သတင်း

တရုတ်နယ်စပ်ပြန် ရွှေ့ပြောင်းလုပ်သားများအတွက် လားရှိုး- မန္တလေးရထား နေ့စဉ်ပြေးဆွဲ

Want create site? Find Free WordPress Themes and plugins.

တရုတ်နယ်စပ်မှ ပြန်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် လားရှိုး- မန္တလေး ရထား ခရီး စဉ်အား နေ့စဉ် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာမီးရထား အမှတ်(၃) သွားလာရေး/တိုင်းမှ လက်ထောက် မန် နေဂျာ ဦးနေလင်းအောင်က “လောလောဆယ် အနေအထားအရ ဒီကို ဝင်လာမယ့် ခရီးသည် အရေအတွက် အပေါ် မူတည်ပြီး မန္တလေး-လားရှိုး ရထား ခရီးစဉ်ကို နေ့စဉ် ပြေးဆွဲဖို့ ရှိပါတယ်။ ရထားချိန်ကလည်း သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ ညှိနှိုင်းပြီး ၂ ဖက် အဆင်ပြေမယ့် အချိန်ကို ပြေးဆွဲပေးတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

မေလ ၆ ရက်မှ စတင်၍ တရုတ်နယ်စပ်မှ မန္တလေးတိုင်းသို့ ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သားများ အတွက် လားရှိုးမှ မန္တလေးအထိ ရိုးရိုးတန်း ရထား ခရီးစဉ်အား စတင်ပြေးဆွဲခဲ့ရာ လားရှိုးမှ နံနက် ၅ နာရီထွက်ခွာ၍ မန္တလေးသို့ ည ၈ နာရီခန့်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဦးနေလင်းအောင်က “မန္တလေး ဘူတာကြီးကို ရောက်တော့ သူတို့ သက်ဆိုင်တဲ့ နေရပ်တွေပြန်ဖို့အတွက် သက်ဆိုင်တဲ့ ဌာနတွေက လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးတာတွေ၊ ကားစီစဉ်ပေးတာတွေ ဆက်လုပ်ပေးပါတယ်” ဟု ရှင်းပြသည်။

မေလ ၆ ရက်က လားရှိုးမှ မန္တလေးသို့ ရထားဖြင့် လိုက်ပါလာသော ခရီးသည် အရေအတွက် ၄၂၀ ရှိပြီး ယမန်နေ့ က ၃၆၉ ဦး ပါဝင် ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ဧရာ ဝတီကို ပြောသည်။

“ရထားနဲ့ ဆိုတော့ နေရပ်ပြန်မယ့် သူတွေအတွက် အချိန်လည်း မကုန်တော့သလို သူတို့ကို စီစဉ်ပေးရတာ ပိုလွယ် ကူတယ်။ ပြီးတော့ အုပ်ချုပ်ရေး ယန္တရားအတွက်လည်း အရမ်း ဝန်မပိတော့သလို ငွေကုန်ကြေးကျ ပိုအတော် သက် သာသွားတယ်” ဟု ၎င်းက ဆိုသည်။

ဧပြီ ၂၆ ရက်မှ စတင်၍ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရှိ စိုက်ပျိုးရေး လုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးနှင့် အခြား အလုပ်များ သွားရောက် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မိမိနေရပ် ဒေသ အသီးသီးသို့ နယ်စပ်မှ တဆင့် ကုန်းလမ်းဖြင့် ဝင်ရောက်လျက် ရှိသည်။

ထို့သို့ နယ်စပ်မှတဆင့် မန္တလေးတိုင်းသို့ ဖြတ်သန်းပြီးမှသာ လုပ်သားများ၏ သက်ဆိုင်ရာ နေရပ်များသို့ ရောက်ရှိမည် ဖြစ်သည့်အတွက် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် အစိုးရတို့က လုပ်သားများ နေရပ်ပြန်လည် ရောက်ရှိရေးအတွက် ညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

ပြန်လာကြသည့် လုပ်သား အများစုသည် မြေလတ်ဒေသများ ဖြစ်သော ပြည်၊ မကွေး၊ ကျောက်ပန်းတောင်း၊ ရမည်း သင်း စသည့်တို့ဘက်မှ အများဆုံး ဖြစ်ပြီး ၎င်းတို့သည် မိမိ၏ သက်ဆိုင်ရာနေရပ်သို့ ရောက်ရှိပါက သတ်မှတ်နေရာ တွင် အသွားအလာ ကန့်သတ်မှု၂၁ ရက်နှင့် အိမ်တွင် အသွားအလာ ကန့်သတ်မှု ၇ ရက် မဖြစ်မနေ ခံယူရမည် ဖြစ် သည်။

ဧပြီ ၂၆ ရက်မှ မေ ၅ ရက်အတွင်း မူဆယ်၊ ချင်းရွှေဟော်တို့မှ ပြန်လာပြီး မန္တလေးတိုင်းကို ဖြတ်ကာ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လာသော မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၇၄၇၉ ဦး ရှိသည်ဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ မန္တလေးတိုင်းမှ တရုတ်နယ်စပ်သို့ သွားရောက် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၈၂၀၀ ကျော်ရှိရာ တိုင်းအစိုးရ အနေဖြင့်လည်း ယင်းလုပ်သားများ ပြန်လာပါက ကျန်းမာရေး ဆိုင်ရာ အသွားအလာ စောင့် ကြည့်ကန့်သတ်မှုများ (Quarantine) ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထား၍ ဧပြီ ၃၀ ရက်အထိ မန္တလေးတိုင်းရှိ သတ်မှတ် နေရာများတွင် အသွားအလာ ကန့်သတ်မှု ခံယူနေသော လုပ်သားပေါင်း ၃၀၀၀ ကျော် ရှိသည်ဟု သတင်း ထုတ်ပြန် ထားသည်။

ဆက်စပ်ဖတ်ရှုရန်

အလုပ်သမားများ အိမ်ပြန်ခွင့်သာဖို့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အားလုံး ဖွင့်ပေးသင့်သည်

ရွှေ့ပြောင်းလုပ်သား ၄ သောင်းကျော်အတွက် ပြင်ဆင်ထားပြီးဟု မန္တလေးတိုင်းအစိုးရပြော

Did you find apk for android? You can find new Free Android Games and apps.
Loading