• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးရာသီ၌ ရခိုင်တောင်သူများ လုံခြုံစွာ စိုက်ပျိုးနိုင်ရေး အဆို အစိုးရ ထောက်ခံ

by မင်းအောင်ခိုင်
26 May 2020
in သတင်း
A A
ပြီးခဲ့သော မိုးရာသီကာလ မြောက်ဦးမြို့နယ်အတွင်းရှိ လယ်ယာ လုပ်ငန်းခွင်တခုကိုတွေ့ရစဉ်  / မင်းအောင်ခိုင် / ဧရာဝတီ

ပြီးခဲ့သော မိုးရာသီကာလ မြောက်ဦးမြို့နယ်အတွင်းရှိ လယ်ယာ လုပ်ငန်းခွင်တခုကိုတွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

6.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း လာမည့် မိုးရာသီတွင် စပါးစိုက်ပျိုးရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်နိုင် ရေးအတွက် အစိုးရအနေဖြင့် ကြိုတင် အစီအမံများကို ထိရောက်စွာ ဆောင်ရွက်ပေးရန် လွှတ်တော်တွင် အဆိုတင်သွင်းမှု အပေါ် ပြည်နယ် အစိုးရက ကြိုဆို ထောက်ခံလိုက်သည်။

မေလ ၂၅ ရက်က ကျင်းပသော ပြည်နယ် လွှတ်တော် အစည်းအဝေး၌ အစိုးရ၏ သဘောထားကို မေးမြန်းခဲ့ရာတွင် အစိုး ရအနေဖြင့် ကန့်ကွက်စရာ မရှိဘဲ ယင်း အဆိုအပေါ် ထောက်ခံ ကြိုဆိုကြောင်း ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
48
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
190
တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
617

ဝန်ကြီး ဦးကျော်လွင်က “ကျနော်တို့ အစိုးရအဖွဲ့ ရေးဆွဲထားတဲ့ စီမံကိန်း မူကြမ်းကို တိုက်တိုက်ဆိုင်ဆိုင် အပြုသဘောနဲ့ တင်ပြ တိုက်တွန်းတာ ဖြစ်တဲ့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကြီးများကို အစိုးရ ကိုယ်စား အထူးပဲ ကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်” ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ယင်းအဆိုအား မြေပုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက မေလ ၂၁ ရက်တွင် ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ အဆို တင်သွင်းခဲ့ခြင်းအပေါ် မေ ၂၅ ရက် ပြည်နယ်လွှတ်တော် အစည်းဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၃ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

အဆိုအပေါ် ထောက်ခံ ဆွေးနွေးသူ ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က “ကျ နော်တို့ ရခိုင်ပြည်နယ်မှာ ဒီနှစ် မိုးရာသီမှာသာ စပါး မစိုက်ပျိုးနိုင်ခဲ့ဘူးဆိုရင် စစ်ဘေးက တဖက်၊ အငတ်ဘေးက တဖက် ကြုံတွေ့လာနိုင်တဲ့အတွက် ပြည်သူတွေ ဆူဆူပူပူ ဖြစ်လာနိုင်တယ်။ အဲဒီအတွက်ကြောင့် အစိုးရအနေနဲ့ လယ်သမားတွေ စပါး စိုက်ပျိုးနိုင်ရေး ကြိုတင် အစီအမံတွေ လုပ်ပြီး ကူညီဆောင်ရွက်ပေးဖို့ တင်ပြ ဆွေးနွေးရခြင်း ဖြစ်ပါတယ်” ဟု လွှတ် တော်တွင် တင်ပြဆွေးနွေးခဲ့သည်။

ပြီးခဲ့သော မိုးရာသီကာလ မြောက်ဦးမြို့နယ်အတွင်းရှိ လယ်ယာ လုပ်ငန်းခွင်တခုကိုတွေ့ရစဉ် (ဓာတ်ပုံ-မင်းအောင်ခိုင်)

ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် ပြည်နယ်အတွင်း ရိက္ခာ ဖူလုံရေး၊ ဆန်စပါး အပြည့်အဝ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ဦးစီးကော်မတီ တရပ်ကို ဖွဲ့စည်းထားပြီး စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်တို့တွင် ဦးစားပေးကာ တည်ငြိမ်စွာ ထွန်ယက် စိုက် ပျိုးနိုင်ရေး ရနိုင်သမျှ စီမံကိန်း မူကြမ်းကို ဆွေးနွေးထားပြီး ဖြစ်သည့်အတွက် ဒေသအကျိုး ပူးပေါင်း ဆောင်ရွက်ရန် အသင့် ရှိကြောင်း စိုက်ပျိုးရေး ဝန်ကြီး ဦးကျော်လွင်က တင်ပြ ဆွေးနွေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရန် ရခိုင်ပြည်နယ် ဆန်စပါး လုပ်ငန်းရှင်များ အသင်း၊ ဆန်စက် လုပ်ငန်းရှင်များအသင်း၊ တောင်သူကြီးများ၊ လုပ်ကွက်နေ တောင်သူများ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့နှင့် ဆွေး နွေး ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက လွှတ်တော်၌ ဆက်လက် ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆန်စပါး အဓိက စိုက်ပျိုးသည့် မြို့နယ်များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏား ကျွန်း၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ စသည့် မြို့နယ်များမှ ဒေသခံ ပြည်သူများမှာ တိုက်ပွဲများကြောင့် လက်ရှိအချိန်တွင် အိုးအိမ်များကို စွန့်ခွာပြီး အသက်လု ထွက်ပြေးနေရကာ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခ အနေ အထားအရ လာမည့် စိုက်ပျိုးရာသီတွင် ကျေးလက်နေ တောင်သူများအနေဖြင့် အင်မတန် ဆိုးဝါးသည့် အခက်အခဲနှင့် မလွဲမသွေ ကြုံတွေ့လာနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သော စပါးစိုက်ပျိုး ရာသီအတွင်းက ရခိုင်ပြည်နယ်တွင် စစ်ဘေးဒဏ်ခံရမှု အပါအဝင်၊ လယ်ယာလုပ်သား ရှားပါးခြင်း၊ အကျိုးအမြတ် မရှိခြင်းတို့ကြောင့် လယ်မြေဧက၂ သိန်းနီးပါး စိုက်ပျိုးနိုင်ခြင်း မရှိသည့်အတွက် စပါးအထွက်နှုန်း ကျဆင်း ခဲ့ကြောင်းလည်း ဦးကျော်ဇံက ထောက်ပြသည်။

ပြီးခဲ့သော မိုးရာသီကာလ မြောက်ဦးမြို့နယ်အတွင်းရှိ လယ်ယာ လုပ်ငန်းခွင်တခုကိုတွေ့ရစဉ် (ဓာတ်ပုံ- မင်းအောင်ခိုင်)

ရခိုင်ပြည်နယ် အတွင်း လာမည့် မိုးရာသီတွင် စပါးစိုက်ပျိုးရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်နိုင် ရေးအတွက် အစိုးရအနေဖြင့် ကြိုတင်အစီအမံများကို ထိရောက်စွာ ဆောင်ရွက်ပေးရန် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ဝင်း၏ အဆိုအပေါ် ကန့်ကွက်သူ မရှိသည့်အတွက် လွှတ်တော်တွင် အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့်လာမှုနှင့်အတူ စစ်ဘေးရှောင်အရေအတွက် ၂ သိန်း နီး ပါးရှိကာ၊ ဒေသခံပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။

မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သား ပြည်သူများမှာလည်း နေ့စဉ်နှင့်မျှ သေ ဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့်အတူ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်း များပြားလာနေသည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

စစ်တွေမြို့လယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရ၊ တရားခံကို ရှာဖွေနေ

ပုဏ္ဏားကျွန်းတွင် မြိုတိုင်းရင်းသား ၂ ဦး မိုင်းထိ

မိုးရာသီ စပါးစိုက်နိုင်ရေး ဆောင်ရွက်ပေးရန် ရခိုင်လွှတ်တော်တွင်အဆိုတင်

Your Thoughts …
Tags: စပါးစိုက်ပျိုးရေးတိုက်ပွဲရခိုင်ပြည်နယ်လယ်သမားလုံခြုံရေး
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.1k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.6k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.1k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

Next Post
အမေရိကန်ဒေါ်လာ / ဧရာဝတီ

IMF ထံမှ ဒေါ်လာ သန်း ၇၀၀ ချေးငွေရရန် လွှတ်တော်အတည်ပြု

သရုပ်ဆောင် မတူး  /  မတူး

“မြန်မာက COVID-19 ဖြစ်ပွားမှု ကမ္ဘာနဲ့ယှဉ်ရင် ကံကောင်းပါတယ်”လို့ မတူး ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate