• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပထမအသုတ် စစ်ဆေးသည့် ထိုင်းပြန် ၂၂၅ ဦး COVID-19 ပိုးမတွေ့

by ထွန်းထွန်း
25 May 2020
in သတင်း
A A
မဲဆောက်မြို့အမှတ် ၂ ချစ်ကြည်ရေး တံတားထိပ်တွင် မြန်မာနိုင်ငံသို့ ပြန်ရန် စောင့်နေကြသည့် လုပ်သားများ  / ကျော်ခ / ဧရာဝတီ

မဲဆောက်မြို့အမှတ် ၂ ချစ်ကြည်ရေး တံတားထိပ်တွင် မြန်မာနိုင်ငံသို့ ပြန်ရန် စောင့်နေကြသည့် လုပ်သားများ / ကျော်ခ / ဧရာဝတီ

8.3k
VIEWS
Share on FacebookShare on Twitter

မဲဆောက်-မြဝတီ နယ်စပ်ဂိတ်မှတဆင့် ပြန်လည်ဝင်ရောက်ခဲ့သူများထဲမှ မေလ ၂၃ ရက်နေ့တွင် ၂၂၅ ဦးအား အာ ခေါင်/နှာခေါင်းတို့ဖတ် (Swab) ရယူစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း မြဝတီမြို့နယ်၊ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

မေလ ၂၄ ရက်နေ့က ပြန်လည်ဝင်ရောက်သူများထဲ COVID-19 စစ်ဆေးရန် နမူနာရယူထားသူ ၁၇၆ ဦး၏ အဖြေမှာ မသိရှိရသေးဘဲ ယနေ့မေလ ၂၅ ရက်နေ့ ဝင်ရောက်သူများထံမှလည်း နမူနာများ ရယူလျှက် ရှိနေကြောင်း သိရသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
64
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
636
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
10

ဦးသန့်ဇင်အောင်က “ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊မွန် ကလွဲရင် ကျန်တဲ့နေရာကလူတွေကို ဓာတ်ခွဲနမူနာ ယူ ထားမှာဖြစ်တယ်၊ သူတို့ ၅ နေရာက လူတွေကတော့ သူတို့နေရာပြန်ရောက်မှ Quarantine တာဝန်ရှိသူတွေက တာဝန်ယူပြီး ဆက်ဆောင် ရွက်မှာပေါ့၊ အခုကတော့ အဲ့ဒီလိုပဲ လုပ်မယ့်အနေအထားပေါ့၊ နောက်ပိုင်းအစီအစဉ် ပြောင်း၊ မပြောင်းတော့ မပြောတတ်ဘူး” ဟု ပြောသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် မေလ ၂၃ ရက်နေ့က စတင်ကာ မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံ တားမှ မေလ ၂၃ ရက်နေ့က ၆၉၄ ဦး၊ မေလ ၂၄ ရက်နေ့တွင် ၁၁၁၈ ဦးနှင့် ယနေ့ မေလ ၂၅ ရက်နေ့တွင်လည်း ဦးရေ ၁ ထောင်ဝန်ကျင် (ညနေ ၄ နာရီတွင် ၆၀၀ ဦးရေခန့် ဝင်ရောက်ထား) ပြန်လည်ဝင်ရောက်နိုင်ကြောင်း ခန့် မှန်း ထားသည်။

လက်ရှိ ပြန်လည်ဝင်ရောက်လာသူများထဲမှလည်း ကရင်၊ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ် နေသူများမှလွဲ၍ ကျန်သူ များအား သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်ကာ ပို့ဆောင်ပေးလျှက်ရှိပြီး လတ်တလော မြဝတီမြို့နယ်ရှိ သတ်မှတ်စောင့်ကြည့်နေရာ(Quarantine)များတွင် မေလ ၂၄ ရက်နေ့ စာရင်းအရ ၈၅၀ ဦးခန့် ရှိကြောင်း သိရသည်။

မြန်မာအလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ထားချက်အရ ယနေ့မေလ ၂၅ ရက်နေ့ညတွင် ဘန်ကောက်(မော် ချစ်ကားဂိတ်) မှ မဲဆောက်သို့ ထွက်ခွာမည့်သူ ၄၆၂ ဦးရှိပြီး မေလ ၂၆ ရက်နေ့ညတွင်လည်း ၅၀၄ ဦးရှိကြောင်း သိရသည်။

လတ်တလောတွင် ပြန်လည်ဝင်ရောက်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့်သာ ပို့ဆောင်ရန်စီစဉ်ထားသော်လည်း လူဦးရေများပြားလာသည့်အတွက် နေရပ်သို့ပြန်မည့်သူများ ခရီးစရိတ်(ကားခ)အား သတ်မှတ်ချက်အလိုက် ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဦးသန့်ဇင်အောင်က ပြောသည်။

ယင်းအပြင် ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်ဝင်လာမည့် သူများကိုလည်း COVID-19 ရှိ/မရှိ စစ်ဆေးမည် ဖြစ်ပြီး မေလ၂၃ ရက်နေ့က ပထမအသုတ်အနေဖြင့် ၄၄ ဦးဝင်ရောက်ခဲ့ကာ ဒုတိယအသုတ်အနေဖြင့် မနက်ဖြန် မေလ ၂၆ ရက်နေ့တွင် ၁၂၄ ဦး ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် ပြန်လည်ထွက်ခွာရေး ဆောင်ရွက်ရာတွင် ထိုင်းတောင်ပိုင်းဒေသရှိ ခရိုင်များအားအဆင့် လိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလောတွင် အွန်လိုင်းမှ စာရင်းပေးထားသူ ၁၆၀၀ ဦးခန့်ရှိကြောင်း ရနောင်းခရိုင် မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်စိုးဝေက ပြောသည်။
ဦးကျော်စိုးဝေက “အရင်ဦးဆုံး ရနောင်းရခိုင်မှာ ပိတ်မိနေသူတွေကို ဦးစားပေးပေါ့၊ ပြီးရင် ဖူးခက်၊ ဖူးခက်က ပထ မဆုံး စပိတ်တဲ့နေရာဖြစ်တော့ အဲ့ဒီကလူတွေက ကြာပြီ၊ ပြီးရင်တော့ စူရတ်ဌာနီ၊ ကော့စမွီ ၊ဖန်ခါး စတာတွေပေါ့၊ မလေးနယ်စပ်ဖက်တွေရောပေါ့၊ ခေါ်တဲ့နေရာမှာလဲ အထောက်အထားတခုမှ မရှိသူတွေဆို အဆင်မပြေနိုင်သေးဘူး၊ တခုခုကြောင့် အထောက်အထား ပျက်စီး/ပျောက်ဆုံးဆိုရင်လည်း ပျောက်ဆုံးကြောင်း ရဲစခန်းအကြောင်း ကြားတာမျိုး အထောက်အထားလေးရှိရင် အဆင်ပြေတယ်” ဟု ပြောသည်။

စာရင်းပေးထားသူများထဲတွင် အချုပ်ကျနေသူ ၂၉၇ ဦးပါဝင်ပြီး ၎င်းတို့အနေဖြင့် အချုပ်မှ ပြန်လွတ်ရန် ရက်ပိုင်း မျှသာ လိုတော့သူများဖြစ်ပြီး ၎င်းတို့အား လာမည့် သောကြာနှင့် စနေနေ့တို့တွင် ပြန်လည်ပို့ဆောင်ရန် လျာထား ကြောင်းလည်း ဦးကျော်စိုးဝေက ပြောသည်။

နှစ်နိုင်ငံညှိနှိုင်မှုတွင် မယ်ဆိုင်-တာချီလိတ် နယ်ဂိတ်မှ ပြန်လည်ထွက်ခွာရန် ၅၅ ဦးစာရင်းအား သံအရာရှိထံသို့ တင်ပြထားသော်လည်း မေလ ၂၃ ရက်နေ့မှ ယနေ့အထိ ထွက်ခွာခွင့်ရသူများစာရင်းတွင် မပါဝင်သေးကြောင်း သိရသည်။

အလုပ်သမားအရေ ကူညီဆောင်ရွက်နေသူ ဦးထွန်း (မယ်ဆိုင်) က “တင်ပြထားတာက ၅၅ ဦး၊ ကျန်တဲ့စာရင်းတွေ လဲ ရှိသေးတယ်။ အရင် အွန်လိုင်က စာရင်းတင်ထားတာမှာ မယ်ဆိုင်-တာချီလိတ်ဘက်က ပြန်ချင်တဲ့ သူတွေ မပါသေးဘူး၊ မဲဆောက်ဘက်ကိုပဲ ခွင့်ပေးနေသလိုဖြစ်နေတယ်၊ ဒီဘက်လမ်းက ပြန်ချင်တဲ့သူတွေကိုလည်း မျှပြီးလုပ် ပေးဖို့ ဖြစ်စေချင်တာပေါ့။ မယ်ဆိုင်ဘက်က စခန်းမှာက ၈ ယောက်ရောက်နေတယ်၊ သူတို့က တအားဒုက္ခရောက် တော့ နယ်ကျွံလာကြတာ၊ မယ်ဆိုင်ရောက်တော့ နေစရာမရှိ၊ စားစရာမရှိ၊ တည်းခိုခန်းခလည်း မတတ်နိုင်ဆို တော့ စခန်းဖွင့်ပြီး ယာယီလက်ခံထားရတယ်”ဟု ပြောသည်။

နှစ်ရက်အတွင်း လူဦးရေ ၂ ထောင်ခန့် အလုံးအရင်းနှင့် ဝင်ရောက်လာမှုအပေါ် ကြိုတင်ခန့်မှန်းထားပြီဖြစ်သည့်အတွက် အစီအစဉ်များ ပြုလုပ်ထားပြီဖြစ်ကြောင်းနှင့် မူလက မေလဆန်းတွင် ပြန်လာမည်ဟု ခန့်မှန်းထားသော်လည်း ထိုင်းနိုင်ငံမှ ချမှတ်ထားသည့် ကန့်သတ်ချက်များကြောင့် ပြည်တော်ပြန်များ အလာနောက်ကျသွားရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာကတဆင့် ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ပြည်တော်ပြန်တွေကို ကြိုဆိုဖို့၊ လိုအပ်တဲ့ ကျန်းမာရေးလုပ်ငန်းတွေကို ကျန်းမာ ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်တွေကို ခရီးဆက်နိုင်ရေးစီစဉ်ဖို့ တာဝန်တွေက ကရင်ပြည်နယ်အစိုးရပေါ်မှာ အများဆုံးကျပါတယ်။ ပြည်နယ်အစိုးရသာမက၊ ပြည်သူတွေကပါ၊ စိတ်ပါလက်ပါ လုပ်ဆောင်နေကြတာတွေ့ရတော့ အင်မတန် အားတက်မိပါတယ်” ဟု ပြောသည်။

COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံအတွင်း ညမထွက်ရအမိန့်နှင့် ခရိုင်းချင်း ဖြတ်ကျော်သွားလာခွင့်များ ပါဝင်သည့် ကျန့်သတ်ချက်များအား ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီး ပြန်လာချင်သည့် မြန်မာအလုပ်သမားအနေဖြင့်လည်း နယ်စပ်ဂိတ်များသို့ ညနေ ၅ နာရီထက်နောက်မကျဘဲ လာရောက်ကြစေချင်ကြောင်း ဦးသန့်ဇင်အောင်က တိုက်တွန်းထားသည်။

You may also like these stories:

မြန်မာလုပ်သားတဦး ထိုင်းမှ ၂ ရက်ကြာ လမ်းလျှောက်ပြန်လာ

မြန်မာအလုပ်သမားများ၏ ကလေးများကို ထိုင်းက ၁၀ နှစ်နေထိုင်ခွင့် ကတ်ထုတ်ပေးမည်

Your Thoughts …
Tags: Covidထိုင်းဒေါ်အောင်ဆန်းစုကြည်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်က မြန်မာ့ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပါဝါလျှပ်စစ်ဓာတ်အားပေးစက်ရုံ

ဆိုလာပါဝါစီမံကိန်း တင်ဒါသတ်မှတ်ချိန် နည်း၍ ရင်းနှီးမြှုပ်နှံလိုသူများ အခက်တွေ့

ရန်ကုန်မြို့ City Mart တခု၌ ရောင်းချလျက်ရှိသော ဘီယာတန်း  / မျိုးမင်းစိုး / ဧရာဝတီ

နိုင်ငံခြား အရက်များ တရားဝင် တင်သွင်းခွင့်ပြု

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate