• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၂၄၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ရ

by ထွန်းထွန်း
17 April 2020
in သတင်း
A A
ယနေ့ မနက်က အိုးဘိုထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသား အချို့ / ဇော်ဇော် / ဧရာဝတီ

ယနေ့ မနက်က အိုးဘိုထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသား အချို့ / ဇော်ဇော် / ဧရာဝတီ

15.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် လူသားချင်းစာနာထောက်ထားမှု အလေးထားသည့်အနေဖြင့် အကျဉ်းထောင်များမှ အကျဉ်းသား/သူ ၂၅၀၀၀ ခန့်အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးသည့်အပြင် ကျန်အကျဉ်းသားများ ကိုလည်း ပြစ်ဒဏ်များ လျော့ချပေးလိုက်ကြောင်း ဧပြီ ၁၇ ရက်နေ့(နှစ်ဆန်းတစ်ရက်နေ့)တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။

အကျဉ်းထောင်နှင့် အကျဉ်းစခန်း အသီးသီးရှိ အကျဉ်းသား/သူ ၂၄,၈၉၆ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီး နိုင်ငံခြားသား အကျဉ်းသား/သူ ၈၇ ဦးကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
27
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
26
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
383

လွတ်ငြိမ်းချမ်းသာခွင့်အား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄(က)အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သမ္မတရုံးက ကြေညာခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်လည်လွတ်မြောက်လာမည့်သူများတွင် “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့ဝင်များလည်း ပြန်လည် လွတ်မြောက်လာမည် ဖြစ်ကြောင်း အဖွဲ့ဝင်တဦး၏ မိခင်ဖြစ်သူက ဧရာဝတီသို့ အတည်ပြု ပြောသည်။

ပြစ်ဒဏ်လျော့ပေါ့မှုများအနေဖြင့် သေဒဏ်ပြစ်ဒဏ်များအား ထောင်ဒဏ်တသက်(လွတ်ရက်မရှိ)သို့လည်းကောင်း၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်များအား ထောင်ဒဏ်နှစ် ၄၀ သို့လည်းကောင်း (ယခင်လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်အရ သေဒဏ်မှ ထောင်ဒဏ်တသက်သို့ ပြောင်လဲထားသူများမပါ)၊ ထောင်ဒဏ် နှစ် ၄၀ အထက်ကျခံရ သူများအား နှစ် ၄၀ သို့လည်းကောင်း၊ ထောင်ဒဏ် နှစ် ၄၀ အောက်ကျခံနေရသူများ အတွက် ပြစ်ဒဏ်၏ လေးပုံတပုံအား လည်းကောင်း လျော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ဦးဘိုကြည်က “ တချို့နိုင်ငံတွေမှာဆိုရင် COVID-19 ကို ကာကွယ်တဲ့အနေနဲ့ အကျဉ်းသားတွေ လွှတ်ပေးတာမျိုးရှိတယ်၊ ဒီမှာကတော့ ပုံမှန်လွတ်ရိုးလွတ်စဉ် လွှတ်တာပါပဲ၊ အမှုတွေကို စနစ်တကျနဲ့ ကြေညာတာမျိုးမတွေ့ရဘူး၊ ဘယ်လိုအမှုတွေကို လွှတ်ပေးတယ် ဆိုတာမျိုးပေါ့၊ ဥပမာ- မူးယစ် မှုနဲ့ ဘယ်နှစ်ယောက်၊ ဘယ်အမှုကတော့ ဘယ်နှစ်ယောက်ဆိုတာမျိုး ခွဲခြမ်း စိတ်ဖြာပြီး ကြေညာရင် ပိုကောင်းတာ ပေါ့၊ ပြည်သူလူထုအတွက်ကလည်း ပိုပြီးတော့ စိတ်အေးလက်အေး နေရတာပေါ့၊ အခုက ခိုးဆိုးလုယက် တွေများ ပါလာမလား ဆိုပြီး စိုးရိမ်စိတ်တွေကရှိတယ်။ အခုက သို့လောသို့လော ဖြစ်နေတယ်” ဟု ထောက်ပြသည်။

သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ လွတ်မြောက်လာမည့် သူများအား နေအိမ်များသို့ ပို့ဆောင်ရန် အစိုးရဘက်က စီစဉ် ထားမှုများရှိကြောင်း သိရသော်လည်း ကြိုဆိုရန်ဟုဆိုကာ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက် စောင့်ဆိုင်းနေသူ များလည်း ရှိနေပြီး လူစုလူဝေးဖြစ်ပေါ်လျှက်ရှိသည်။

ဧရာဝတီတိုင်းမှ လာရောက်၍ အင်းစိန်ထောင်ရှေ့အထိ သူငယ်ချင်းဖြစ်သူအား လာရောက်စောင့်ဆိုင်းနေသူတဦးက “လွတ်၊ မလွတ် သေချာတော့ မသိသေးဘူး၊ ရောဂါကို စိုးရိမ်ပေမယ့်လည်း သူငယ်ချင်းကို လာစောင့်နေတာပါ၊ အိမ်မှာ စောင့်ရင် အကောင်းဆုံး ဆိုပေမယ့် အန္တရာယ်ကိုသိပေမယ့်လည်း အကြာကြီးခွဲနေရတဲ့သူကို တွေ့ရမယ် ဆိုတော့လည်း လာပြီး စောင့်ကြတဲ့သဘောပါပဲ” ဟု ပြောသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားအနေဖြင့်လည်း ပြစ်ဒဏ်ကျခံနေသူ ၇၆ ဦး၊ အကျဉ်းထောင်အတွင်းမှ အမှုရင်ဆိုင်နေရသူ ၁၅၀ ဦးခန့်နှင့် ပြင်ပမှ အမှုရင်ဆိုင်နေရသူ ၄၀၀ ဦးခန့်ရှိပြီး မည်မျှလွတ်မြောက်မည်ကို မသိရသေးကြောင်းလည်း ဦးဘိုကြည်က ပြောသည်။
ကိုဘိုကြည်က “အမှုရင်ဆိုင်ဆဲသူတွေကတော့ လွတ်မှာ မဟုတ်လောက်ဘူး၊ ကျပြီးသားထဲကတော့ တဝက်ကျော် လောက်လွတ်မယ်လို့ ထင်မိပါတယ်၊ အမှုရင်ဆိုင်ဆဲက ၄၀၀ ဦးခန့် ရှိပါတယ်၊ ဒီလူတွေကိုလည်း ထည့်ပြီးစဉ်းစား သင့်တယ်၊ အမှုရင်ဆိုင်နေရတယ် ဆိုတာလည်း သူတို့လည်း လွတ်လပ်စွာသွားလာခွင့်တွေကို ချုပ်ထိန်းထားတာပဲ၊ ငွေကုန်ကြေးကျလည်းများတယ်။ နိုင်ငံရေးနဲ့အမှုရင်ဆိုင်နေတဲ့ သူတွေက လူ့ပတ်ဝန်ကျင်းကို အန္တရာယ်ပြုနိုင်မှု မရှိသလောက်ဖြစ်တာကိုး။ ဒီလိုလူတွေကိုလည်း လွတ်ပေးဖို့ စဉ်းစားသင့်ပါတယ်” ဟု ထောက်ပြသည်။

ယနေ့မနက်ပိုင်းကလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင် ဦးရေ ၇၀၀ ကျော်အား နေရပ်သို့ပြန်ပို့ရန် အင်းစိန်အကျဉ်းထောင်အတွင်းမှ ခေါ်ဆောင်သွားခဲ့သည်ကိုလည်း တွေ့ရသည်။

အဆိုပါ နေရပ်ပြန်ပို့မည့်သူများနှင့် ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်ပေးခြင်း ဟုတ်/မဟုတ်ကိုမှု အစိုးရဌာန တာဝန်ရှိသူများက တိကျရှင်းလင်းစွာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့က ပုသိမ် မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး အမှုဖြင့် ဖမ်းဆီးခံထားရသည့် မွတ်ဆလင် များအား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက အမှုရုတ် ကာ နေရပ်ပြန်ပို့ခဲ့သေးသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနေဖြင့် အကျဉ်းထောင် (၅၀)နှင့် စိုက်မွေးအတတ်သင်စခန်းနဲ့ ကုန်ထုတ်စခန်း (၄၈) ခုရှိပြီး အကျဉ်းသား၊ အကျဉ်းသူဦးရေ စုစုပေါင်း ၉၉၀၀၀ ကျော် ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ဧပြီ ၁၂ နေ့တွင် ပြောထားသည်။

ဆက်စပ်ဖတ်ရှုရန်

အကျဉ်းသားအချို့ လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုနေ

တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသူ ၁၂၈ ဦးကို အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေး

လူစုလူဝေးဖြစ်နေသည့် အကျဉ်းထောင်များ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ဖွယ်ရာ ဖြစ်နေ

Your Thoughts …
Tags: မွတ်ဆလင်လွတ်ငြိမ်းချမ်းသာခွင့်သမ္မတအကျဉ်းသား
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.4k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

by AKM
24 July 2023
5.6k

အစောဆုံးတွေ့ရတဲ့ ကျောက်စာတွေထဲက တခုဖြစ်တဲ့ ရွှေစည်းခုံကျောက်စာမှာဆိုရင် ကျန်စစ်သားမင်းက နေနတ်မျိုးရိုးက ဆင်းသက်လာပြီး ဘုရားဗျာဒိတ်ခံယူတဲ့ မင်းတပါးအဖြစ် သုံးနှုန်းခဲ့ပါတယ်။

အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်

အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်

by ဗညားအောင်
6 August 2023
4.1k

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် လူပုဂ္ဂိုလ်တယောက်၊ နိုင်ငံရေးပါတီတရပ်က လက်နက်ကိုင် တိုက်ခိုက်မည်ဟု ဆုံးဖြတ်ချပြီး လှုံ့ဆော်၍ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။

ထားဝယ်ထောင်မှ ထွက်ပြေးသည့် အကျဉ်းသား ၅ ဦး PDF အဖွဲ့ထံ ရောက်

ထားဝယ်ထောင်မှ ထွက်ပြေးသည့် အကျဉ်းသား ၅ ဦး PDF အဖွဲ့ထံ ရောက်

by ဧရာဝတီ
4 October 2023
3.3k

ထားဝယ်မြို့နှင့် ရှစ်မိုင်ခန့်အကွာ ဇီးကျရွာအနီး၌ ရာဘာထင်း များကို သယ်ဆောင်ရန်အတွက် ခေါ်ဆောင်ခြင်းခံရသူများဖြစ်ကာ၊ ၎င်းတို့နှင့်အတူ အကျဉ်းထောင်ဝန်ထမ်း၂ ဦးလည်း လိုက်ပါခဲ့ကြောင်း

စစ်ကောင်စီက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးချနေဟုဆို

စစ်ကောင်စီက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးချနေဟုဆို

by ဧရာဝတီ
22 December 2023
2.9k

စစ်ရေးပြင်းထန်နေသည့် ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီနှင့် ရဲများ တပ်စွဲခြေကုပ်ယူထားပြီး ခံတပ်သဖွယ်အသုံးချနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

by စောမေရီ
26 July 2024
2.4k

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူ့ကိုယ်သူ သမ္မတ အဖြစ် လွှဲပြောင်း ယူလိုက်တဲ့ လုပ်ရပ်အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက လက်ခံပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

Next Post
မောင်တော နယ်မြေရဲစခန်းတခုတွင် တွေ့ရသည့် ရဲတပ်ဖွဲ့ ဝင်တဦး  / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်မြောက်ပိုင်း မောင်တောတွင် ARSA လက်ချက်ဖြင့် ရဲတပ်ဖွဲ့ ဝင် ၂ ဦး ကျဆုံး

မီးလက်ဝရွာ နေအိမ်အောက် ဗုံးခိုကျင်းအတွင်းမှ ရခိုင်အမျိုးသမီးကြီး / အောင်ကျော်ထက် /  ဧရာဝတီ

ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.1k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate