• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်နယ်/တိုင်းများရှိ ကန့်သတ်ချက်များ ဖြေလျှော့မှု သိပ်မများနိုင်

by ဇူးဇူး
14 May 2020
in သတင်း
A A
ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ Lockdown လုပ်ထားသည့် လမ်းတချို့ / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ Lockdown လုပ်ထားသည့် လမ်းတချို့ / အောင်ကျော်ထက် / ဧရာဝတီ

7.7k
VIEWS
Share on FacebookShare on Twitter

 

နိိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိုးမြှင့်ထုတ်ပြန်ထားမှုမှာ မေလ ၁၅ ရက်တွင် ပြည့်ပြီ ဖြစ်သည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
89
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
33
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
927

အဆိုပါ အမိန့် ညွှန်ကြားချက်နှင့် ပတ်သက်၍ ယနေ့ နေ့လယ် ၂ နာရီ အချိန်ထိ ယင်းကော်မတီမှ တစုံတရာ ထပ်မံ သတင်း ထုတ်ပြန်ခြင်း မရှိသေးပါ။

သို့သော် လက်ရှိ မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်မှုနှုန်း အပေါ် မူတည်ကာ မေ ၁၅ နောက်ပိုင်း ကန့်သတ် တားမြစ်ချက်များနှင့် ပတ်သက်သည့် အပြောင်းအလဲများ၊ ဖြေလျှော့မှုများ ရှိနိုင်လာမည်ဟု ပြည်သူလူထုက မျှော်လင့် ထားသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ထုတ်ပြန်ထားသည့် တားမြစ် ကန့်သတ်မှုများကို မေ ၁၆ ရက်မှ စတင်ကာ တဆင့်ခြင်း ပြန်လည် ဖြေလျှော့သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသား ဖော်ပြထားသည်။

“ဖြေလျှော့သင့်တဲ့အချိန် ဖြေလျှော့ပြီး တင်းကျပ်သင့်ရင် ပြန်တင်းကျပ်သွားပါမယ်” ဟုလည်း ၎င်းက သတိပေး ပြောဆိုထားသည်။

ဧပြီ ၁၈ ရက်မှ စတင်၍ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားခြင်းကို မေလ ၁၅ ရက်မှ စတင်ကာ ည ၁၂ နာရီမှ နံနက် ၄ နာရီသို့ ပြောင်းလဲပြင်ဆင်လိုက်သည့် ပြည်ထောင်စု ညွှန်ကြားချက်မှလွဲ၍ တခြားအမိန့် တစုံတရာ မရောက်ရှိသေးကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးကျော်မင်းက ဧရာဝတီကို ပြောသည်။

“ညမထွက်ရ အမိန့် ပြောင်းလဲသွားတဲ့ ညွှန်ကြားချက်မှ လွဲ၍ ကျန်တာ(ဒေသန္တရ အမိန့်/တားမြစ်ချက်များ) မပြောင်း လဲသေးပါဘူး။ အရင်အတိုင်းပဲ ရှိပါသေးတယ်” ဟု ဝန်ကြီး ဦးကျော်မင်းက ယနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ပြော သည်။

မေ ၁၅ အလွန် ဒေသန္တရ အမိန့်၊ တားမြစ်ချက်များ ပြောင်းလဲမှု ရှိ မရှိနှင့် ပတ်သက်၍ လတ်တလော အခြေအနေအရ ပြော၍ မရသေးပါဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင် ဝန်ကြီး ဦးစိုးထက်ကလည်း “လောလောဆယ် ပြည်ထောင်စုက လမ်းညွှန်ချက်ကို စောင့်နေပါတယ်။ ၁၅ ရက်ထိ ကြေညာထားတာ ဖြစ်တဲ့အတွက် ဒီရက်ပိုင်း ညွှန်ကြားချက်တွေ ထွက်လာဖို့ စောင့်နေကြတာ” ဟု ပြောသည်။

လတ်တလောတွင် ချင်းပြည်နယ်အတွင်း စားသောက်ရေး အခက်အခဲ မဖြစ်စေရန် ဈေးများကို နံနက် ၆ နာရီမှ နေ့ လယ် ၁၂ နာရီအထိ ဖွင့်ခိုင်းထားပြီး စားသောက်ဆိုင်များကိုတော့ ပါဆယ်စနစ်ဖြင့် ရောင်းချခိုင်းလျက် ရှိကြောင်း၊ လူ တိုင်း အပြင်ထွက်မည် ဆိုပါက နှာခေါင်းစည်း (Mask) တပ်ရန် လမ်းညွှန်ကြားထားကြောင်း၊ ညမထွက်ရအမိန့် မလိုက်နာသူများကိုလည်း အရေးယူမှုများ ပြုလုပ်ထားကြောင်း ဝန်ကြီးက ရှင်းပြသည်။

ပိုးတွေ့လူနာ အများဆုံး ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ကိုဗစ်ကူးစက်မှု အသစ် ထပ်မတွေ့သည်မှာ ရက် ပေါင်း၂၀ ကျော်လာပြီ ဖြစ်သည့် မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဗိုလ်တထောင် မြို့နယ် ၄ မြို့နယ်တို့၌ ဖြေ လျော့ရန် စဉ်းစား သုံးသပ်နေကြောင်း သိရသည်။

ထို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဝန်ကြီး၊ မြို့တော်ဝန်များနှင့် ယမန့်နေက အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

“မနေ့က အတိုင်ပင်ခံ ပြောတဲ့ပုံစံက ဒီ ၄ မြို့နယ်ဟာ စည်းကမ်း လိုက်နာမှု အားကောင်းတာကြောင့် ရောဂါအသစ် ထပ်မတွေ့တဲ့ အပေါ် ကျန်တဲ့မြို့နယ်တွေလည်း နမူနာယူပြီး စည်းကမ်း လိုက်နာကြမယ်။ လူနာသစ်တွေလည်း ထပ် မတွေ့ဘူးဆိုရင် ဖွင့်ပေးဖို့အတွက် ရည်ရွယ်ပြီး ဒါကို ရှေ့ကနေ ဦးဆောင်လုပ်ပြတဲ့ သဘောပါ” ဟု ၎င်းက ရှင်းပြ သည်။

ကန့်သတ်ချက်များ ဖြေလျော့ပေးမည် ဆိုသော်လည်း စည်းကမ်း သတ်မှတ်ချက်များဖြင့်သာ သွားလာလို့ရမည့် အနေအထားဖြစ်ပြီး ယခင်လို လွတ်လွတ်လပ်လပ် သွားလာရမည် ဟူသည့် ပုံစံမျိုး မဟုတ်ကြောင်း၊ ရရှိထားသည့် အခွင့် အရေး တရပ်ကို ပြန်လည် မဆုံးရှုံးစေရန် သတိတရားဖြင့် ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက အသိပေး ပြောဆို သည်။

ဆက်လက်၍ ဦးအောင်လှိုင်ဝင်းက အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ရမည့် အလေ့အကျင့်ကို ပြစ်ဒဏ်များဖြင့် တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ လက်ဖက်ရည်ဆိုင် အပါအဝင် အစားအသောက် ရောင်းချ သည့်ဆိုင်များတွင် စားပွဲခုံများကို နေရာချဲပစ်ကာ ပုံမှန် ဝင်ဆံ့သည့် အရေအတွက်ထက် တဝက်ခန့် လျော့ချရန် စီမံ သွားမည် ဟုလည်း ဆိုသည်။

၎င်းက “လုံးဝ မထွက်ရတာနဲ့ စာရင် တဝက်လောက် လျော့ကျသွားတာကို နားလည်ပေးရမယ်။ ပုံမှန် အခြေအနေ ကတော့ ပြန်ရောက်မှာ မဟုတ်ဘူး။ ဒီ ဗိုင်းရပ်စ်ကာလမှာ တကမ္ဘာလုံးမှာ ဘယ်လုပ်ငန်းမှ ပုံမှန်အခြေအနေမှာ မရှိ ပါဘူး။ ကျနော်တို့က တတ်နိုင်သလောက် ဖြေလျော့ပေးနေတာပါ” ဟု ပြောသည်။

အဆိုပါ ၄ မြို့နယ် အတွက် အသေးစိတ် အစီအမံများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများက အမိန့်ကြေညာချက် များ ယနေ့ သို့မဟုတ် မနက်ဖြန် ထုတ်ပြန်သွားရန် ရှိသည်ဟုလည်း ၎င်းက ပြောဆိုသည်။

ကယားပြည်နယ် အစိုးရအဖွဲ့ကတော့ အပြင် သွားလာမည့် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်ရေး၊ ဈေးများ၌ ရောင်း ချလျက်ရှိသည့် ဈေးသည်/ဆိုင်များ ၆ ပေအကွာ ဖွင့်လှစ်ရေး အပါအဝင် မော်တော်ယာဉ်များ မောင်းနှင်/စီးနင်းသူများ၊ လက်ဖက်ရည်/စားသောက်ဆိုင်များတွင် ရောင်းချ/စားသုံးသူများ အနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို ၎င်း တို့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် မေ ၁၃ ရက် ညနေပိုင်းက အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ယခင် ထုတ်ပြန်ထားသည့် ဒေသန္တရ၊ တားမြစ်မိန့်များအား အနည်းငယ် ဖြေလျော့ထား သည်ကို တွေ့ရှိရသည်။

ကယားပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်အလိုက် COVID-19 ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး ကော်မတီများက ဦးဆောင်ပြီး အပြင် ထွက်သူတိုင်း နှာခေါင်းစည်း တပ်ကြရန် အသိပညာပေးမှု များ ဆောင်ရွက်နေပြီး နှာခေါင်းစည်းများကိုလည်း အခမဲ့ ပေးဝေမှုများ ပြုလုပ်လျက်ရှိသည်။

ထို့အတူ တချို့သော ဒေသများ၌ နှာခေါင်းစည်း မတပ်ဘဲ အပြင်  ထွက်လာသူများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက် သတ်မှတ်ထားသည့် ပြစ်ဒဏ်များအတိုင်း အရေးယူမှုများလည်း စတင်နေပြီ ဖြစ်သည်။

မေလ ၁၄ ရက် နံနက် ၇ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၁ ဦး ရှိပြီး ရောဂါပိုး ကင်းစင်လာသူ ၇၉ ဦး အနက် ၆၆ ဦး ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်သည်။ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ၆ ဦး ရှိသည်။

ကမ္ဘာတဝန်း နိုင်ငံများတွင်လည်း COVID-19 ကြောင့် ကန့်သတ်ထားမှုများကို စတင် လျှော့ချလာနေပြီ ဖြစ်ပြီး တဖက်ကလည်း ကန့်သတ်ချက်များ အလျင်စလို လျှော့ချပေးလိုက်ပါက ရောဂါ ကူးစက်မှုများ တကျော့ပြန် ကြီးထွားလာနိုင်ကြောင်း ကျန်းမာရေး ပညာရှင်များက သတိပေးလျက် ရှိသည်။

You may also like these stories:

မန္တလေးတိုင်း ညမထွက်ရ ၁၀ နာရီမှ ၁၂ နာရီ ပြောင်း

မြန်မာနိုင်ငံတွင်း COVID-19 ကူးစက်မှု လျော့ကျ

Semi-Lockdown ချခံထားရသည့် ရန်ကုန် ၁၀ မြို့နယ်က အမတ်များတွင် COVID – 19 ပိုး မတွေ့

Your Thoughts …
Tags: တားမြစ်ကန့်သတ်မိန့်ဖြေလျှော့ပေး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မန္တလေးမြို့အတွင်း ပြည်သူများသွားလာလှုပ်ရှားနေမှုများကို မေလဆန်းပိုင်းက တွေ့ရစဉ်  / ဇော်ဇော် / ဧရာဝတီ

မန္တလေးတိုင်းရှိ တားမြစ်ချက်များ ဦးစားပေး အဆင့် ၃ ဆင့်ဖြင့် ဖြေလျှော့မည်

by မြတ်ပြည့်ဖြိုး
14 May 2020
10.7k

ပထမဦးစားပေး အဖြစ် စည်ပင်နှင့် သက်ဆိုင်သော လုပ်ငန်းများနှင့် အရောင်းဆိုင် လုပ်ငန်း ၄၇ မျိုး ပါဝင်ပြီး ဒုတိယမှာ လုပ်ငန်း ၃ မျိုး၊ တတိယတွင် ၅ မျိုး ပါဝင်ကြောင်း သိရသည်။

Next Post
ရန်ကုန်တိုင်းအတွင်း တပ်ဆင်အသုံးပြုနေသည့် မီတာများ / ဧရာဝတီ

Stay Home ကြောင့် မီးပိုသုံးတယ်လို့ ယူဆတယ်

နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးကျော်သူ

ရေရှားပါးတဲ့ ဒေသများကို သွားရောက် လှူဒါန်းခဲ့တဲ့ ကျော်သူ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

6 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate