သတင်း

ပလက်ဝတွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ပလက်ဝမြို့ အနီးဝန်းကျင် တဝိုက်တွင် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) အဖွဲ့တို့ အကြား မေ ၇ ရက်နေ့မှစ၍ ယနေ့ အထိ နှစ်ဘက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ပလက်ဝမြို့ပေါ် အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဦးအိုက်ထွန်းမင်း က “တိုက်ပွဲက ပလက်ဝ အနီးဝန်းကျင် ပတ်ပတ် လည်မှာ ဖြစ်နေကြတာ။ မနေ့က မြို့အနောက် ဘက် TV တိုင်ရှိတဲ့ တောင်ကုန်းကို လေယာဉ်တွေနဲ့ လာတိုက်တာ ရှိတယ်။ တိုက်ပွဲ ကတော်တော် ပြင်းတယ်။ TV တိုင်ကတော့ ဘယ်အချိန်လဲသွားမှန်း မသိဘူး။ ဒီနေ့ မနက်ကြည့်တော့ မတွေ့တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲတွင် တပ်မတော်က ဂျက်ဖိုက်တာ ၂ စီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် မြို့အနီး ဝန်းကျင်ရှိ တောင်တန်းများကို လည့်ပတ် တိုက်ခိုက်ခဲ့ပြီး AA တပ်ဖွဲ့ဝင်များကလည်း ပြန်လည် ပစ်ခတ်မှုများ ရှိကြောင်း မြို့ခံများ ထံမှ သိရသည်။

ပလက်ဝမြို့ခံ တဦးက “TV တိုင်က မနေ့ကလည်းက ထိသွားတာ။ ဒီနေ့လည်း မြို့အရှေ့ဘက်ကမ်း ရုပ်ဝ ကျေးရွာ အနီးက တောင်တန်းတွေမှာ ဖြစ်နေတုန်း။ နေ့လည်ပိုင်းလောက်က ဂျက်လေယာဉ်တွေနဲ့ လာပစ်တာရှိတယ်။ မြို့ခံတွေကလည်း ဘာဖြစ်မယ် ဆိုတာ မသိကြတော့ဘူး။ လူတွေကလည်း အကုန် ကြောက်ပြီး အပြင်လည်း မထွက်ရဲကြဘူး ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်ပြီး ဧရာဝတီက တပ်မတော် သတင်းပြန်ကြား ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှှစ်စစ်ဝန်ကြီး ဦးစိုးထက်တို့ထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။

လက်ရှိအချိန်တွင် တိုက်ပွဲများကြောင့် ပလက်မြို့ပေါ်အပါအဝင် မြို့နယ်တွင် စစ်ဘေးရှောင် ၁၀၀၀၀ ခန့်ရှိကြောင်း ပလက်ဝ မြို့ပေါ် အရပ်ဘက်လူမှု အဖွဲ့အစည်းများထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း ပလက်မြို့ ပေါ် မြန်မာ့ စီးပွားရေး ဘဏ်ထဲ လက်နက်ကြီးကျည်ဆန် ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်းထမ်း စာရေးမ ၁ ဦး အပါအဝင် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။

ယင်းနေ့ ပလက်ဝမြို့ အရှေ့ဘက်ကမ်း ရုပ်ဝကျေးရွာအနီး စိုက်ခင်းတွင် ဟင်းခူးနေသူ ဒေါ်သန်းသန်းဝင်း ၄၀ နှစ် မှာလည်း လက်နက်ကြီး ကျည်ထိမှန်ခဲ့သည့်အတွက် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက် ဝမြို့နယ် အစပ်တွင် တည်ရှိသည့် မီးဝ ဗျူဟာကုန်းတွင် တပ်မတော်နှင့် AA အဖွဲ့တို့ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြရာ ရက်ပေါင်း ၄၀ ကျော်ထိ ကြာမြင်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ မီးဝဗျူဟာကုန်း တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်မှ စတင်ပြီး ကျောက်တော် – ပလက်ဝ လိုင်းစက် လှေများမှာ ယနေ့အထိ ရပ်တန့်သွား ခဲ့သည့်အတွက် ပလက်ဝမြို့ နယ်အတွင်းက ဒေသခံပြည်သူများမှာ စားနိရိက္ခာ အခက်ကြုံ တွေ့ရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ချင်းတိုင်းရင်းသားများ အပါအဝင် ရခိုင်တိုင်းရင်းသား များလည်း နေထိုင်ကြပြီး မြို့နယ် တခုလုံး၏ လူဦးရေမှာ ၁ သိန်းကျော် ရှိကြောင်း ချင်းပြည် နယ် အစိုးရအဖွဲ့ ၏ စာရင်းများအရ သိရသည်။

You may also like these stories:

ပလက်ဝ စစ်ရှောင်များအတွက် အဆောက်အအုံများ ဆောက်ရန် အစိုးရ သိန်း ၂၄၀၀ ပံ့ပိုး

Did you find apk for android? You can find new Free Android Games and apps.
Loading