သတင်း

မန္တလေးတိုင်း ညမထွက်ရ ၁၀ နာရီမှ ၁၂ နာရီ ပြောင်း

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း၌ မေလ ၁၆ ရက်မှ စတင်၍ ညမထွက်ရ အမိန့်အား ည ၁၀ နာရီအစား ည ၁၂ နာရီမှ နံနက် ၄ နာရီ အဖြစ် ဖြေလျှော့ပေးလိုက်ကြောင်း တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

“ကာထိန်းကု ဗဟိုကော်မတီ (COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟို ကော်မတီ) ရဲ့ ညွှန် ကြားချက်အရက ညမထွက်ရ အမိန့်ကို ည ၁၂ နာရီ ပြောင်းသွားတယ်။ အခုက အမိန့်ကို အချိန်ပြောင်းပေးတာ ဆိုတော့ ဖြေလျှော့ပေးတယ်ဆိုရင် မမှားပါဘူး” ဟု ၎င်းက မီဒီယာများအား မေလ ၁၃ ရက် ညနေပိုင်းက ရှင်းလင်းပြော ကြားသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ဧပြီလ ၁၇ ရက်မှ စတင်၍ မည်သူမဆို လုံလောက်သော အကြောင်းပြချက် မရှိဘဲ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အပြင် ထွက်ခွာခြင်း မပြုရန်နှင့် ကုန်စည် စီးဆင်းမှု အတွက်ဆိုပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန်၊ နေ့ခင်းတွင်လည်း အိမ်ထောင်စု တစုလျှင် လူ ၁ ဦးသာ အပြင်ထွက်ရန်၊ အပြင်ထွက်ပါက Mask များ မဖြစ်မနေ တပ်ရန်အတွက် ဧပြီ ၁၆ ရက်က တိုင်းအစိုးရ အဖွဲ့က အမိန့် ထုတ်ပြန်ထားသည်။

“ကိုဗစ်ဟာ သူ့ကို ကာကွယ်တဲ့ ကာကွယ်ဆေး တီထွင် ထုတ်လုပ်နိုင်ပြီး လက်ထဲကို ရောက်ရှိတဲ့အထိ ရှိနေမှာပဲ။ အဲဒီ တော့ ကိုဗစ်နဲ့ အတူ ရှင်သန်ရေး ကြိုးပမ်းကြတာပဲ။ ဒီအတွက် အားလုံးက စံသတ်မှတ်ချက်တွေကို လေးလေးစားစား လိုက်နာ ဆောင်ရွက်ရင်တော့ အောင်မြင်မှာပေါ့” ဟု ဦးဇာနည်အောင်က ပြောသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာပြီ ဖြစ်သလို ဒေသအလိုက် စီးပွားရေး လုပ် ငန်းများ အဆင့်လိုက် ပြန်လည် စတင်နိုင်ရန်အတွက် အမျိုးသားအဆင့်မှ စတင် ဖြေလျှော့မှု များပြုလုပ်ပြီ ဖြစ်သော် လည်း လူထုအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ရေး အတွက် မပေါ့ဆကြဘဲ သတိရှိရန် လိုအပ်သည်ဟု ၎င်းက ဆို သည်။

ဆက်လက်၍ ဦးဇာနည်အောင်က “ရောဂါဖြစ်ပွား ပျံ့နှံတဲ့ အခြေအနေရယ်၊ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်း ညွှန်ချက်ရယ် အဲဒီ နှစ်ချက်အပေါ် မူတည်ပြီး တိုင်းဒေသကြီးအတွက် လိုအပ်တာတွေ ဆောင်ရွက်သွားရမှာပါ” ဟု ပြောဆိုသည်။

မေလ ၁၃ ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ်၁၉ ရောဂါပိုး တွေ့ရှိသူ ၁၈၁ ဦး ရှိ၍ သေဆုံးသူ ၆ ဦးနှင့် ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၇၉ ဦး ရှိကာ မန္တလေးတိုင်းရှိ ကိုဗစ်လူနာ ၃ ဦး လုံးသည် ရောဂါပိုး ကင်းစင်၍ ဆေးရုံမှ ဆင်းခွင့် ရရှိကာ သတ်မှတ်နေရာများတွင် အသွားအလာ ကန့်သတ်မှု ခံယူလျက် ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

မန္တလေးရှိ COVID-19 လူနာအမျိုးသမီး ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရ

မန္တလေးတိုင်းရှိ စက်ရုံ ၆၀၀ ကျော် ပြန်လည် ဖွင့်လှစ်

Semi-Lockdown ချခံထားရသည့် ရန်ကုန် ၁၀ မြို့နယ်က အမတ်များတွင် COVID – 19 ပိုး မတွေ့

Did you find apk for android? You can find new Free Android Games and apps.
Loading