တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အောက်ရှိ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း(CMEC) များကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံဘက်တွန်းအားပေး လာလျက်ရှိ သည်။
မေလ ၂၀ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြရာတွင် သမ္မတရှီကျင့်ဖျင်က စီးပွားရေး စင်္ကြ ံစီမံကိန်းများကို တက်ကြွသော တိုးတက်မှုများ ရရှိရန် တွန်းအားပေးဖော်ဆောင်ရမည်ဟု ပြောကြားခဲ့ ကြောင်း နိုင်ငံတော်သမ္မတရုံး နှင့် တရုတ်သံရုံး (မြန်မာ) ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းအပြင် နှစ်နိုင်ငံ နယ်စပ်ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရားကို ကောင်းမွန်စွာ အသုံးချ၍ နယ်စပ်တည် ငြိမ်အေးချမ်းရေး နှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်ရေးအတွက် ဘက်စုံစီမံခန့်ခွဲ ဆောင်ရွက်ရမည့် ကိစ္စရပ်အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည်ခရီးစဉ်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံ (CMEC) စီမံကိန်းများဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) အတွက် သဘော တူညီချက် တခု နှင့် ရှယ်ယာပိုင်ဆိုင်မှု သဘောတူညီချက်၊ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ရည်ညွှန်းချက်စာလွှာ နှင့် ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် နှင့် ပတ်သက် ၍ စေ့စပ်ညှိနှိုင်းမှုအား အရှိန်မြှင့်ရန် နားလည်မှုစာခွျှန်လွှာ တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
Sandhi Governance Institute ၏ ဒါရိုက်တာ ဦးခိုင်ဝင်း က “ဒီစီမံကိန်းတွေက တရုတ်အတွက် မဟာဗျူဟာ မြောက်စီမံကိန်းတွေဖြစ်တော့ သူကတော့ အရင်ကတည်းကလည်း တွန်းနေတာပဲ။ မြန်မာအနေနဲ့က ပြောင်း လဲသွားတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေ၊ အာရှ တိုက်ရဲ့ ဒေသတွင်း စီးပွားရေးအခြေအနေ တရုတ် နိုင်ငံရဲ့ အခြေအနေ အားလုံးကို ထည့်သွင်းတွက်ချက်ပြီး ဒီရင်းနှီးမြှုပ်နှံမှုတွေအပေါ် စဉ်းစားသင့်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်ဘက်ကို မျှတမှု မရှိသည့် နယ်စပ်ကုန်သွယ်ရေး၊ စိုက်ပျိုးရေး နှင့် အခြေခံ အဆောက်အဦး ကဏ္ဍများတွင် နည်းပညာအကူအညီများ ရရှိရေးတို့ကိုလည်း ပြန်လည်တိုက်တွန်းတောင်းဆို သင့်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ကျဆင်းနေချိန်တွင် ၎င်း၏ ကုန်တွင်းပိတ် ယူနန်ပြည်နယ်ဖွံ့ဖြိုးရေး နှင့် ရေနံတင်သွင်းမှုကို မလက္ကာရေလက် ကြားကို ရှောင်ကွင်း၍ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ဝင်ခွင့်ရရှိမည့် ဗဟာဗျူဟာမြောက်စီမံကိန်းများကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။
စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က “သူတို့မူလ သဘောတူညီချက်အတိုင်းက ဆက်လုပ်သွား မယ်ပေါ့။ အခုလိုကာလမှာက တခြားလည်း ရင်းနှီးမြှုပ်နှံမှုက လာမယ့် အလားအလာလည်း မရှိတော့ အချိန် ကာလသာ နှေးတာမြန်တာ ဖြစ်သွားနိုင်မယ်” ဟု ဆိုသည်။
ထို့ပြင် ကျဆင်းနေသော စီးပွားရေးနှိုးဆွမှုများအတွက် ပမာဏကြီးသော အခြေခံအဆောက်အဦးရင်းနှီးမြှုပ် နှံမှုများ ဝင်ရောက်ရန်လိုအပ်မည်ဖြစ်ခြင်းကြောင့် အချိန်မြန်မြန်ဖြင့် စတင်လာနိုင်သော်လည်း အစိုးရ၏ ကိုဗစ် -၁၉ ကြောင့် စီးပွားရေးပြန်လည်ကုစားရေးအစီအစဉ် CERP တွင် မပါဝင်လာသေးကြောင်း ၎င်းက သုံးသပ်သ ည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံစီမံကိန်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်း နှင့် မြန်မာ နိုင်ငံ၏ အဓိက စီးပွားရေး အချက်အချာနေရာများဖြစ်သော မန္တလေးမြို့၊ ရန်ကုန်မြို့ နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့အထိ ဆက်သွယ်ချိတ်ဆက်သွားမည် ဖြစ်သည်။