• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်၌ Mask မတပ်ဘဲ အပြင်ထွက်သူများကို ကျပ် ၅ ထောင်ဒဏ်ရိုက်မှု စတင်

by အောင်သီဟ
13 May 2020
in သတင်း
A A
ပုဇွန်တောင်မြို့နယ်အတွင်း Mask မတပ်သူများကို အရေးယူမှုပြုလုပ်စဉ်/Myint Myat Thu / Facebook

ပုဇွန်တောင်မြို့နယ်အတွင်း Mask မတပ်သူများကို အရေးယူမှုပြုလုပ်စဉ်/Myint Myat Thu / Facebook

7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှာခေါင်းစည်း (Mask) မတပ်ဘဲ အပြင်ထွက်ပါက အရေးယူ မည့် အစီအစဉ် ယနေ့စတင်ရာ Mask မတပ်ဘဲ အပြင်ထွက်လာသူများကို ကျပ် ၅ ထောင် ဒဏ်ရိုက် ကြောင်း သိရသည်။

ယနေ့ မေလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်အတွင်းတွင် Mask မတပ်ဘဲ အပြင် ထွက်လာသော အမျိုးသား ၁၂ ဦး နှင့် အမျိုးသမီး ၁ ဦးတို့ကို ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေအရ ကျပ် ၅ ထောင်စီ ဒဏ်ရိုက်ခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မြတ်သူက ဧရာဝတီသို့ ပြောသည်။

RelatedPosts

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

18 June 2025
97
သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
1.1k
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
313

၎င်းက “ ဒါက ပြည်သူတွေအားလုံးရဲ့ ကျန်းမာရေးအတွက် အစိုးရက လုပ်ဆောင်တာပါ။ ဒီလို မျိုး အရေးယူမှုတွေ လုပ်မယ်ဆိုတာလည်း တိုင်းအစိုးရကလည်း ကြေညာထားပြီဖြစ် ပါတယ်။ နောက်ရက်တွေမှာလည်း အခုလိုမျိုးအရေးယူမှုတွေ ဆက်လုပ်ဆောင်ဖို့က မြို့နယ် ကိုဗစ် ကော်မတီက အစီအစဉ်တွေ ဆွဲထားတာ တွေ ရှိပါတယ်” ဟု ဆိုသည်။

Mask မတပ်ဘဲ အပြင်ထွက်လာသူများကို မြို့နယ် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး နှင့် အရေး ပေါ် တုံ့ပြန့်ရေး ကော်မတီက ဦးဆောင်မှုဖြင့် မြို့နယ်ရဲစခန်း၊ ကျန်းမာရေး၊ စည်ပင်သာ ယာရေး ကော်မတီမှ တာဝန်ရှိသူများ အပါအဝင် ပူးပေါင်းအဖွဲ့က စောင့်ကြည့် ဖမ်းဆီးပြီး မြို့နယ် ကျန်းမာရေးမှုးက တရားလိုလုပ်ဆောင်၍ တရားစွဲကာ ဒဏ်ငွေ ၅ ထောင်စီ ဒဏ်ရိုက် ခဲ့ဖြစ် ကြောင်း သိရသည်။

ယင်းသို့ အရေးယူမှု အပိုင်းများကို အခြားမြို့နယ်များသည်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်လျက်ရှိကြကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။

လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “ ကျနော်တို့ဆီ မှာတော့ Mask မတပ်ဘဲ အပြင်ထွက်လာတဲ့သူတွေလည်း မတွေ့ရတော့ အရေးယူမှု အပိုင်းတော့ မလုပ်သေးဘူး။ နောက်ရက်နေ့တွေမှာ Mask မတပ်ဘဲ အပြင်ထွက်လာတဲ့ သူတွေရှိလာရင်တော့ အရေးယူမှု အပိုင်းတွေ လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုအပိုင်းသည် စိတ်ချရသည့် အခြေအနေ မရှိသေး သည့်အတွက် အများပြည်သူများ ကျန်းမာရေးအတွက် ယခုလို အရေးယူမှုများ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးအပေါ်တုံ့ပြန်ရေး ကော်မတီက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် အပြင်ထွက်ပါက Mask တပ်ရန် နှင့် လူ ၅ ဦးထက် ပိုစုပါက မတ်လ ၁၃ ရက်နေ့မှ စတင်ကာ အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

You may also like these stories:

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ခန့် မလေးရှား ပြန်ပို့

ဈေးတွေမှာ နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အားပေး

ကာကွယ်ဆေး မပေါ်သေးသော်လည်း ကျောင်းများ ပြန်ဖွင့်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော

Your Thoughts …
Tags: Maskကိုဗစ်ကော်မတီကူးစက်ရောဂါ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်

မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်

by Wolfgang Preiser, Cheryl Baxter နှင့် Jean Nachega
28 August 2024
1.4k

လက်ရှိ Mpox ဖြစ်ပွားမှု အရှိန်မြင့်လာခြင်းက ဖော်ပြနေသည်မှာ အဆိုးဆုံးအခြေအနေမှ လွန်မြောက်ပြီဟု ကျေနပ်နေခြင်းသည် မှားယွင်းနေကြောင်းပင် ဖြစ်သည်။

၂၀၁၈ ခုနှစ်က ကလေးငယ်တဦးကို ကာကွယ်ဆေးထိုးပေးစဉ် / UNICEF

ကာကွယ်ဆေးမထိုးရသေးသည့် သန်းနှင့်ချီသော ကလေးငယ်များ ရောဂါကူးစက်မည့် အန္တရာယ် ကျရောက်နေ

by ယုဇန
30 May 2023
8.4k

"ကူးစက်ရောဂါဖြစ်လာရင်တော့ ထိန်းချုပ်ဖို့ ခက်လိမ့်မယ်" ဟု ကိုနေက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

နာဂဒေသမှ ကူးစက်ရောဂါ ခံစားနေရသောကလေးငယ် / Emergency Response Team to Naga region facebook

နာဂတွင် ကူးစက်ရောဂါကြောင့် လူ ၂၀ ဦး ထပ်မံသေဆုံး

by နန်းဆိုင်နွမ်
25 August 2016
996

“စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေ ၂၀ ဦး ထပ်တိုးလာ”

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး အတွင်းမြင်ကွင်းတခု

စစ်အာဏာရှင်စနစ်နဲ့ မလာဘံနိုင်တဲ့ အာရောဂျံ

by သာဦး
8 May 2023
7.8k

ပညာရေးကို အွန်လိုင်းက သင်သလို ကျန်းမာရေးကျတော့ အွန်လိုင်းက ကုလို့ မရတော့ပါဘူး။

ကရင်ပြည်နယ်တဝန်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၄,၅၁၀ ရှိပြီး ၂၀၂၀ ပြည့်နှစ် အလားတူအချိန်က ဖြစ်ပွားမှု ၃၉၉ ခုနှင့် နှိုင်းယှဉ်နိုင်သည်။

စစ်ဒဏ်ခံမြန်မာတွင် ငှက်ဖျားကူးစက်မှု ရာခိုင်နှုန်း တထောင်ကျော် ခုန်တက်

by ဧရာဝတီ
6 April 2023
4.5k

ဖာပွန်မြို့နယ်တွင် ဒီဇင်ဘာလက ကူးစက်မှု ရုတ်တရက် မြင့်မားလာခြင်းသည် အန္တရာယ်ကြီးမားသည့် Plasmodium falciparum ငှက်ဖျား ကပ်ပါးပိုး ဖြစ်သည်။

သရုပ်ဆောင် သက်မွန်မြင့် / Thet Mon Myint's Facebook

“ဘယ်သွားသွား စနစ်တကျ Mask တပ်ကြပါ”လို့ သက်မွန်မြင့် ပြော

by ချစ်ပိုး
11 December 2020
3.3k

“အခုချိန်မှာ ဝိတ်ချဖို့ထက် ကျန်းမာရေးကောင်းအောင် နေမလား၊ လှအောင် နေမလားဆိုရင် ကျန်းမာရေးကောင်းအောင် နေဖို့က အဓိကပါပဲ။

Next Post
မတ်လ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ / သီဟလွင် / ဧရာဝတီ

Semi-Lockdown ချခံထားရသည့် ရန်ကုန် ၁၀ မြို့နယ်က အမတ်များတွင် COVID - 19 ပိုး မတွေ့

ရန်ကုန်မှာ mask မတပ်သူတွေကို ပုဇွန်တောင်မြို့နယ်က အရေးယူ ဒဏ်ရိုက်ပြီ (ရုပ်/သံ)

ရန်ကုန်မှာ mask မတပ်သူတွေကို ပုဇွန်တောင်မြို့နယ်က အရေးယူ ဒဏ်ရိုက်ပြီ (ရုပ်/သံ)

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate