• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကမ္ဘာ့ဘဏ်၏ ချေးငွေ ဒေါ်လာသန်း ၅၀ ဖြင့် အစိုးရ ဆေးရုံ ၅၁ ရုံ အဆင့်မြှင့်မည်

by ထက်နိုင်ဇော်
18 May 2020
in သတင်း
A A
နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံကြီးကို ဒေါက်တာမြင့်ထွေး ၂၀၁၉ ခုနှစ်အတွင်းက စိစစ်ခဲ့စဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံကြီးကို ဒေါက်တာမြင့်ထွေး ၂၀၁၉ ခုနှစ်အတွင်းက စိစစ်ခဲ့စဉ် / ထက်နိုင်ဇော် / ဧရာဝတီ

11.7k
VIEWS
Share on FacebookShare on Twitter

အတိုးသက်သာသည်ဟုဆိုသော ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀ အသုံးပြု၍ တနိုင်ငံလုံးရှိ ဆေး ရုံပေါင်း ၅၁ ရုံကို ကိုဗစ် – 19 ရောဂါပိုး ပြင်းထန်နေချိန် ကာလအတွင်း အဆင့်မြှင့်တင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြင်ဆင်လျက် ရှိကြောင်း သတင်း ရရှိသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ မြလေးစိန်က အထက်ပါချေးငွေကို လွှတ်တော်မှ အတည်ပြုပေးရန် တင်ပြစဉ် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
93
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
38
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
945

တနိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ်အဆင့် ဆေးရုံကြီး ၄၃ ရုံ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဗဟိုအဆင့် ဆေးရုံကြီး ၈ ရုံတို့၏ အထူးကြပ်မတ် ကုသဌာနများနှင့် လိုအပ်သည့် ဆေးရုံသုံး ကိရိယာများ ဖြည့်ဆည်းရန် သန်း ၅၀ ထဲမှ ဒေါ်လာ ၄၈.၅ သန်းကို အသုံးပြုမည် ဖြစ်ကြောင်း ဒေါက်တာ မြလေးစိန်က လွှတ်တော်တွင် ပြောသည်။

ယခု ၂၀၁၉ – ၂၀၂၀ ဖြည့်စွက် ဘတ်ဂျက်တွင် ဒေါ်လာ ၂၅ သန်း စတင် သုံးစွဲရန် လျာထားကြောင်း၊ ဒေါ်လာ သန်း ၅၀ ထဲမှ ကျန်ရှိသည့်ငွေကြေးများကို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးရန် အမေရိကန်ဒေါ်လာ ၁ သန်း၊ စီမံခန့်ခွဲမှုနှင့် အရည်အသွေး စစ်ဆေးမှု ဒေါ်လာ ၅ သိန်း အသုံးပြုမည်ဟု သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက“ဒီငွေတွေရဲ့ ၄၈ သန်းလောက်က ဆေးရုံတွေကို ရောက်သွားမှာ။ ဆေးရုံတွေရဲ့ စွမ်းဆောင်နိုင်မှု၊ ဆေးရုံတွေမှာ လူနာ လက်ခံနိုင်တဲ့ အရည်အတွက်၊ တဖက်ကလည်း ဝန် ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်တဲ့အပိုင်းတွေ လုပ်မယ်။ ဒီဟာတွေကို မျှဝေသုံးစွဲရမှာပေါ့”ဟု ဧရာဝတီသို့ ပြော သည်။

ယခုအခြေအနေအရ မြန်မာနိုင်ငံတွင် ကိုဗစ် ပိုးတွေ့ လူနာ ၁၈၀ ကျော် ရှိသဖြင့် ထိန်းထားနိုင်သော်လည်း ကူးစက်မြန် ရောဂါများသည် ကမ္ဘာပေါ်တွင် ၁၀ နှစ် တကြိမ်ခန့် ပေါ်ပေါက်လာသဖြင့် ရေရှည်အတွက် ကုသရေးပိုင်းကို ကြိုတင် ပြင်ဆင်ရမည် ဖြစ်ကြောင်း ယင်းကျန်းမားရေး အရာရှိက ပြောသည်။

“အခု လူနာ ၁၈၀ ကျော်မှာ ထိန်းထားနိုင်တယ်။ ၁၈၀ ကနေ ၁၈၀၀ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ဒါတွေက ပြောလို့ မရ ဘူး။ အဆိုးဆုံးကို မျှော်လင့်ပြီး အကောင်းဆုံးကို ပြင်ဆင်ထားတာပဲ။ အဲဒီတော့ ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေက ဒါတွေအတွက် ပါပဲ။ ကိုဗစ်အလွန်ကာလမှာလည်း ကူးစက်မြန်ရောဂါတွေက ရှိနိုင်တယ်”ဟု ဒေါက်တာ သန်းနိုင်စိုးက ရှင်းပြသည်။

 

၎င်းက ဆက်၍ “အဲလို အခြေအနေမျိုးမှာ ကျနော်တို့ရဲ့ Health System ရဲ့ စွမ်းဆောင်နိုင်ရေက မြင့်မားဖို့ လိုတယ်။ အဲလို စွမ်းဆောင်နိုင်ရေ မြင့်မားရင် ကျနော်တို့ရဲ့ စီးပွားရေး လူမှုရေး သက်ရောက်မှုတွေ သက်သာလိ့မ်မယ်။ အဲဒါကြောင့် ဒီ System ရဲ့ စွမ်းဆောင်ရည် မြင့်တင်တဲ့နေရာမှာ အဓိကထားပြီး သုံးမှာ”ဟု ပြောသည်။

ကိုဗစ် – 19 ရောဂါပိုးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆးခဲ့သူ လူပေါင်း ၁၄၅၆၁ ဦး၊ စောင့်ကြည့် လူနာပေါင်း ၄၃၄၄၄ ဦး၊ ပိုးတွေ့လူနာ ၁၈၇ ဦး၊ ပိုးတွေ့ပြီး ပြန်လည် သက်သာသူ ၉၇ ဦး၊ သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မြလေးစိန်က လွှတ်တော်တွင် ပြောသည်။

ယခု ကမ္ဘာဘဏ်၏ ချေးငွေတွင် ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေး တိုးတက်စေရန်လည်း ပါဝင်သည် (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

ယခု ချေးယူသည့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ ကိုဗစ် – 19 အရေးပေါ် တုံ့ပြန်ရေးစီမံချက် ခေါင်းစဉ်ဖြင့် ၂ နှစ်ကာလ သတ်မှတ်ချက်ဖြင့် သုံးစွဲတော့မည် ဖြစ်သည်။

“မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်နေ့က စပြီး တွေ့ရှိခဲ့တဲ့ ကိုဗစ် – 19 ဗိုင်းရပ်စ်ပိုးဟာ နေရာ အနှံ့အပြားသို့ ရောဂါ ပျံ့နှံ့ ကူးစက်နေပါတယ်။ လူအမြောက်အများကို ထိရောက်စွာ ကုသပေးဖို့ အခု ကိုဗစ် – 19 သာ မကဘဲ အခြား ဖြစ်ပေါ်လာ နိုင်တဲ့ ကပ်ရောဂါတွေအတွက်ပါ အထူးကြပ်မတ်ဆောင်တွေ အဆင့်မြှင့်တင်ရန် လိုအပ်နေပါတယ်”ဟု ဒေါက်တာ မြ လေးစိန်က လွှတ်တော်တွင် ပြောသည်။

ယခု ကမ္ဘာဘဏ်၏ ချေးငွေ ဒေါ်လာ သန်း ၅၀ သည် ဆိုင်းငံ့ကာလ ဆိုင်းငံ့ကာလ ၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်၊ ချေးငွေ သက်တမ်း နှစ် ၃၀၊ အတိုးနှုန်း တစ်နှစ်လျှင် ၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဝန်ဆောင်ခ တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင် နှုန်း ဖြစ်၍ သက်သာသော ချေးငွေဖြစ်သောကြောင့် အတည်ပြုပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ လွှတ်တော်တွင် ထောက်ခံ တင်ပြခဲ့သည်။

“စီမံကိန်း အသုံးစရိတ်များကို ထိရောက်မြန်ဆန်စွာ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲဖို့ ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနက ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စီမံကိန်း တိုးတက်မှု အစီရင်ခံစာတွေကိုလည်း ပုံမှန်တင်ပြပေးဖို့ လိုပါတယ်”ဟု ဦးမောင်မောင်ဝင်းက ပြောသည်။

ယခုလို ချေးငွေရယူမည့် ကိစ္စကို ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ၊ စီးပွားရေး ကေ်ာမတီ တို့မှ တဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ တင်ပြခဲ့ပြီး ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ ၊ အစည်းအဝေး ၇/၂၀၂၀ တွင် အတည်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာအထိ စာချုပ်ချုပ်ဆိုပြီး ချေးယူထားသည့် ပြည်ပ ချေး ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၇.၀၅၃ သန်း၊ ထုတ်ယူ သုံးစွဲငွေ အမေရိကန် ဒေါ်လာ ၇၅.၈၀၆ သန်း ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လွှတ်တော်သို့ တင်ပြချက်အရ သိရသည်။

ထို့ကြောင့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက ကိုယ်စားလှယ် နေရာ အများစုဖြင့် ကြီးစိုးထား သည့် ပြည်ထောင်စု လွှတ်တော်တွင် ယခု ချေးငွေ အတည်ပြုရန်မှာ အခက်အခဲ ရှိမည် မဟုတ်သော်လည်း တိုင်းပြည်၏ ကျန်းမာရေးစနစ် ပိုကောင်းမွန်လာရေး အစိုးရ၏ စွမ်းဆောင်နိုင်မှုအပေါ်တွင် မေးခွန်းများ ဆက်ရှိနေဆဲ ဖြစ်သည်။

You may also like these stories:

ကိုဗစ်လူနာ ၆၂ ရာခိုင်နှုန်း ရောဂါလက္ခဏာ မပြ

ဧရာဝတီတိုင်းအတွင်း နှာခေါင်းစည်းမတပ်ဘဲ သွားလာပါက ဒဏ်ရိုက်တော့မည်

အခြေခံလူတန်းစားများကို စားသောက်ကုန်အစား ငွေထောက်ပံ့ပေးရန် အစိုးရ ပြင်ဆင်

Your Thoughts …
Tags: ကမ္ဘာ့ဘဏ်၏ ချေးငွေ ဒေါ်လာသန်း ၅၀
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သရုပ်ဆောင် ဘုန်းလျှံ  / Bhone Hlan's Facebook

မိခင်အတွက် ရည်စူးပြီး သာ့သနာဘောင် ခေတ္တ ဝင်ခဲ့တဲ့ ဘုန်းလျှံ

အဆိုတော် ဖြူဖြူကျော်သိန်း  / Phyuphyukyawthein's Facebook

ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းအသစ်ကို ချီးကျူးလိုက်တဲ့ ဖြူဖြူကျော်သိန်း

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate