နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား ၁ ဦးတွင် ယနေ့ မနက် ၄ နာရီခွဲက ဓာတ်ခွဲအတည်ပြု စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်သည်မှာ ဧပြီ ၃၀ ရက်နေ့က ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း ရောဂါများ ခံစားရသဖြင့် မေလ ၁ ရက်နေ့တွင် နယ်မြေခံ တပ်မတော် ဆေးရုံရှိ ကုသဆောင်တွင် သီးခြားစောင့်ကြည့်၍ ကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း၊နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာများကို စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ပြီး လက်ရှိကျန်းမာရေး အခြေအနေ မှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
၎င်းနှင့် ဆက်စပ် ထိတွေ့မှု ရှိခဲ့သူများကိုလည်း လိုအပ်သည့် ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ် စောင့်ကြပ်ခြင်းများ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်-
ရုရှားနိုင်ငံရောက် တပ်မတော်အရာရှိ ၂ ဦးတွင် COVID-19 ရောဂါပိုးထပ်တွေ့
COVID-19 ရောဂါပိုး တွေ့ ရှိထားသည့် တပ်အရာရှိ ၃ ဦး ရုရှားတွင် ဆက်လက် ကုသမည်