ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ပန်ဆေးပြည်သူ့စစ်ပိုင် လောင်းကစားရုံ ပစ်ခတ် တိုက်ခိုက် ခံရသည်ဟု သတင်း ရရှိသည်။
ကာစီနိုရုံနှင့် လောင်းကစားရုံရှိသည့် ပန်ဆေး ပြည်သူ့စစ် တပ်ဖွဲ့ပိုင် ခြံဝင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဧပြီ ၂၃ ရက်၊ ည ၇ နာရီကျော်တွင် လာရောက် ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်သည်။
မူဆယ်မြို့နယ် ပြန်ကြားရေး ကော်မတီမှ ဦးအယ်စိုးထန်ထူး က “ကျနော်တို့က ဘယ်အဖွဲ့ ဆိုတာတော့ မသိဘူး။ ပန် ဆေး ပြည်သူ့စစ်ဝင်းထဲကို သူတို့က ပစ်တာပါ။ ၇ နာရီ ကျော်ကျော်လောက်မှာ ပစ်တာ။ ဘာမှတော့ ထိခိုက်တာ မရှိ ဘူး” ဟု ပြောသည်။
CCTV မှတ်တမ်းအရ ကားတစင်းဖြင့် ရောက်လာကာ ပစ်ခတ်သွားခြင်းဖြစ်ပြီး ထိုမှတ်တမ်းထဲတွင် သေနတ်အရှည် တလက်စီ ကိုင်ဆောင်ထားသည့် ယူနီဖောင်း အမဲရောင် ဝတ်ဆင်ထားသူ သေနတ်သမား ၂ ဦးကို လည်း တွေ့ရသည်။
ဦးအယ်စိုးထန်ထူး က “လာပစ်တဲ့သူတွေက ဘယ်က ဘယ်လို ပြန်ထွက်သွားလဲ ဆိုတာကတော့ ကျနော်တို့လည်း မသိရဘူး။ အွန်လိုင်းမှာတော့ ပလူပျံနေတာ တွေ့တယ်။ ကျနော်တို့လည်း သွားမကြည့်ဖြစ်ဘူး။ သီးခြားနေတဲ့ အဖွဲ့ အစည်း ဆိုတော့ ကျနော်တို့နဲ့ကလည်း သိပ်မပတ်သက်ဘူးလေ” ဟု ပြောသည်။
မူဆယ်မြို့ဒေသခံအချို့ကို မေးမြန်းရာ ဧပြီ ၂၃ ရက် ညပိုင်းတွင် ဗျောက်ဖောက်သံများ စတင်ကြားရပြီးနောက် သေ နတ်ပစ်သံများ ဆက်တိုက်ကြားရခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျယ်ခေါင်မြို့ဧရိယာ တရုတ် စာသင်ကျောင်းဝင်းအတွင်းသို့ ကျည်များ ကျသည် ဟု လည်း သိရသည်။
ပန်းဆေး ပြန်ကြားရေး လူငယ်အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ လီရှောသူက “မုဒ်နီး အနီး ပတ်ဝန်းကျင် ပန်ဆေးဌာနချုပ် ဝင်းလည်း အဲ့နားမှာရှိတယ်။ နီးကပ်တော့ အဲဒီထဲလည်း ခြံစည်းရိုးတွေနားကျတယ်။ တရုတ်ပြည်ဘက်လည်း ကျ တယ်။ ထိခိုက်နစ်နာမှုကတော့ လောလောဆယ် မရှိပါဘူး” ဟုပြောသည်။
၎င်းကဆက်၍ “ကျယ်ခေါင် ကလေးသူငယ်ကျောင်းကို သွားထိတယ်။ အောက်မှာ ရပ်ထားတဲ့ ကား ၃ စီးကို ထိတယ်။ တရုတ်ပြည်ထဲကို သွားထိတာ” ဟု ဆိုသည်။

၎င်းက လာရောက် ပစ်ခတ်သည့် အဖွဲ့မှာ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ ဖြစ်နိုင်သည်ဟု ပြောသည်။
TNLA က မူဆယ်မြို့တွင်း ပစ်ခတ်မှုမှာ ၎င်းတို့ မဟုတ်ကြောင်း ထုတ်ပြန်ချက် တစောင် ထုတ်ကာ ငြင်းဆိုထားသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း “မူဆယ်ပစ်ခတ်မှုက ကျနော်တို့ မ လုပ်ပါဘူး။ တဖက်မှာ နေရာဒေသအသီးသီးမှာ ကိုရိုနာကမ္ဘာ့ရောဂါ ကပ်ဆိုးတွေ ရင်ဆိုင်နေတဲ့ အချိန် ကျနော်တို့ ဒေသ အပါအဝင်ပေါ့။ အများပြည်သူ ဒုက္ခရောက်နေတယ်။ အများပြည်သူ ပူပန်နေရတဲ့ အချိန်မှာ အဲဒီပစ်ခတ်မှုကို ကျနော်တို့ မလုပ်ပါဘူး” ဟု ပြောသည်။
TNLA သည် ၎င်း၏ မဟာမိတ် ၃ ဖွဲ့နှင့် အတူ ဧပြီ ၃၀ ရက်အထိ တဖက်သတ် အပစ်ရပ်စဲကြောင်းလည်း ကြေညာ ထားသည်။
ပန်ဆေးပြည်သူ့စစ် တပ်ဖွဲ့သည် မူဆယ်မြို့နှင့် နမ့်ခမ်းမြို့နယ်တို့အတွင်း လှုပ်ရှားပြီး နယ်စပ်ဒေသတွင်း လုံခြုံရေးယူပြီး လောင်းကစားဝိုင်းများ၊ ကာစီနိုရုံများ ဖွင့်ကာ စီးပွားရေးလုပ်သည့် အဖွဲ့ တဖွဲ့လည်း ဖြစ်သည်။
ပန်းဆေးပြည်သူ့စစ်ကို ဦးကျော်မြင့်က ဦးဆောင်ပြီး ၎င်း၏ တပ်ဖွဲ့က လှုပ်ရှားရာ ဒေသတွင်း ဘိန်းစိုက်ပျိုးမှုများ၊ မူးယစ်ဆေး ထုတ်လုပ်မှုများ ရှိသည်ဟုလည်း ဒေသတွင်းနှင့် နိုင်ငံတကာ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု မှတ် တမ်းများ၊ အစီရင်ခံစာများတွင် ဖော်ပြထားသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ၂၃ ရက်ကလည်း မူဆယ်မြို့ တော်ရွက် ရပ်ကွက်အတွင်း ပန်ဆေး ပြည်သူ့စစ်တပ်ဖွ့ဲဝင် တဦး သေနတ်ထောက်ကာ ပြန်ပေးဆွဲခံရမှု ဖြစ်ပွားပြီး ငွေအပေးအယူ လုပ်ကာ လဲလှယ်ပြီးနောက် ပြန်ပေးဆွဲအဖွဲ့နှင့် ပန် ဆေး တပ်ဖွဲ့ကြား ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွားခဲ့သည်။
ကား ၂ စီးဖြင့် အပြန်အလှန် ပစ်ခတ်ကြသဖြင့် ထိုစဉ်ကလည်း ၁ ဦး သေဆုံးကာ၂ ဦး ဒဏ်ရာ ရခဲ့သည်။ လူနေအိမ် အချို့လည်း ကျည်ဆန်များ ထိမှန်ပြီး ပျက်စီးမှုအနည်းငယ် ဖြစ်ခဲ့သည်။
ပြည်သူ့စစ် တပ်ဖွဲ့များသည် ၁၉၈၉ ခုနှစ်မှစ၍ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင် လှုပ်ရှားသည့် တပ်ဖွဲ့များကို အပစ်အခတ် ရပ်စဲပြီးနောက် တပ်မတော်က လက်အောက်ခံအဖြစ် ထားရှိကာ အသွင်ပြောင်းထားသည့် တပ်ဖွဲ့များ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်၏ လက်အောက်တွင် ပြည်သူ့စစ်များ ဖွဲ့စည်းခွင့် ရှိပြီး ပြည်သူ့စစ် များသည် ဒေသတွင်း လုံခြုံရေးများ အပြင် တပ်မတော်နှင့် စစ်ရေးအရ မပြေလည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း တပ်မတော်ဘက်မှ ကူတိုက်ပေးခြင်း၊ သတင်းစုဆောင်းပေးခြင်း တာဝန်များကို ထမ်းဆောင်ကြ သည်။
You may also like these stories:
ပညာရှင် ၆ ဦးပါသည့် တရုတ်ဆေးတပ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ
ညောင်ဦးတွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၅ ဦး ထောင် ၃ လစီ ချမှတ်