မြန်မာနိုင်ငံတွင် COVID – 19 ရောဂါပိုး တွေ့ ရှိသူ အရေအတွက် များလာသဖြင့် စိုးရိမ်ရသည့် အခြေအနေဖြစ်၍ တပ် မတော် အနေဖြင့် လုပ်နိုင်တာမှန်သမျှ လုပ်ဆောင်ပေးမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရသည်။
မနေ့က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် COVID – 19 ရောဂါ ထိန်းချုပ် ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး၌ အမှာစကား ပြောဆို ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီအခြေအနေက နိုင်ငံရဲ့ အရေးကိစ္စ၊ အမျိုးသားရေးကိစ္စ ဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ လုပ်နိုင်တာ မှန်သမျှ ဆောင်ရွက်ပေးသွားရမယ်ဆိုတာနဲ့ အခု လက်ရှိ အခြေအနေတွေ၊ ဆောင်ရွက်ဖို့ လိုမယ့် အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ မှာကြားခဲ့ပါတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယင်းအစည်းအဝေးသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီချုပ် (လေ) ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးက ၎င်းတို့တွင် ရှိနေသည့် COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများကို လက်ဝယ်မထား ဘဲ အမြန်ဆုံး ဆေးရုံများသို့ ဖြန့်ဝေပေးရန် လိုကြောင်း၊ Quarantine ထားရှိသူများကို သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းအတိုင်း တိတိကျကျ စစ်ဆေး ကြပ်မတ် ဆောင်ရွက်ပေး ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ဆေး ဖြန်းခြင်းအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် အ စိုးရ ရုံးစိုက်ရာ၊ စီးပွားရေး အချက်အခြာကျသော မြို့ များ၌ လူဦးရေ သိပ်သည်းထူထပ်သည့် မြို့ များတွင် တပ်မတော် မှ လေယာဉ်ကွင်းဆေးသည့် မော်တော်ယာဉ်များ အပါအဝင် ရသမျှ ထုတ်နုတ်ပြီး ဆေးဖြန်းကြရန်လည်း မှာကြားခဲ့ သည်ဟု သိရသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် တပ်မတော် အရာရှိများက ပြန်လည် တင်ပြရာတွင် ဖောင်ကြီးရှိ ဗဟိုဝန် ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်မည့် ဆေးရုံအတွက် တပ်မတော်သား ဆရာဝန် သူနာပြုများကို ဧပြီ လ ၁၉ ရက်နေ့မှ စတင် စေလွှတ်ပေးမည် ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများ၊ တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ ၄ မျိုးကို ထောက်ပံ့ပေးရန် စီစဉ် ထားကြောင်း ရှင်းလင်းခဲ့ကြသည်။
တပ်ချုပ်က ယခု အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်မှုများအား ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်လျက် ရှိသည့် COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးပြည်သူ့ ဆေးရုံတွင် သေဆုံးခဲ့သူ တဦးနှင့် ဆက်စပ်ထိတွေ့ ခဲ့သည့် ဆေး ရုံ ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များကိုလည်း Quarantine ပြုလုပ်ထားကြောင်းလည်း သိရသည်။
ဟိုပုံးမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသာ အမျိုးသမီး သွားဆရာဝန်တဦး၏ ခင်ပွန်း ဖြစ်သူသည် ဧပြီလ ၁၂ ရက် နေ့က အသက်ရူကြပ်ခြင်း၊ မောပန်းခြင်း လက္ခဏာများ ခံစားရသဖြင့် မြို့ နယ်ဆေးရုံတွင် ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ က လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ခဲ့ရာ ည ၇ နာရီခန့်တွင် အသက်ရူကြပ်လာသဖြင့် ဆေးရုံသို့ ထပ်မံ ပို့ဆောင်ရာတွင် ည ၈ နာရီခွဲ၌ နှလုံးခုန်မြန်ခြင်း၊ အသက်ရူကြပ်ခြင်းတို့ကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါလူနာသည် သွေးတိုးရောဂါအခံနှင့် ပန်းနာရင်ကြပ်ရောဂါများ ရှိကြောင်း သိရပြီး အဆိုပါ လူနာနှင့် ထိတွေ့ ခဲ့သူ ဇနီး၊ သမီးနှင့် ကုသပေးသည့် မြို့နယ် ဆရာဝန်ကြီး အပါအဝင် ဝန်ထမ်း ၁၈ ဦးကို Quarantine ပြု လုပ်ခွင့်နှင့် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဟိုပုံးပြည်သူ့ ဆေးရုံမှ ပြည်နယ်သို့ တင်ပြထားကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်း ၁၈ ဦးအနက် အထက်တန်း သူနာပြု ၁ ဦးနှင့် သူနာပြု ၃ ဦးတို့မှာ ဟိုပုံးမြို့ ရှိ နယ်မြေခံ သင်တန်း ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၏ ဇနီးများဖြစ်ရာ ၎င်းတို့၏ မိသားစုဝင်များ၊ အဆိုပါ မိသားစုဝင်များနှင့် ထိတွေ့ ခဲ့သူများ စုစုပေါင်း အရာရှိ ၁၀ ဦး၊ စစ်သည် ၅ ဦး၊ သင်တန်းသား စစ်သည် ၁၆၃ ဦး၊ မီခို ၇ ဦး စုစုပေါင်း ၁၈၅ ဦးတို့ကို အရာရှိရိပ်သာ၊ သင်တန်းသား အိပ်ဆောင်များ၊ စစ်သည် အိပ်ဆောင်များနှင့် ဟိုပုံး ပြည် သူ့ ဆေးရုံတို့တွင် Quarantine ပြုလုပ်ထားကြောင်း သိရသည်။
ယနေ့အချိန်ထိ တပ်မတော်တွင် COVID – 19 ရောဂါပိုး ကူးစပ်ခံရသူ တဦးမျှ မရှိသေးဘဲ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား ၁၁ ဦး၊ မှီခိုသူ ၇ ဦး၊ Home Quarantine စောင့်ကြည့်သူ တပ်မတော်သား ၂၀၇ ဦး၊ မှီခို ၁၀၈ ဦး၊ Facility Quarantine စောင့်ကြည့်သူ တပ်မတော်သား ၅၆ ဦး၊ မှီခိုသူ ၇၆ ဦး ရှိကြောင်း တပ်မတော်မှ မနေ့က ထုတ်ပြန်ထားသည်။
Facility Quarantine စောင့်ကြည့်ရန်အတွက် ရန်ကုန်စစ်ကြောရေးနှင့် တည်းခိုရိပ်သာတွင် ပြည်သူ ၁၅၄ ဦး၊ နေ ပြည်တော် စစ်ကြောရေးနှင့် တည်းခိုရိပ်သာတွင် ၄၁၃ ဦး၊ ရွှေညောင် တည်းခိုရေးစခန်းတွင် ၂၆ ဦး၊ ကျိုင်းတုံ တပ် မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ၁ ဦး စုစုပေါင်း ၅၉၄ ဦးရှိပြီး အားလုံး ကျန်းမာရေး ကောင်း မွန်ကြောင်း သိရသည်။