• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 ကာကွယ်ကုသရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးတွဲလုပ်ရန် အစိုးရ ကော်မတီဖွဲ့

by နန်းလွင်နှင်းပွင့်
28 April 2020
in သတင်း
A A
ကရင်အမျိုးသား အစည်းအရုံး(KNU) ဒူးပလာရာ ခရိုင်နယ်မြေတွင် COVID -19 နှင့် ပတ်သက်၍ စစ်ဆေးမှုများ၊ ပညာပေးမှုများ ပြုလုပ်နေစဉ် / KNU

ကရင်အမျိုးသား အစည်းအရုံး(KNU) ဒူးပလာရာ ခရိုင်နယ်မြေတွင် COVID -19 နှင့် ပတ်သက်၍ စစ်ဆေးမှုများ၊ ပညာပေးမှုများ ပြုလုပ်နေစဉ် / KNU

7.6k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အုပ်ချုပ်သည့် ဒေသတွင်း နေထိုင်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အစိုးရက COVID-19 ကာကွယ် ကုသရေးနှင့် ပတ်သက်သည့် ကော်မတီ တရပ် ဖွဲ့စည်းလိုက်သည်။

ကော်မတီကို “COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ” အမည်ဖြင့် ဧပြီ ၂၇ ရက်က သမ္မတ ဦးဝင်းမြင့်၏ အမိန့်ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ် သည်။

RelatedPosts

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

22 May 2025
37
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
1.2k
ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

22 May 2025
65

ကော်မတီ ဥက္ကဋ္ဌ အဖြစ် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၊ ဒု ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက တာဝန်ယူပြီး ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကို ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးထားသည်။

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးလှမောင်ဦးကိုလည်း ကော်မတီ၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်ထားသည်။

ကော်မတီ ဖွဲ့စည်းကြောင်း ကြေညာချက်တွင် ကော်မတီ၏ လုပ်ငန်းတာဝန် ၇ ရပ်ကို ဖော်ပြထားသည်။

လုပ်ငန်း တာဝန်များမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် သတင်းအချက်အလက်များ ဖလှယ်ကြရန်၊ နယ်စပ်မှ ဝင်လာသူများကို စောင့်ကြပ်ပြီး သံသယ လူ နာတွေ့ပါက သတင်း ဖလှယ်ရန်၊ သံသယ လူနာနှင့် ထိတွေ့သူများကို ရှာဖွေ ဖော်ထုတ်ရန်တို့ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ အုပ်ချုပ်သည့် ဒေသအတွင်း ရောဂါလက္ခဏာ ပြလာသူများ ရှိပါက စောင့်ကြပ်ကုသမှု ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရန်၊ ရောဂါနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ပူးပေါင်းရန်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရများကြား ကိုဗစ်-၁၉ ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်ပေးရန်လည်း လုပ်ငန်းတာဝန်ထဲတွင် ဖော်ပြထားသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်က်ိုင် တပ်ဖွဲ့များ၏ နယ်မြေများတွင် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အရေးပေါ် ကိစ္စများ ရှိလာပါက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NRPC ၏ လမ်းညွှန်ချက်နှင့် အညီ ညှိနှိုင်း ပူးပေါင်းရန်လည်း ဖော်ပြထားသည်။

ကော်မတီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်၌ နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း မှီတင်း နေထိုင်သည့် လူမျိုး၊ ဘာသာ၊ နေထိုင်ရာ ဒေသ ခွဲခြားခြင်း မရှိဘဲ မည်သူ့ကိုမှ ချန်လှပ် မထားရေး မူဝါဒဖြင့် ကြိုးပမ်းနေပါသည်ဟုလည်း ဖော်ပြပါရှိသည်။

ပြည်တွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အဖွဲ့ ၂၀ ရှိပြီး အများစုမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် လှုပ်ရှားကြသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အဖွဲ့ ၂၀ အနက် ၁၀ ဖွဲ့မှာ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ရေးထိုးထားသည်။

လက်မှတ် ရေးထိုးထားသည့် အဖွဲ့များမှာ အစိုးရ၊ တပ်မတော်နှင့် ပြေလည်မှုရှိသော်လည်း အပစ်မရပ်ရသေးသည့် အဖွဲ့များအနက် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင် စစ်တပ် (AA) တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် စစ်ရေး အရလည်း ပြေလည်မှု မရှိကြပါ။

လတ်တလော ကပ်ရောဂါကာလအတွင်း ပလောင်နယ်မြေအတွင်း သေနတ်သံစဲသွားသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်ဆဲဖြစ်သည်။

တပ်မတော်နှင့် စစ်ရေး တင်းမာနေသည့် အဖွဲ့များနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်မည် ဟူသည့် လုပ်ငန်း တာဝန်များကို အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပါ။

ဧရာဝတီမှ NRPC နှင့် ငြိမ်းချမ်းရေး ကော်မရှင်ကို မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

အစိုးရဘက်မှ ကော်မတီ ဖွဲ့စည်းကိစ္စနှင့် ပတ်သက်၍ NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၊ NCA မထိုးထားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် TNLA တို့၏ ပြန်ကြားရေး တာဝန်ခံများ ကို မေးမြန်းရာ မသိရှိသေးပါဟု ဖြေဆိုကြသည်။

NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အစိုးရ၊ တပ်မတော်တို့နှင့် ပစ်ခတ်တိုက်ခ်ိုက်မှု မရှိသည်မှာ နှစ် ၂၀ ကျော်ပြီ ဖြစ်သည့် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရေ စီ မဟာမိတ် တပ်မတော် (NDAA) တို့သည် ၎င်းတို့ ဒေသတွင်း ခေတ်မီ ဆေးရုံများရှိပြီး ငွေကြေး တောင့်တင်းသည့် အဖွဲ့များ ဖြစ်သည်။

UWSA နှင့် NDAA သည် ၎င်းတို့ ဒေသကို မတ်လကတည်းက အဝင် အထွက် ပိတ်ကာ ကပ်ရောဂါ ကာကွယ်ရေးများ လုပ်နေပြီး လူနာရှိလာပါကလည်း ၎င်းတို့ ဒေသတွင်း ဆေးရုံများတွင် ကုသနိုင်ရန် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်။

UWSA အုပ်ချုပ်သည့် မြို့နယ် ၆ မြို့နယ်တွင် အရပ်သားဦးရေ ၆ သိန်းကျော်ရှိပြီး NDAA အုပ်ချုပ်သည့် ဒေသ ၃ ခု၊ ရွာပေါင်း ၁၄၀ ကျော်တွင် လူဦးရေ ၁ သိန်းခွဲခန့် ရှိသည်။

တရုတ်-မြန်မာ နယ်စပ်၊ ကချင်ပြည်နယ်ရှိ KIA ကလည်း ကပ်ရောဂါ ကာကွယ်ရေးအတွက် ၎င်းတို့ ဒေသတွင်း အဝင် အထွက်များကို တင်းကြပ်နေပြီး ၎င်းတို့ အုပ်ချုပ်သည့် နယ်မြေအတွင်း ရောဂါကူးစက်ခံရသူ ရှိလာပါက လိုင်ဇာမြို့ တွင် ကုသရန် ဆေးရုံကို ပြင်ဆင်လျက် ရှိသည်။

သို့သော် ဆေးပစ္စည်း ကိရိယာများ လိုအပ်နေဆဲ ဖြစ်ကြောင်းနှင့် အကူအညီ လိုအပ်နေကြောင်းကို KIA ၏ COVID-19 ရောဂါနှိမ်နင်းရေး ကော်မတီ၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်ဝန် က ပြောဆိုထားသည်။

KIA အုပ်ချုပ်သည့် နယ်မြေတွင် ၎င်း၏ တပ်ဖွဲ့ဝင် စစ်သားများအပြင် အရပ်သားများနှင့် ထောင်နှင့်ချီ နေထိုင်ပြီး စစ်ဘေးရှောင် စခန်းများတွင် မှီခိုနေသည့် ဒုက္ခသည်လည်း ၇ သောင်းနှင့် အထက် ရှိသည်။

နယ်စပ်ဒေသ မဟုတ်သည့် ရှမ်းပြည် တိုးတတ်ရေးပါတီ (SSPP)ကလည်း ရောဂါပိုး ကူးစက်ခံရသူ ရှိပါက ကုသ နိုင်သည့် အခြေအနေ မရှိသဖြင့် အနီးဆုံး အစိုးရ၏ တိုက်နယ် ဆေးရုံကို ပို့ရန် ညှိနှိုင်းထားသည်။

SSPP အုပ်ချုပ်သည့် နယ်မြေတွင်လည်း ထောင်နှင့်ချီသည့် အရပ်သားများ နေထိုင်ပြီး ထိုင်းနှင့် တရုတ်မှ ပြန်လာ သည့် ရွှေ့ပြောင်းလုပ်သား ဦးရေသည် ၅၀၀၀ ခန့် ရှိနေသည်။

TNLA လှုပ်ရှားသည့် ဒေသတွင်လည်း ရွှေ့ပြောင်းလုပ်သား ပြန်လာသူ ဦးရေ ၃၀၀ နီးပါး ရှိပြီး အရပ်သား တသိန်း ဝန်းကျင် နေထိုင်သည်ဟု TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

TNLA သည်လည်း ၎င်းတို့ လှုပ်ရှားရာ နယ်မြေအတွင်း ရောဂါကူးစက်လာပါက မကုသနိုင်ကြောင်းနှင့် အနီးစပ်ဆုံး အစိုးရ ဆေးရုံကိုသာ အားကိုးရမည် ဖြစ်ကြောင်း ဗိုလ်မှူး မိုင်းအ်ိုက်ကျော်က ပြောဆိုထားသည်။

အစိုးရနှင့် NCA ထိုးထားသည့် တပ်ဖွဲ့များသည်လည်း ၎င်းတို့ ဒေသတွင်း ရောဂါကာကွယ်ရေးကို အသီးသီး ဆောင် ရွက်နေကြသည်။

ထိုင်းနယ်စပ်တွင် အခြေစိုက်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် လှုပ်ရှားပြီး NCA ထိုး ထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကလည်း ၎င်းဒေသတွင်း ရောဂါကာကွယ်ရေးများ လုပ်ဆောင်နေသော်လည်း အစိုးရ၏ အကူအညီ လိုအပ်နေသည်ဟု သိရသည်။

RCSS ၏ ပြောရေးဆိုခွင့် ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခမ်းကလည်း “ကျနော်တို့မှာ ဆေးပစ္စည်း မလုံလောက်တာရယ်၊ Quarantine ထားတဲ့သူတွေ စားဝတ်နေရေး ခက်ခဲတာရယ်၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာ၊ ကွင်းဆင်းတဲ့ ကျန်းမာရေး တပ်သားတွေ သွားလာရေး ယာဉ်တွေ ကျနော်တို့မှာ အခက်အခဲ ရှိတယ်” ဟု ပြောသည်။

RCSS အုပ်ချုပ်သည့် ဒေသတွင်း လက်ရှိတွင် ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်နေသူ ၁၀၀၀ ခန့် ရှိပြီး အရပ်သားဦးရေ ၆၀၀၀၀ ခန့်ကိုလည်း ကျန်းမာရေး အသိပညာပေးများ ပြောဆိုပြီးပြီဟု သိရသည်။

သံသယလူနာနှင့် ရောဂါ ကူးစက်ခံရသူများ ရှိလာပါက ကုသနိုင်သည့် အခြေအနေ မရှိသဖြင့် အနီးစပ်ဆုံး အစိုးရ ဆေးရုံသို့သာ ပို့ဆောင်သွားမည် ဟုလည်း ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခမ်းက ဆိုသည်။

ဧရာဝတီမှ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒေသတွင်း ဆောင်ရွက်နေသည့် အခြေအနေများကို မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အချို့တပ်ဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန် တရုတ်နိုင်ငံထုတ် Test Kit များကို ဝယ်ယူသုံးစွဲနေကြသည့် တပ်ဖွဲ့များလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရန် ဓာတ်ခွဲခန်း ၂ ခုမှာ ရန်ကုန်မြို့တွင်သာ ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားသည့် ပြည်နယ်များတွင် မရှိပါ။

You may also like these stories:

ဘုံရန်သူ COVID-19 ကို ပူးပေါင်းတိုက်ထုတ်၍ ငြိမ်းချမ်းရေး ယူပေးသင့်သည်

အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ

ဆေးပစ္စည်းကိရိယာတွေ အဓိကလိုအပ်နေလို့ တတ်နိုင်သလောက် ကူညီဖို့ ပြောလိုပါတယ်

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများထဲက COVID -19 ကာကွယ်ရေး

Your Thoughts …
Tags: ကော်မတီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

ကုန်သွယ်စီးပွားနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီတို့တွင် ဒုဗိုလ်ချုပ်ကြီးညိုစော ပါဝင်လာ

ကုန်သွယ်စီးပွားနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီတို့တွင် ဒုဗိုလ်ချုပ်ကြီးညိုစော ပါဝင်လာ

by ဧရာဝတီ
9 August 2023
7.2k

ဒုဗိုလ်ချုပ်ကြီးညိုစောသည် စစ်တက္ကသိုလ်အပတ်စဉ် ၂၃ မှဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့တွင် ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးစသည့် တာဝန်များကို ထမ်းဆောင်ခဲ့ကာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်အားကိုးရသော လူယုံတဦးလည်း ဖြစ်သည်။

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

by ဧရာဝတီ
22 November 2023
3.6k

တန်ဆောင်တိုင်ပွဲတော်ကို ဖျက်သိမ်းလိုက်သဖြင့် ပြိုင်ပွဲဝင် လွှတ်တင်ကြမည့် မီးပုံးပျံအသင်းများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှု ကုန်ကျစရိတ် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

by ဖီးနစ်
7 December 2023
3.5k

အမျိုးသားနေ့သည် ကျောင်းသားလူငယ်တို့၏ မဟုတ်မခံ တော်လှန်လိုသော စိတ်ဓာတ်၊ အာဏာရှိသူကို တော်လှန်လိုသော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် နေ့ထူးနေ့မြတ်တခု ဖြစ်လေသည်။

တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစား

တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစား

by ဧရာဝတီ
15 September 2023
2.2k

မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီနှင့် ပတ်သက်သည့် ပြည်သူ့စစ်များနှင့် လားရှိုးတွင် တွေ့ဆုံသည်။

အာဏာမက်မောလို့ ပြိုကျပျက်ဆီးသွားတဲ့ စစ်တပ်ဖြစ်သွားပြီ (ရုပ်/သံ)

အာဏာမက်မောလို့ ပြိုကျပျက်ဆီးသွားတဲ့ စစ်တပ်ဖြစ်သွားပြီ (ရုပ်/သံ)

by ဧရာဝတီ
27 March 2024
1.9k

အာဏာသိမ်း စစ်တပ်ဟာ စစ်မျက်နှာအားလုံးမှာ သမိုင်ဝင် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပြီး တပ်ရင်း တပ်ဖွဲ့တွေလိုက် အလံဖြူထောင် လက်နက်ချတာတွေ၊ တင့်ကား ဟောင်ဝေဇာ လက်နက်တွေပါ ဆုံးရှုံးနေရတဲ့ စစ်တပ်ရဲ့ အခြေအနေဟာ စစ်အာဏာမသိမ်းခင် အချိန်နဲ့ နှိုင်းယှဉ်ရင် ဆီနဲ့ရေလို...

Next Post
မာချူပီချူရှေးဟောင်းမြို့တော်

ခရီးသွားတွေ လာရောက်မှု မရှိတော့တဲ့ မာချူပီချူရှေးဟောင်းမြို့တော်

Iron Cross အဖွဲ့မှ အဆိုတော် မျိုးကြီး  / ဧရာဝတီ

အခြေအနေတွေ တည်ငြိမ်သွားရင် IC နှစ် ၃၀ ပြည့်ပွဲမှာ ပြန်တွေ့ကြဖို့ အဖွဲ့သားများ ပြော

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate