မြန်မာရွှေ့ပြောင်းလုပ်သားများနေရပ်ပြန်ရေး ထိုင်းအစိုးရ ခွင့်ပြုချက်စောင့်ဆိုင်းနေ
ထိုင်းနိုင်ငံရှိ နေရပ်ပြန်လိုသော မြန်မာရွှေ့ပြောင်းလုပ်သားများ
နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးစခန်းများသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ
ထိုင်းနိုင်ငံခြားရေးအရာရှိများ
ထိုင်းနိုင်ငံတွင် ညမထွက်ရ အမိန့်မထုတ်ပြန်မီက နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများသည် ညဘက် ပြေးဆွဲသော ဘတ်စ်ကားစီးကာ နောက်နေ့မနက်အစောတွင် နယ်စပ်ဂိတ်များသို့ ရောက်ရှိပြီး မြန်မာနိုင်ငံတွင်းသို့ ပြန်ကြလေ့ရှိသည်။ ရွှေ့ပြောင်းလုပ်သားအများစုသည် ကရင်ပြည်နယ် မြဝတီတဖက်ကမ်းမှ မဲဆောက်၊ ရှမ်းပြည်နယ် တာချီလိတ်တဖက်ကမ်းမှ မယ်ဆိုင် သို့မဟုတ် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းတဖက်ကမ်းရှိ ရနောင်းမြို့တို့ရှိ နယ်စပ်စစ်ဆေးရေး စခန်းများသို့ ပြန်ကြခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို
မြန်မာနိုင်ငံသို့ပြန်ရန် စောင့်ဆိုင်းနေသော ရွှေ့ပြောင်းလုပ်သားများ၏ မည်သည့်အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်ရမည်လဲဟူသော အမေးအတွက်မူ ထိုင်းအစိုးရထံမှ အကြောင်းပြန်ချက် ရလျှင်ရချင်း ထုတ်ပြန်ပေးပါမည်ဟု အလုပ်သမားသံအရာရှိက ပြောသည်။
မြန်မာနှင့် ထိုင်းအစိုးရများသည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု
ထိုမတိုင်မှီ မတ်လနှောင်းပိုင်းက မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတား စစ်ဆေးရေးစခန်းမှတဆင့် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သား ၈၀၀၀၀ ကျော် ပြန်လာကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၏ အဆိုအရ သိရသည်။
နေရပ်ပြန်များအတွက် မြန်မာအစိုးရကလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်မှု (ကွာရင်တင်း) စင်တာများ ပြင်ဆင်ထားပြီး နယ်စပ်ဂိတ်တွင်လည်း အပူချိန်တိုင်းတာခြင်းကဲ့သို့ ကျန်းမာရေးစစ်ဆေးမှု ဝန်ဆောင်မှုလည်း ပေးနေသည်။ နေရပ်ပြန်လာသူများသည် မြဝတီနှင့် ဘားအံမြို့ အပါအဝင် ၎င်းတို့ ဒေသအသီးသီးရှိ မြို့များတွင် ၂၁ ရက် အသွားအလာကန့်သတ်ထားသောနေရာများ
ထိုင်းနိုင်ငံဘက်ခြမ်းမှ ကန့်သတ်ချက်များရှိသော်လည်း မဲဆောက်-မြဝတီ နယ်စပ်စစ်ဆေးရေးစခန်းတွင် မေလ ၁ ရက်နေ့မှ အင်္ဂါနေ့အတွင်း လူ ၁၈၂ ဦး ဝင်ရောက်ခဲ့ကြောင်း မြဝတီမဲဆန္ဒနယ်မှ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၏ အဆိုအရ သိရသည်။
နယ်စပ်ဂိတ်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပြီး အင်္ဂါနေ့တွင် ပြန်လာသူ ၂၂ ဦးတို့သည် နယ်စပ်မပိတ်မီ မိနစ် ၂၀ ခန့်အလို ညနေခင်းအစောပိုင်းတွင် မြဝတီကို ဖြတ်သန်းပြန်လာကြောင်း ဦးသန့်စင်အောင်က ပြောသည်။ သို့သော် မေလ ၆ ရက်နေ့တွင်မူ ပြန်ဝင်လာသူ တဦးမှ မရှိကြောင်းလည်း ဆိုသည်။
အင်္ဂါနေ့ ညနေက ပြန်လာသူ ၂၂ ဦးအနက် တဦး၏ အဆိုအရ ၎င်းတို့အား မနက်အစောကတည်းက ဂိတ်မှ ဖြတ်သန်းခွင့်မပေးဘဲ နယ်စပ်ဂိတ်ကို ပိတ်ထားသည်ဟု ထိုင်းအာဏာပိုင်များက ပြောကြောင်း၊ သို့သော် ၎င်းတို့ဆက်လက်စောင့်ဆိုင်းနေ
ပြန်လာမည့်သူများအတွက် ကရင်ပြည်နယ်၌ အသွားအလာကန့်သတ်စောင့်ကြည်မှု စင်တာများတွင် လူဦးရေ ၅၀၀၀ အတွက် ပြင်ဆင်ထားကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးသော ဗီဒီယို ကွန်ဖရင့်တွင် ပြောသည်။
အစိုးရက နေရပ်ပြန်များကို ၎င်းတို့ဇာတိရပ်ရွာများသို့ ပို့ဆောင်ပေးပြီး ထိုဒေသများတွင်ပင် ကွာရင်တင်း ဝင်ရမည်ဖြစ်သည်။ မတ်လအတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စာရင်းအရ ရွှေ့ပြောင်းလုပ်သားအများစုသည် ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်များ ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ယနေ့အထိ ကမ္ဘာတဝှမ်း လူဦးရေ ၃.၆ သန်းကူးစက်ခံထားရကာ ၂ သိန်းခွဲနီးပါး သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ သိရသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၀၀၀ ခန့်ရှိပြီး သေဆုံးသူ ၅၅ ဦးရှိသည်။
ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇၆ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိသည်။
( Nyein Nyein ၏ Myanmar Migrant Workers Await Thai Green Light to Return Home ဘာသာပြန်ဆိုပြီး အချက်အလက်များ ဖြည့်စွက်ထားပါသည်။)
You may also like these stories:
အလုပ်သမားများ အိမ်ပြန်ခွင့်သာဖို့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အားလုံး ဖွင့်ပေးသင့်သည်
တရားမဝင် အလုပ်သမားများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးမည်