• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းတွင် မြန်မာ ၃၄ ဦး Covid-19 ကူးစက်ခံရ

by ကျော်ခ
25 April 2020
in သတင်း
A A
မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် မတ်လ ၂၄ ရက်နေ့က ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများ / ကျော်ခ / ဧရာဝတီ

မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် မတ်လ ၂၄ ရက်နေ့က ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများ / ကျော်ခ / ဧရာဝတီ

18.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် ယနေ့ Covid-19 ကူးစက်ခံရသူ ၅၃ ဦး ထပ်မံတွေ့ရှိရပြီး ထိုအထဲတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၄ ဦး ပါဝင်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေး ဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mr. Taweesilp Visanuyothin က ယနေ့ မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် Covid-19 ကူးစက်မှု အခြေအနေ ရှင်းလင်း ပွဲတွင် ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် စဒေါင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် Quarantine စင်တာတွင် ထိန်းသိမ်း ထားသော ရွှေ့ပြောင်း အလုပ်သမားများထဲမှ ၄၂ ဦး တွင် Covid-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် မြန်မာ ၃၄ ဦးပါဝင်ခြင်းဖြစ်သည်။

RelatedPosts

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

18 July 2025
52
လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
1.6k
မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
40

ရွှေ့ပြောင်းလုပ်သား ၄၂ ဦးအနက် အခြား ပိုးတွေ့ရှိသူ ၈ ဦးမှာ ဗီယက်နန် ၃ ဦး၊ မလေးရှား ၂ ဦး၊ ကမ္ဘောဒီယား ၁ ဦး၊ ယီမင် ၁ ဦးနှင့် အိန္ဒိယ တဦးတို့ ဖြစ်ကြောင်းသိရသည်။

မြန်မာ ၃၄ ဦးသည် မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်ရာမှ ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လွှဲပြောင်းခြင်း ခံထားရသူများ ဖြစ်ပြီး ၎င်းတို့ကို ထိုင်းနိုင်ငံသားများနည်းတူ ဆေးကုသမှု ပေးသွားမည် ဖြစ်ကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေး ဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mr. Taweesilp Visanuyothin က ပြောသည်။

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦး ကလည်း “ကျိန်းသေတာကတော့ ထိုင်းက ပစ်မထားပါဘူး။ သူတို့နိုင်ငံသားတွေကို ကုသပေးနေသလိုပဲ ကုပေးပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်ထိုင်းသတင်းများတွင် ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံအတွင်း Covid-19 ကူးစက်ခံထားရသည့် မြန်မာ နိုင်ငံသား ၁၇ ဦးရှိထားကြောင်းသိရပြီး ယနေ့ ထပ်တွေ့ရှိသည့် ၃၄ ဦးပါဆိုလျှင် စုစုပေါင်း ၅၁ ဦး ရှိပြီဖြစ်သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသားများ Covid-19 ကူးစက်မှုများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံး အလုပ်သမား သံအရာရှိများထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပါ။ ထိုအခြေအနေကို ရွှေ့ပြောင်းအလုပ်သမားများလည်း နေ့စဉ် ကြုံတွေ့နေကြရသည်ဟုဆိုသည်။

ထိုင်းနိုင်တွင် မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုရွှေ့ ပြောင်းလုပ်သား စုစုပေါင်း ၄ သန်းခန့်ရှိပြီး ထိုအထဲတွင် မြန်မာ နိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ သန်းခန့် ရှိကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ရွှေ့ပြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ခန့်မှန်းထားသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် Covid-19 ရောဂါကူးစက်ခံထားရသူ ၂၉၀၇ ဦးရှိပြီး ၅၁ ဦး သေဆုံးထားသည်။ ထိုရောဂါကို အချိန်မီ မထိန်းချုပ် နိုင်ပါက ထိုင်းနိုင်ငံအတွင်း အလုပ်လက်မဲ့ ၁၀ သန်းခန့် ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ဘန်ကောက်မြို့ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် ကတော့ “ဒီရောဂါက စိန်ခေါ်မှုကြီးတယ်။ အချိန်မီ မထိန်းချုပ်နိုင်ရင်တော့ လုပ်သားလျှော့ချမှုတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်။ အထူးသဖြင့် မြန်မာလုပ်သားတွေ အတွက်တော့ စိုးရိမ်စရာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းအစိုးရ၏ Covid-19 ကာကွယ်ရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို လိုက်နာပေးကြရန် နှင့် မြန်မာနိုင်ငံသို့ ပြန်လာလိုပါက ဧပြီ ၃၀ ရက်နေ့ နောက်ပိုင်းမှ ပြန်လာကြရန် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန က ယခုလ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး ၏ မဲဆောက် အခြေစိုက် အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင် က “မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတား အမှတ် ၂ က ဒီလာကုန်ရက်မှာ ပြန်ဖွင့်ဖို့လုပ်ထားပါတယ်။ အဲဒီကနေ ထပ်ပြန်လာကြပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

မတ်လထဲတွင် ထိုင်း-မြန်မာ နယ်စပ် တရားဝင် ဝင်ပေါက်များ၊ တရားမဝင် ဝင်ပေါက်များမှ တဆင့် ဝင်ရောက် လာသည့် ရွှေ့ပြောင်း လုပ်သား စုစုပေါင်း တသိန်းကျော်ရှိပြီး ထိုအထဲမှ တဆင့် Covid-19 ကူးစက်မှုများ ရှိခဲ့သည်။ ယခုတခေါက် ဝင်လာမည့် အရေ အတွက်ကိုတော့ ကရင်ပြည်နယ် အစိုးရက Quaraintine စံနစ်တကျ ပြုလုပ်သွား ဖွယ်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံသပ်ကြသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၄ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၅ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၉ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

You may also like these stories:

ရောဂါကူးစက်မှုနှုန်း တည်ငြိမ်လာသောကြောင့် ဗီယက်နမ်တွင် ချုပ်ချယ်မှုများ ဖြည်လျှော့လာ

ဧရာဝတီတိုင်း ညမထွက်ရအမိန့် ၂ လ ထပ်မံ တိုးမြှင့်

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှုန်း ထိုးကျနေ

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ထိုင်းရွှေ့ပြောင်းလုပ်သား
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.6k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
15.3k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
14.9k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.1k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.6k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
12.8k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
ချန်းရိ ကုမ္ပဏီ လီမိတက် / Lym TsangYih

လုပ်သား ၉၀၀၀ ကျော် ရှိသည့် စက်ရုံမှ ဝန်ထမ်းတဦးတွင် COVID-19 ပိုးတွေ့

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး / ဒီလှိုင်းဝင်း

တရက်တည်း ဆုံးသွားသည့် စောင့်ကြည့်လူနာ ၇ ဦးအနက် ၄ ဦးတွင် ပိုးမတွေ့

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate