မန္တလေးဆေးရုံကြီး၌ ကိုဗစ် စောင့်ကြည့်လူနာ ၃၉ဦး သေဆုံးခဲ့ရာ ဆေးစစ်ချက်အရ ၃၆ဦးတွင် ပိုးမတွေ့ကြောင်း၊ ၃ဦး မှာ ဆေးစစ်ရလာဒ်များကို စောင့်ဆိုင်းနေကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ စုစုဒွေးက ဧရာဝတီသို့ ပြောသည်။
ထိုစာရင်းဇယားမှာ မတ်လမှ ဧပြီ ၂၇ ရက်နေ့အတွင်း စာရင်းဇယားများ ဖြစ်ပြီး သေဆုံးရခြင်း အကြောင်း အရင်းမှာ လူနာအများစုတွင် မူလရောဂါအခံများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
“ဒီနေ့အထိ မန္တလေးဆေးရုံကြီးမှာ ကိုဗစ်သံသယလူနာ ၃၉ ဦး ဆုံးသွားတာ မှန်ပေမယ့် သူတို့တွေက တရက်တည်း ဆေးရုံကို အတူ ရောက်လာသူတွေမဟုတ်သလို လူနာအများစုဟာလည်း အခံရောဂါရှိတဲ့ ပြင်းထန်ဝေဒနာနဲ့ ရောက်ရှိ လာတဲ့သူတွေ ဖြစ်ပါတယ်၊ လူနာတွေရဲ့အသက်အရွယ်တွေက ၄၀ကျော်၊ ၇၀၊ ၈၀ ကျော်စသဖြင့် အသက်အရွယ်က ပျံ့တော့ပျံ့နေတယ်” ဟု ဒေါက်တာစုစုဒွေးက ရှင်းပြသည်။
သေဆုံးသူလူနာများတွင် ဆီးချို၊ သွေးတိုး၊ အသည်း စသည့်ရောဂါရှိသူများ၊ အဆုတ်နှင့် တီဘီ စသည့် အသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါခံစားနေရသူများ၊ ကင်ဆာရောဂါဝေဒနာရှင်များနှင့် နာတာရှည်ဖျားနာနေသူများ ပါဝင်ကြောင်း သိရသည်။
မန္တလေးဆေးရုံကြီးတွင် ကိုဗစ်စောင့်ကြည့်လူနာ ၇ ဦးသည် ဧပြီ ၂၄ ရက်ကလည်းကောင်း၊ လူနာ ၅ ဦးသည် ဧပြီ ၂၅ ရက်ကလည်းကောင်း၂ရက်ဆက်တိုက် အတွင်း ၁၂ ဦး ဆုံးပါးခဲ့ကြသည့်အတွက် မန္တလေးမြို့ခံအများစုက စိုးရိမ်မှုများ ရှိခဲ့ကြသည်။
ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက “သံသယလူနာအဖြစ် သတ်မှတ်တဲ့ ကျန်းမာရေးအခြေအနေကို နည်းနည်း နှိမ့်ထားတဲ့သဘောပါ။ ဒါကြောင့် လူနာအရေအတွက်က များကောင်း များနေလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဆေးရုံလာ ပြတဲ့ လူနာတွေထဲက သံသယလူနာအဖြစ် မသတ်မှတ်လိုက်တဲ့သူ တစ်ယောက်ဆီကနေ Positive Case ၁ ခုလွတ် သွားရင် Contact တွေ အကုန်ပျံ့ကုန်မှာ စိုးတဲ့အတွက်ကြောင့်ပါ”ဟု ရှင်းပြသည်။
“အစ်မတို့အနေနဲ့ အများပြည်သူကို လိမ်ညာထားတာ၊ ကွယ်ဝှက်ထားတာမရှိပါဘူး။ လူနာတွေရဲ့အဖြေတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးမှာပါ။” ဟု ၎င်းက ဆက်လက်ပြောသည်။
မတ်လမှစတင်ကာ ဧပြီ ၂၇ ရက်အထိ မန္တလေးဆေးရုံကြီးတွင် ကိုဗစ်စောင့်ကြည့်လူနာဌာနတွင် တက်ရောက် ဆေး ကုသမှု ခံယူခဲ့သည့်လူနာများအနက် ၂၁၈ ဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိသဖြင့် ဆေးရုံဆင်းခွင့်ရရှိခဲ့ကြပြီး လက်ရှိတွင် စောင့်ကြည့်လူနာအဖြစ် ၇၉ ဦး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
မန္တလေးတိုင်းတွင် COVID-19 ရောဂါပိုးတွေ့ရှိထားသူ ၃ ဦးရှိပြီး ၁ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် ဆေးရုံဆင်းခွင့်
မတ္တရာမြို့နယ်မှ အသက် ၈၀ အရွယ်အမျိုးသားကြီးနှင့် အောင်မြေသာစံမြို့နယ်မှ အသက် ၃၈ နှစ်အရွယ် အမျိုး သမီးတစ်ဦးဖြစ်သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီ ၂၇ ရက်နေ့ ညပိုင်းအထိ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာ ၁၄၆ ဦးရှိပြီး ပိုးမတွေ့တော့သူ ၁၆ ဦး၊ သေဆုံးသူ ၅ ဦးရှိသည်။
ဆက်စပ်လင့်
ကန့်ဘလူ၌ Quarantine ဝင်နေသူ ၁ ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းမိ