သတင်း

စောဒေးဗစ်လားနှင့် သင်းအုပ်ဆရာ စောကွယ်ဝါး ကို အင်းစိန်ထောင်သို့ ပို့ဆောင်

Want create site? Find Free WordPress Themes and plugins.

COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးကာလအတွင်း လူစုလူဝေးဖြင့် ဘာသာရေးပွဲ ပြုလုပ်ခဲ့ကာ အမိန့်ချိုးဖောက်ခဲ့သည့် ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနှင့် အင်းစိန်မြို့နယ်မှ သင်းအုပ်ဆရာ စောကွယ်ဝါးတို့အား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ယနေ့မေလ ၂၀ ရက် တွင် ရုံးထုတ်ရမန်ယူခဲ့သည်။

၎င်းတို့အား တရားစွဲဆိုရန်အတွက် COVID-19 ရောဂါပိုးကင်းစင်ပြီး ကန့်သတ်စောင့်ကြည့် ကာလပြည့်သည် အထိ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင် သတ်မှတ်ရက် အရင်ပြည့်သူ ၂ ဦးအား ရုံးထုတ်ကာ ချုပ်မိန့်ရမန် ရယူခဲ့ခြင်းဖြစ်ပြီး အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်ခဲ့ ကြောင်းလည်း သိရသည်။

စောဒေးဗစ်လားအား မရမ်းကုန်းမြို့နယ်တရားရုံးတွင် လည်းကောင်း၊ စောကွယ်ဝါးအား အင်းစိန်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ကျန်သူများဖြစ်ကြသည့် ဦးဝေထွန်း(နဝ ရတ် တေးသံသွင်း)မှာ Quarantine မပြည့်သေးကြောင်း၊ အမှုတော်ဆောင် စောရေဂန်ဒီမှာလည်း ဆေးရုံ၌ပင် ရှိနေသေးကြောင်း တာဝန်ရှိသူများထံက သိရသည်။

အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်လတ်က “ စောဒေးဗစ်လားတို့က မရမ်းကုန်းမှာ ထုတ်တာပါ၊ ကျနော်တို့ အင်းစိန်ကတော့ စောကွယ်ဝါး ၁ ယောက်ပဲ ရုံးထုတ်တာပါ၊ ကျန်တဲ့ ၁ ယောက်က ဆေးရုံမှာပဲ ရှိပါသေးတယ်၊ အခု လောလောဆယ် သူ့ကို ထောင်မှာသွားအပ်နေတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပွဲလမ်းသဘင်များ၊ လူစုလူဝေးများ မပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရက အမိန့်ထုတ်ပြန်ခဲ့သော်လည်း သင်းအုပ်ဆရာ စောကွယ်ဝါးနှင့် အမှုတော်ဆောင် စောရေဂန်ဒီတို့သည် အင်းစိန်မြို့နယ်၊ ကြို့ကုန်း အရှေ့ရပ်ကွက်၊ ကျမ်းစာသင် ကျောင်းလမ်းရှိ ဘုရားကျောင်းတွင် မတ်လ ၂၂ ရက်နေ့က လူစုလူဝေးဖြင့် ဝတ်ပြု ဆုတောင်းမှု ပြုလုပ်ခဲ့သည့်အတွက် အရေးယူခံရခြင်းဖြစ်သည်။

စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့သည် မရမ်းကုန်းမြို့နယ်အတွင်းရှိ အခန်း ၁ ခုတွင် လူစုလူဝေး ဖြင့် အင်တာနက်တွင် တိုက်ရိုက်ထုတ်လွှင့်(LVIE)ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် အရေးယူခံရခြင်းဖြစ်သည်။

တရားလိုဖြစ်သူ မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က “ကျနော်တို့ မရမ်းကုန်းမြို့နယ်မှာက စောဒေးဗစ်လားက ဧပြီ ပထမပတ် တပတ်လုံးနီးနီး အခန်းထဲမှာ လူစုနဲ့ အွန်လိုင်းမှာ Live လွှင့်တာပေါ့၊ အဲဒီအချိန်မှာ ကျနော်တို့က လူမစုရ ဒေသန္တရအမိန့် တွေ ထုတ်ပြီးပြီ၊ အဲဒါကိုချိုးဖောက်လို့ အမှုဖွင့်တာပါ၊ သူတို့တခန်းလုံးလည်း ကူးစက် ခံခဲ့ရတယ်” ဟု ပြောသည်။

၎င်းတို့အနေဖြင့် လူစုလူဝေးပြုလုပ်မှုကြောင့် ကိုယ်တိုင်လည်း ကူးစက်ခံခဲ့ရပြီး ထပ်မံကူးစက်မှု အနေဖြင့် လူဦးရေ ၈၀ ခန့်ရှိခဲ့ကာ ၂ ဦးသေဆုံးခဲ့ရသည်။မြန်မာနိုင်ငံတွင်ရောဂါကူး စက်မှု ကွင်းဆက်များအတွင်း ၎င်းတို့၏ ကူးစက်မှုမှာ အကြီးဆုံး ဖြစ်နေသည်။

၂၀၁၃ ခုနှစ် သဘာဝ ဘေးအန္တ ရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တွင် “ မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ ဆစွာ ဆောင်ရွက်မှုတခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစုံတရာ ကျရောက် နိုင် သည်ကို သိလျှက်နှင့် တမင် ပြုလုပ်မှု ကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို ၃ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်”ဟု ပြဌာန်းထားသည်။

ဆက်စပ်လင့်

မြန်မာနိုင်ငံမှာ ၄ ရက်အတွင်း မလေးရှားပြန် ၉ ယောက်ထံ ကိုဗစ်ပိုးတွေ့

အိးဒ်နေ့၌ လူစုလူဝေး မလုပ်ဖို့ ဝန်ကြီးဌာန အကြောင်းကြား

ပိုးတွေ့မှုအများဆုံး အင်းစိန်မှာ COVID-19 ကာကွယ်ရေး ဘယ်လိုလုပ်နေလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading