COVID – 19 အတည်ပြု လူနာအဖြစ် သတ်မှတ်ခံထားရသည့် ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်နေသော တပ် မတော် အရာရှိ ၃ ဦးကို ယင်းနိုင်ငံက ဆက်လက်ကုသမှု ပေးမည် ဖြစ်ပြီး လက်ရှိတွင်လည်း ကျန်းမာရေး ကောင်းမွန် ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အားလုံးက အရာရှိတွေပါ။ ဘက်စုံသင်တန်း တက်နေကြတာပါ။ နောက်ဆုံး အခြေအနေ က သူတို့ကို ရုရှားကပဲ ကု သပေးမှာ ဖြစ်တယ်။ စစ်သံရုံးကလည်း သူတို့ကို အခြေအနေမပြတ် ဆက်သွယ်ပြီးတော့မှ ကူညီစောင့်ရှောက်ပေးလျက် ရှိပါတယ်”ဟု ပြောသည်။
ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်နေသော သင်တန်းသား အရာရှိများအနက် Russian University of Transport (MIIT/RUT) တက္ကသိုလ်မှ သင်တန်းသား ၂ ဦးနှင့် Moscow Power Engineering Institute (MPEI) တက္ကသိုလ်မှ သင်တန်းသား ၁ ဦးတို့တွင် COVID – 19 ရောဂါပိုးကို ဧပြီလ ၂၇ ရက်နေ့တွင် တွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတကာမှ သင်တန်းသားများအနက် နိုင်ဂျီးရီးယားနိုင်ငံသား ကျောင်းသားတဦးထံ တွင် COVID – 19 ရောဂါပိုး စတင် တွေ့ ရှိရပြီးနောက် ယင်းကျောင်းသား နေထိုင်သည့် အဆောင်ရှိ ၅ လွှာနှင့် ၎င်းမကြာခဏ သွားရောက်သည့် ၆ လွှာကို Lockdown ချခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ယင်း ၅ လွှာနှင့် ၆ လွှာတွင် နေထိုင်သည့် သင်တန်းသားများကို ဧပြီလ ၁၀ ရက်နှင့် ၂၀ ရက်တို့တွင် လို အပ်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာသင်တန်းသား အရာရှိ ၂ ဦးတွင် COVID – 19 ပိုး တွေ့ ရှိခဲ့ခြင်း ဖြစ် သည်။
ရုရှားနိုင်ငံတွင် COVID – 19 ရောဂါပိုး ပြန့်ပွားမှုကြောင့် ယင်းသင်တန်းသား ၂ ဦး တက်ရောက်နေသည့် MIIT တက္က သိုလ်၏ သင်တန်းများကို အဝေးရောက် သင်ကြားမှုစနစ်ဖြင့် ပို့ချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ MPEI တက္ကသိုလ်တွင်လည်း မတ်လ ၁၉ ရက်မှစ၍ အဝေးရောက် သင်ကြားမှု စနစ် စတင်ခဲ့သော်လည်း ဧပြီ လ ၁၂ ရက်နေ့တွင် မြန်မာသင်တန်းသားများ နေထိုင်သည့် အဆောင်သို့ COVID – 19 အတည်ပြု ရုရှားသင်တန်း သားများ မကြာခဏ လာရောက်ခဲ့သဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာသင်တန်းသားတဦးထံတွင် ရောဂါပိုး တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အချိန်အထိ ပြည်တွင်း၌ တပ်မတော်သားများထံတွင် COVID -19 ရောဂါပိုး တွေ့ ရှိရမှု မရှိကြောင်း တပ် မတော်က ပြောဆိုထုတ်ပြန်ထားပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ပြင်ပသို့ ထွက်ခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် ကန့်သတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID – 19 အတည်ပြုလူနာပေါင်း ၁၅၀ ဦး ရှိသည်။
You may also like these stories:
COVID-19 အတည်ပြုနိုင်သည့် စက်များဖြင့် ပြည်သူကို စစ်ဆေးပေးရန် တပ်မတော် ပြင်ဆင်
ဟုမ္မလင်းတွင် ရှမ်းနီတပ်နှင့် တပ်မတော်တိုက်ပွဲဖြစ်