သတင်း

တီးတိန် Case 1 လူနာ ဆေးရုံ ဆင်းခွင့်ရ

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ တီးတိန်မြို့မှ စတင်တွေ့ရှိခဲ့သည့် COVID-19 ရောဂါပိုးရှိသူ Case 1 လူနာကို ၃ ကြိမ်တိုင်တိုင် ဆက်တိုက် စစ်ဆေးရာ Negative တွေ့ရှိသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဝန်ကြီး ဦးစိုးထက်က “Case 1 က ၃ ကြိမ်စစ်တာ Negative ဆိုတော့ ဆင်းခွင့်ရတော့မယ်။ မနက်ဖန် ဆင်းတော့မယ်။ ကျန်တဲ့လူနာ ၄ ဦးက Positive ပဲထွက်နေတော့ မဆင်းရသေးပါဘူး။ ဒါပေမယ့် လူတွေကတော့ ကျန်းကျန်း မာမာပဲလို့ ပြောတယ်။ ရန်ကုန်ပို့ထားတဲ့ ၄၈ ဦး ထဲမှာမှ ဟားခါးက ၆ ဦးစစ်တာမှာ အခုမနက်က တွေ့တဲ့ Case 150 ကို တွေ့ရှိတာ ဖြစ်တယ်။ case 1 ကို ဆေးရုံက ဆင်းရင် hotel Quarantine ထားမယ်”ဟု ပြောသည်။

သို့ဖြစ်ရာ Case 1 လူနာ တွေ့ရှိခဲ့သည့် ကပ်တဲလ်ကျေးရွာကို lockdown ဖြုတ်ရန် သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု သိရသည်။

ဧပြီလ ၂၇ ရက်နေ့က Case-1 အပါအဝင် လူနာ ၅ ဦးနှင့်အတူ သံသယလူနာ ၄၃ ဦး၊ စုစုပေါင်း ၄၈ ဦးကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းတွင် စစ်ရန် ပေးပို့ရာမှ Case-1 မှာ Negative တွေ့ရှိခြင်းဖြစ်ပြီး ကျန်လူနာ ၄ ဦးက Positive ဖြစ်နေဆဲ ဖြစ်ကြောင်း၊ သံသယလူနာများကို စစ်ဆေးမှုရလာဒ်တွင် ပိုးတွေ့လူနာ ၁ ဦး ယနေ့ ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့ လူနာ ၆ ဦး ဖြစ်လာသည်။

ထိုအတည်ပြုလူနာများမှာ Case 1 အပါအဝင် case 23၊ 31၊ 78၊ 113 နှင့် 150 တို့ ဖြစ်ပြီး တီးတိန်ဆေးရုံနှင့် ဟားခါး ဆေးရုံတို့တွင် သီးသန့်ထားရှိ ကုသပေးနေသည်။

ပိုးတွေ့လူနာများတွေ့ရှိထားသည့် ကပ်တဲလ်ရွာအပါအဝင် လွယ်ဘွာလ်းရပ်ကွက်ရှိ မာန်ဂင့်လမ်း၊ ကမ်းဟောက်လမ်း၊ ဒေါ်မန်ငိုက်ဇင့်နေအိမ်၊ ဦးဆုံဒိုခမ်နေအိမ်တွင် နေထိုင်သူများအနေဖြင့် ပြင်ပသို့ သွားလာခြင်း မပြုရန်နှင့် ပြင်ပမှ လူများသည်လည်း အဆိုပါနေရာများသို့ ဝင်ရောက်ခြင်းမပြုရန် တီးတိန်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဧပြီလ ၁၉ ရက်က ထုတ်ပြန်ထားသည်။

၃၆ နှစ်အရွယ် Case 1 လူနာသည် မတ် ၁၃ ရက်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ဖျားခြင်း၊ အန်ခြင်း၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများ ခံစားခဲ့ရပြီးနောက် ဆေးစစ်မှု ပြုလုပ်ခဲ့ရာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့သို့ ပိုးရှိကြောင်း ကြေညာခဲ့သည့် မတ်လ ၂၃ ရက်နေ့မှ စပြီး ပိုးတွေ့သူလူနာအား တီးတိန်ပြည်သူ့ ဆေးရုံ ပို့ဆောင်ကာ သီးသန့်ခန်းအတွင်း၌ စောင့်ကြည့်ကုသမှု ပြုလုပ်ခဲ့ပြီး ဆေးစစ်မှုကို ၅ ကြိမ်ထက် မနည်း ထပ်မံပြုလုပ်ခဲ့သည်။

ဆက်စပ်လင့်

တီးတိန် Case 1 လူနာ ဆေးစစ်ရလာဒ် ပထမအကြိမ် Negative တွေ့ရှိ

COVID-19 ကြောင့် ရှမ်းမြောက် ပလောင် ၈ ရွာ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading