သတင်း

လူစုလူဝေး မဖြစ်စေရေး မီတာခ ပေးဆောင်မှု ၁ လ နောက်ဆုတ်

Want create site? Find Free WordPress Themes and plugins.

လျှပ်စစ်မီတာခ ပေးဆောင်သည့် နေရာများတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ပေးဆောင်ရမည့်အချိန်အား ၁ လ နောက်ဆုတ်ပေးလိုက်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC) က သိရသည်။

ပြီးခဲ့သည့် မတ်လအတွက် ပေးဆောင်ရမည့် မီတာခများကို ဧပြီလ ၂၀၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈ ရက်တို့တွင် နောက်ဆုံး ပေး ဆောင်ရန် သတ်မှတ်ထားရာမှ မေလ၂၀ ရက်တွင် နောက်ဆုံးထား ပေးဆောင်နိုင်ကြောင်း YESC က ပြင်ဆင် သတ် မှတ်လိုက်ခြင်း ဖြစ်သည်။

YESC မှ အထွေထွေ မန်နေဂျာ ဦကျော်သူ က “သင်္ကြန်ရက်လည်း ပိတ်ထားတယ်လေ။ အဲဒါကြောင့် လူတွေ အများကြီး စုပြုံပြီး သွင်းမှာ ကြောက်တဲ့အတွက် သတ်မှတ်ရက် နောက်ဆုံးရက်ကို တလ နောက်ဆုတ်ပေးလိုက်တာပါ။ ငွေသွင်းခွင့် ရက်ကို ပိုချဲ့ပေးလိုက်တဲ့ သဘောပါပဲ။ ဒီလအတွက်ပေါ့ နောက်လ အတွက်တော့ မပါဘူး” ဟု ပြောသည်။

သတ်မှတ်ထားသည့် မေလ နောက်ဆုံးရက် မတိုင်မီ ကြားကာလများတွင် သက်ဆိုင်ရာ မြို့နယ်များ၏ ငွေကောက်ခံ ကောင်တာများတွင် ပေးဆောင်နိုင်ပြီး ရက်လွန်ကြေး ကင်းလွတ်ခွင့် ပြုမည် ဖြစ်ကြောင်းနှင့် မီးဖြတ်တောက်မှုကိုလည်း ပြုလုပ်မည် မဟုတ်ကြောင်း YESC က ထုတ်ပြန်ထားသည်။

မီတာခကို အွန်လိုင်းငွေပေးချေမှုစနစ်များဖြင့်လည်း ပေးဆောင်နိုင်ကြောင်း YESC က ကြေညာထားသည်။

ထိုသို့ မီတာခ ပေးဆောင်ခြင်းနှင့် ပတ်သက်၍ နောက်ဆုတ်ပေးသည် ဆိုသည့် သတင်း ထုတ်ပြန်ချက်ကို ပြည်သူများ မသိရှိကြသဖြင့် ယနေ့၌ ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးရေး ရုံးများ၌ မီတာဆောင်ရန် လူများ စုပြုံတန်းစီမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်နေ ဒေါ်ညိုညိုက “ကျမတို့က မီတာခပေးတာကို နောက်ဆုတ် ပေးလိုက်မှန်း မသိဘူးလေ။ ဘယ်မှာ ကြေညာထားလဲ ဆိုတာလည်း မသိဘူး။ ဒီနေ့တော့ လာဆောင်တဲ့သူ များတယ်။ Mask တပ်ပြီး တိုးရတာပဲလေ” ဟု ပြော သည်။

အိမ်သုံး အမျိုး အစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလ ကုန်အထိ ပေးသွားမည် ဖြစ်ကြောင်းကို COVID-19 ကာကွယ်၊ ထိန်းချူပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟို ကော်မတီက ယခုလ ၆ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကူးစက်မြန်ရောဂါ COVID-19 ဖြစ်ပွားမှုနေကြောင့် အစားအသောက် ဝယ်ယူခြင်း၊ ကျန်းမာရေးအရ ဆေးရုံ ဆေးခန်းသွားခြင်း အစရှိသည့် ခွင့်ပြုပေးထားသည် အချက်များမှ အပ ၅ ဦးနှင့် ၅ ဦးအထက် ပိုမစုကြရန် ကျန်း မာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတိပေးထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ဧပြီလ ၂၀ ရက်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၁၁ ဦး ရှိပြီး သေဆုံးသူ ၅ ဦး၊ ပိုးတွေ့ ပြန်လည် သက်သာလူနာ ၇ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

COVID-19 ကူးစက်ခံရသူများအပေါ် စာနာစိတ်ထားရန် နိုင်ငံတော်အတိုင်ပင်ခံပြော

ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ

Did you find apk for android? You can find new Free Android Games and apps.
Loading