစခန်းတွင် အမှုဖွင့်ခံထားရသော တရားဟောဆရာ ဦးစောဒေးဗစ်လား နှင့် ဦးဝေထွန်း (နဝရတ်တေးသံသွင်း) တို့သည် COVID 19  ရောဂါပိုးကူးစက်ခံ ထားရသူဖြစ်၍ ဝေဘာဂီဆေး ရုံသို့ ဆေး ကုသမှုခံရန် ပို့ဆောင်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

၎င်းတို့ ၂ ဦးကို  အမှုဖွင့်ခံထားရသည့် အသေးစိတ်အချက်အလက်များသိရှိရန် ဧရာဝတီက မရမ်းကုန်းမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျရဲအရာရှိတဦးက ဖြေကြားပေး၍ မရကြောင်း ပြောသည်။

လက်ရှိအချိန်တွင် တရားဟောဆရာ စောဒေးဗစ်လား နေထိုင်ခဲ့သော ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ် သံသုမာလမ်း ဇီဇဝါဥယျာဉ်အိမ်ရာဝင်းအား lockdown ပြုလုပ်ထားပြီး ၎င်းနှင့်အတူ နေထိုင်နေခဲ့သော လူ ၆ ဦးကိုလည်း ရောဂါပိုးစစ်ဆေးခံရန်အတွက် အစိုးရ၏ စီစဉ်ထားသော လှိုင်မြို့နယ်ရှိ Quarantine နေရာများသို့ ပို့ဆောင်ထားကြောင်းသိရသည်။

အထက်ပါနေရာအပြင် ဧပြီလ ၁၂ ရက်နေ့ နံနံက် ၂ နာရီအချိန်မှ ၁၄ ရက်နေ့ ၁ နာရီ ၁၅ မိနစ်အချိန် အထိ သတင်းထုတ်ပြန်ချက်များအရ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင် နှင့် မြောက်ပိုင်းခရိုင် အတွင်းရှိ COVID-19 ရောဂါပိုးရှိသူများ နေထိုင်ခဲ့သော နေအိမ်များရှိရာ နေရာ ၉ ခုကို အသွားအလာကန့်သတ် တားမြစ်ခြင်း Lock down ပြုလုပ်ထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ဧပြီလ ၁၂ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူများထဲမှ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ ရပ်ကွက် အတူနေ ၄ ဦး (Case- 034၊ 035၊ 036၊ 037) တို့သည် ဧပြီ ၈ ရက်နေ့မှ စတင်၍ အသက်ရှူကြပ်ခြင်း ဖျားခြင်း၊ လည်ချောင်း နာခြင်း နှာရည်ယိုခြင်း လက္ခဏာမျာတို့ ခံစားရသဖြင့် ဧပြီ ၁၀ ရက်နေ့တွင် အင်းစိန်  ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့် လူနာများ အဖြစ် သက်မှတ်၍ ဓါတ်ခွဲနမူနာပေး ပို့စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုဓာတ်ခွဲအတည်ပြုလူနာ ၄ ဦး သည် ယခုအမှုဖွင့်ခံထားရသော သူများ ဦးစီးလုပ်ဆောင်ခဲ့သော ဘာသာရေး အခမ်းအနားသို့ အတူတက်ရောက်ခဲ့ကြသူများဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၄ ရက်နေ့ နံနံက် ၁း၁၅ ထုတ်ပြန်ချက်တွင် ရောဂါပိုး  တွေ့ရှိသည့် လူနာအသစ် ၂၁ ဦးထုတ်ပြန်ခဲ့ပြီး ယင်းထဲမှ ၁၉ ဦးမှာ အထက်ပါ ရောပိုးရှိသူများနှင့် ဘာသာ  ရေးဆုတောင်းပွဲကို အတူတူတက်ရောက်ခဲ့ဖူးသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ ၆၂ ဦးအထိ ရှိလာပြီးဖြစ်ကာ ၄ ဦးမှာ သေဆုံးသွား ပြီဖြစ်၍ ၂ ဦးမှာ ပြန်လည်သက်သာကောင်းမွန်လာလျက်ရှိသည်။

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၇၀ ဖေါ်ထုတ်နေပြီး ၃ ခုကို လူသားများတွင် စမ်းသပ်နေကြောင်း WHO ပြော

COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်

Did you find apk for android? You can find new Free Android Games and apps.
Loading