• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အချိန် ၁ လကျော်ကြာ COVID-19 ကူးစက်သူ ထပ်မတွေ့တော့တဲ့ နိုင်ငံများ

by ညီညီသူ
15 May 2020
in သတင်း
A A
လာအိုနိုင်ငံဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်ခံရမှု အနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။

လာအိုနိုင်ငံဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်ခံရမှု အနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။

7.5k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ၁ လကျော် လာတဲ့အထိ COVID-19 ကူးစက်ခံရတဲ့ လူနာသစ် မရှိတော့ဘူး။ လာအိုနိုင်ငံကတော့ အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ရောဂါကူးစက်ခံရမှု အနည်းဆုံးဖြစ်ပြီး ၁၉ ယောက်သာ ကူးစက်ခံခဲ့ရပါတယ်။

အခုဆိုရင်တော့ လာအိုနိုင်ငံမှာ COVID-19 ကူးစက်ခံရတဲ့ လူနာသစ်တွေ ထပ်မံမတွေ့ရှိတော့တာ ၃၃ ရက် ရှိသွားခဲ့ပါပြီ။ COVID-19 ကြောင့် လာအိုမှာ လူသေဆုံးမှုလည်း မရှိခဲ့ပါဘူး။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
37
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
222
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
1.6k

လာအိုကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဖြစ်သူ Phouthone Meaungpak ကလည်း မေလ ၁၄ ရက်နေ့က လာအိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဗီယင်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လာအိုနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် မတွေ့ရတော့ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။

လာအိုနိုင်ငံရဲ့ COVID-19 ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အဖွဲ့ကော်မတီက လာအိုနိုင်ငံအတွင်း နေရာ ပေါင်း ၆၆ နေရာမှာ လူပေါင်း ၂,၀၉၇ ယောက်ကို စောင့်ကြည့်နေတယ်လို့ ကြေညာခဲ့ပါတယ်။

မေလ ၁၃ ရက်နေ့မှာတော့ ပြည်ပရောက် လာအိုနိုင်ငံသားတွေ ပြန်လာခဲ့ကြပါတယ်။ ပြည်ပကနေ ပြန်လာခဲ့ကြတဲ့ လာအိုနိုင်ငံသားတွေထဲမှာ ထိုင်းနိုင်ငံပြန်လာသူ ၁,၄၀၉ ယောက်၊ ဗီယက်နမ်နိုင်ငံကပြန်လာသူ ၈၉၅ ယောက်နဲ့ တရုတ်နိုင်ငံက ပြန်လာသူ ၁၀ ယောက် ရှိပါတယ်။

မေလ ၁၄ ရက်နေ့ မှာတော့ သံသယလူနာပေါင်း ၄,၀၉၂ ယောက်ကို ဓာတ်ခွဲ စမ်းသပ် စစ်ဆေးခဲ့ပေမယ့် ရောဂါကူးစက် သူမရှိခဲ့သလို ကူးစက်လူနာ ၁၉ ယောက်အနက် ၁၄ ယောက်ရဲ့ကျန်းမာရေးအခြေအနေကလည်း ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။

လာအိုနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံထားရသူ ၂ ယောက်ကို မတ်လ ၂၄ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ လာအိုဟာ အချိန်တိုတိုအတွင်း COVID-19 ကို ထိန်းချုပ်နိုင်ခဲ့တဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာလည်း COVID-19 ရောဂါ ကူးစက်လူနာသစ် မတွေ့တာ ၄ ပတ် ရှိသွားခဲ့ပါပြီ။ မေလအစောပိုင်းတုန်းက UAE နိုင်ငံကနေ ဗီယက်နမ်နိုင်ငံသား ၃၁၇ ယောက်ကို ဗီယက်နမ်အစိုးရက ပြန်လည် ခေါ်ယူခဲ့ပြီး ဗီယက်နမ်ကို ရောက်တာနဲ့ ချက်ချင်း Quarantine ဝင်ခဲ့ကြပါတယ်။

ဗီယက်နမ်နိုင်ငံမှာ နောက်ဆုံးတွေ့ရှိခဲ့တဲ့ COVID-19 ကူးစက်ခံရသူဟာ Thuong Tin ခရိုင်က Dong Cuu ရွာမှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ် အာဏာပိုင်တွေက COVID-19 လူနာ နေထိုင်တဲ့ ကျေးရွာကို ၁ လကြာတဲ့အထိ Lockdown ချထားခဲ့ပါတယ်။ မေလ ၁၄ ရက်၊ ကြာသပတေး ညသန်းခေါင်ချိန်မှာတော့ လူပေါင်း ၁၂၀၀ နေထိုင်တဲ့ အဲဒီကျေးရွာရဲ့ Lockdown ကာလကို ရုတ်သိမ်းပေးမယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံမှာ လူပေါင်း ၁၃,၇၀၀ ကျော်ကို Quarantine စင်တာတွေ၊ ဆေးရုံနဲ့ နေအိမ်တွေမှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၂၈၈ ယောက်ရှိခဲ့ပြီး ၂၆၀ ယောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်ခဲ့သလို လူသေဆုံးမှုလည်း မရှိခဲ့ပါဘူး။

အလားတူ ကမ္ဘောဒီးယားမှာလည်း ၁ လကျော်ကြာလာတဲ့အချိန်အထိ ရောဂါကူးစက်ခံရသူ မရှိခဲ့ပါဘူး။ အခုဆိုရင်တော့ လူနာသစ် မတွေ့တာ ၃၃ ရက်အထိ ရှိခဲ့ပါပြီ။ ကမ္ဘောဒီးယားမှာ လူပေါင်း ၁၂၂ယောက် ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးသူ မရှိခဲ့သလို ၁၂၁ ယောက် ကျန်းမာရေးပြန် လည်ကောင်းမွန်လာခဲ့ပါတယ်။

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနကလည်း ကာလရှည်ကြာတဲ့အထိ ကူးစက်လူနာ ထပ်မံ မတွေ့ ရှိခဲ့ပေမယ့် အခြား အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာတဝှမ်းမှာ ကြုံတွေ့နေရတဲ့ COVID-19 ဒုတိယလှိုင်းမျိုး မကြုံရအောင် နိုင်ငံသားတွေအနေနဲ့ နိုးနိုးကြားကြားနေသင့်တယ်လို့ အကြံပြုထားပါတယ်။

Ref: khmertimeskh, thestar

Your Thoughts …
Tags: COVID-19ကမ္ဘောဒီးယားဗီယက်နမ်လာအို
ညီညီသူ

ညီညီသူ

Similar Picks:

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

by Anthony Davis
17 July 2024
8.6k

လာမည့်နှစ်အတွင်း မြန်မာ၏ ဖရိုဖရဲနိုင်သည့် စစ်မြေပြင်ကို ပုံဖော်ရာတွင် အဓိက အချိန်မရွေး ပြောင်းလဲနိုင်သည့် အခြေအနေ နှစ်ခုသည် အရေးပါမည်ဖြစ်သည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

by ဧရာဝတီ
5 September 2023
7.9k

ရှီကျီကျန့်နှင့် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူတို့ အကျိုးအမြတ်ခွဲဝေခံစားသည့် ရွှေကုက္ကိုလ်စီမံကိန်းသည် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ရာဇဝတ်မှုများဖြင့် နာမည်ဆိုးကျော်ကြားလျက်ရှိသည်။

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

by Thompson Chau
15 December 2023
4.8k

စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။

ထိုင်းမှ တရုတ်သို့ ပြည်နှင်ဒဏ်ပေးခြင်းက ပွင့်လင်းမြင်သာမှု မရှိ

ထိုင်းမှ တရုတ်သို့ ပြည်နှင်ဒဏ်ပေးခြင်းက ပွင့်လင်းမြင်သာမှု မရှိ

by Dominic Faulder
27 April 2024
4.3k

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် တာဝန်ခံသည့် ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ် ဆူရာချာတီ ဟက်ပန်၏ အဆိုအရ ထိုလုပ်ငန်းစဉ် တခုလုံးတွင် လေယာဉ်ခရီးစဉ် ၁၅ ခု ပါဝင်ကြောင်း သိရသည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

by ဧရာဝတီ
16 May 2024
3.9k

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ခေတ်သစ်တွင် သြဇာအကြီးမားဆုံး ရာဇဝတ်ကွန်ရက် အလျင်အမြန် ဖြစ်လာနေသည့် လူကုန်ကူးမှုနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု၏ ဗဟိုချက်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

Next Post
မန္တလေးတွင် လမ်းသွားလမ်းလာများ နှာခေါင်းစည်းတပ်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က တင်းကျပ်နေစဉ် / ဇော်ဇော်

ကိုဗစ်-၁၉ ဥပဒေချိုးဖောက်မှု ပြစ်ဒဏ်အမျိုးမျိုးအပေါ် ဝေဖန်နေ

အမေဇုန်မှာ သစ်တောပြုန်းတီးမှုတွေက အရှိန်အဟုန်နဲ့ တိုးမြင့်နေဆဲပါ။

ကိုဗစ်ကာလအတွင်း အမေဇုန်မှာ သစ်တောပြုန်းတီးမှု မြင့်တက်နေဆဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate