• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျန်းမာရေးစစ်ဆေးမှုကို ရန်ပြုခဲ့သည့် မိုးကုတ်က ဇနီးမောင်နှံ ထောင် ၆ လ စီ ချမှတ်ခံရ

by ဒီလှိုင်းဝင်း
24 April 2020
in သတင်း
A A
ကျန်းမာရေး အရ စစ်ဆေးမှုကို ဆန့်ကျင့်မှုဖြစ်ပွားစဉ်က

ကျန်းမာရေး အရ စစ်ဆေးမှုကို ဆန့်ကျင့်မှုဖြစ်ပွားစဉ်က

39.4k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့အဝင်၌ COVID-19 တားဆီးကာကွယ်ရေး အတွက် ကျန်းမာရေး စစ်ဆေးခြင်းကို ဆန့်ကျင် ခဲ့သော ဇနီးမောင်နှံအား မိုးကုတ်မြို့နယ် တရားရုံးက ဧပြီ ၂၃ ရက်နေ့တွင် ထောင် ၆ လစီချမှတ် လိုက်ကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက “စပြီးအမှုဖွင့်တာကတော့ ရာဇဝတ်ကြောင်းနဲ့ဖွင့်ခဲ့တာပါ၊ အမိန့် ချမှတ်ခဲ့တာ ကတော့ သဘာဝဘေးအန္တရာယ် ပုဒ်မနဲ့ မိုးကုတ် မြို့နယ်တရားရုံးက မနေ့ကပဲ ထောင်ဒဏ် ၆ လစီ ချခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
114
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.2k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
112

ထိုဇနီးမောင်နှံသည် မိုးကုတ်မြို့အဝင် ကျောက်ဖားဂိတ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ပူးပေါင်းအဖွဲ့၏ စစ်ဆေးမှုကို ကောင်းမွန်စွာလက်မခံဘဲ ကြမ်းတမ်းစွာ တုန့်ပြန်ခဲ့ကြသဖြင့် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ အရ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မတ်လ ၃၀ ရက် နေ့လယ်ပိုင်းက မိုးကုတ်မြို့နယ်၊ ကျောက်ဖြူရပ်ကွက် မိုးကုတ်-မန္တလေး ကားလမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ များက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ မိုးကုတ်မြို့ဘက်သို့ မော်တော်ယာဉ် တစီးဖြင့် ရောက်ရှိလာသည့် ဦးဇော်လွင်နှင့် ဒေါ်ဝါဝါ တို့မှာ အစစ်ဆေးခံခြင်းမရှိဘဲ ကျန်းမာရေစစ်ဆေးသူ ဝန်ထမ်းများနှင့် အပြန်လှန် စကားများခဲ့သည်။

ထိုသို့ စကားများခဲ့ပြီးနောက် အဆိုပါ ဇနီးမောင်နှံသည် စစ်ဆေးရေးအဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်တဦးအား ကိုယ်ထိလက် ရောက် ကျူးလွန်ခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ရက် မတ် ၃၁ ရက်နေ့တွင် ကြပ်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ နယ်မြေခံ ကြပ်ပြင်ရဲစခန်းတွင် (ပ)၇၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃၊ ၂၉၄ (တာဝန်ဝတ္တရားနှောက်ယှက်မှု/ ကြမ်းတမ်းစွာပြောဆိုမှု)ဖြင့် အမှုဖွင့်ခဲ့သော်လည်း ဥပဒေအကြံပေးချက်အရ ကနဦးစွဲဆိုချက်ကို ပယ်ဖျက်ပြီး သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ အရ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှုနှင့်ပြစ်ဒဏ်များအနေဖြင့် ပုဒ်မ ၂၆ တွင် မည်သူမဆို ဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့်ဌာန၊ အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တရပ်ရပ် ဆောင်ရွက်သည်ကို နှောက်ယှက်၊ တားဆီး၊ ဟန့်တားခြင်း၊ လက်ရောက်မှုကျူးလွန်ခြင်း (သို့မဟုတ်) ပြစ်မှုမကင်းသော အနိုင်အထက်ပြုမူခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၂ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားချက်များအရ သိရသည်။

You may also like these stories:

တီးတိန် Case 1 လူနာ ဆေးစစ်ရလာဒ် ပထမအကြိမ် Negative တွေ့ရှိ

ပန်ဆေးပြည်သူ့စစ်ပိုင် လောင်းကစားရုံ ပစ်ခတ်ခံရ

မန္တလေး တတိယမြောက် COVID-19 ပိုးတွေ့လူနာ၏ နောက်ကြောင်း လိုက်လံစုံစမ်းနေ

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ပုဒ်မ ၂၆မိုးကုတ်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ  အပိုင်း ၁

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁

by အောင်သစ်
20 August 2024
9.3k

PNO ၏ စီးပွားရေးတာဝန်ခံများ ဖြစ်သည့် ဦးနေဝင်းထွန်းနှင့် ဦးခွန်မြတ်တို့ ကုမ္ပဏီများထောင်၍ ကျောက်မျက်လောကသို့ တိုးချဲ့ဝင်ခဲ့ကြသည့်မှာ အချိန်တလသာ ကွာခဲ့ကြသည်။

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

by Hpan Ja Brang နှင့် Emily Fishbein
3 August 2024
8.2k

ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

by ဧရာဝတီ
28 June 2024
7.2k

NUG ကတော့ ရှမ်း-မန်းလို့တော့ ပြောတာပေါ့နော်၊ ကျနော်ကတော့ နောင်ချိုကို တိုက်တဲ့အနေအထားက ကျောက်ဂူ၊ အင်တောကနေတဆင့် ရပ်စောက် ရှမ်းတောင်ပေါ့နော်၊ ရှမ်းတောင်ကနေမှတဆင့် ကရင်နီဘက်အထိ ထိုးဖောက် ချိတ်ဆက်သွားနိုင်တယ်လို့ မြင်ပါတယ်

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

by အောင်သစ်
30 August 2024
6.9k

ထိုစဉ်က အသတ်ခံရသူ ဗိုလ်မှူးကြီး အောင်ခမ်းမှာ PNO ၏ ဒုဥက္ကဋ္ဌဖြစ်ပြီး ဦးအောင်ခမ်းထီက ဥက္ကဋ္ဌဖြစ်သည်။

မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်

မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်

by စောလွင်
1 July 2024
6k

အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများသည် တောင်များပတ်ပတ်လည်ရှိနေသည့်အပြင် လက်နက်ကြီးများ ဆင်ထားသောကြောင့် ပူးပေါင်းတပ်များအနေဖြင့် အနောက်ပိုင်းကို သိမ်းပိုက်ခဲ့သည်ထက် ပိုမို ခက်ခဲနိုင်သည်ဟု

မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

by ဧရာဝတီ
18 September 2023
5.6k

မိုးကုတ်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ် (TNLA) တို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး စစ်ရှိန်ပိုမြင့်လာကြောင်း

Next Post
ဧပြီလ ၂၀ ရက်က လှိုင်သာယာမြို့နယ်တွင် အလုပ်ဆင်းနေသော စက်ရုံ အလုပ်သမားများကို တွေ့ရစဉ်  / မျိုးမင်းစိုး  / ဧရာဝတီ

ညွှန်ကြားချက် မလိုက်နာဘဲ ဖွင့်လှစ်သဖြင့် တိုင်ကြားထားသည့် စက်ရုံ ရာနှင့်ချီရှိ

အီမာဘွန်းဒေသရှိ မြန်မာ့နှာခေါင်းလန်မျောက် / FFI / facebook

ရှားပါးမျိုးစိတ်များရှိရာ အီမောဘွန်းဒေသကို အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate