• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အရပ်ဝတ်ဖြင့် လက်နက်မပါဘဲ ဗိုင်းရပ်စ် စစ်ဆေးရန် KNU နှင့် အစိုးရ သဘောတူ

by ဇင်လင်းထက်
27 May 2020
in သတင်း
A A
KNU ဗဟိုဌာနချုပ် အနီးက လုံခြုံရေး တပ်ဖွဲ့ဝင်များ / ဧရာဝတီ

KNU ဗဟိုဌာနချုပ် အနီးက လုံခြုံရေး တပ်ဖွဲ့ဝင်များ / ဧရာဝတီ

12k
VIEWS
Share on FacebookShare on Twitter

COVID-19 ကာကွယ် တားဆီးရေးအတွက် စစ်ဆေးသည့် စစ်ဆေးရေး ဂိတ် (Screening Point) များတွင် လက်နက်မပါဘဲ အရပ်ဝတ်ဖြင့်သာ ဗိုင်းရပ်စ်ကာကွယ်ရေး စစ်ဆေးမှုပြုလုပ်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရတို့ကြား သဘောတူညီလိုက်ကြသည်။

အစိုးရ၏ တိုင်းရင်းသား လက်နက်ကိုင် (EAO) များနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီနှင့် KNU ကိုယ်စားလှယ်များ မေလ ၂၅ ရက်တွင် အွန်လိုင်း ရုပ်သံပုံစံဖြင့် COVID-19 ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲ တွင် သဘောတူညီခဲ့ခြင်းလည်း ဖြစ်သည်။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
580
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
60
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
73

ဆွေးနွေးပွဲကို ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အစိုးရ ကိုယ်စားလှယ်ဘက်မှ ဦးဆောင်ပြီး KNU ဘက်မှ KNU ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ဦးဆောင်သည်။

ယခုလဆန်းပိုင်းက တွေ့ရသော KNU ၏ ကိုဗစ်စစ်ဆေးရေးဂိတ် (ဓာတ်ပုံ – ဒူးပလာယာခရိုင်)

အစိုးရ ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဒု ဥက္ကဋ္ဌ အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က “အရင်တခေါက် အစည်းအဝေးမှာ မပြတ်သေးတာတွေကို ပြန်ညှိနှိုင်းတာပါ။ ကျနော်တို့ဘက်က ကိုဗစ် စစ်ဆေးတဲ့ နေရာမှာ တပ်ယူနီဖောင်း မဝတ်ဘဲ အရပ်ဝတ်နဲ့ လုပ်ဖို့ ပြောတယ်။ သူတို့ဘက်ကလည်း အဲဒီ အတိုင်းလုပ်မယ်လို့ ပြောပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် နိုင်ငံတကာ အကူအညီ ရယူမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆို သည်။

“တချို့ ဒိုနာ (နိုင်ငံတကာအလှူရှင်) တွေကတော့ အစိုးရက တဆင့် သွားရတာတွေ ရှိတာပေါ့။ တချို့ ဒိုနာတွေကတော့ ဘယ်သူ့ကိုမှ တိုက်ရိုက် မပေးဘဲနဲ့ Third Party ကို ရှာပြီးတော့မှ Third Party ကတဆင့် ပေးတာ ရှိတယ်။ အဲဒီ ဒိုနာတွေက သူတို့တိုင်းပြည်ရဲ့ Rules and Regulations အတိုင်းပဲ သွားရမှာ ဖြစ်တယ်။ အဲဒီကိစ္စတွေကို သူတို့ (KNU) ကို ရှင်းပြလိုက်ပါတယ်” ဟု ဦးခင်ဇော်ဦး က ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေး ကော်မတီနှင့် KNU ကိုယ်စားလှယ်များ အွန်လိုင်း ရုပ်သံ ပုံစံ ဖြင့် တွေ့ဆုံကာ ကရင်ပြည်နယ် ဖာပွန်ခရိုင်နှင့် သထုံခရိုင်ရှိ စစ်ရေးတင်းမာမှု ကိစ္စများ ညှိနှိုင်းခဲ့ကြပြီးနောက် မေလ ၂၅ ရက်တွင် ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးကြခြင်း ဖြစ်သည်။

ယခုလဆန်းပိုင်းက တွေ့ရသော KNU ၏ ကိုဗစ်စစ်ဆေးရေးဂိတ် (ဓာတ်ပုံ – ဒူးပလာယာခရိုင်)

အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေ ကလည်း ဗိုင်းရပ်စ် စစ်ဆေးရေးသည် စစ်ရေးကိစ္စ မဟုတ်သဖြင့် စစ်ယူနီဖောင်းများဖြင့် လက်နက်ကိုင်ဆောင်ကာ ဆောင်ရွက်ခြင်း မပြုရန် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီက EAO များအား ယခင်ကတည်းကပင် ပြောကြားထားကြောင်း ဆိုသည်။

၎င်းက “အဲဒါကတော့ အဖွဲ့အစည်း အားလုံးကို ပြောထားတာပါပဲ။ သဘောတူတယ် ဆိုတာထက် KNU နဲ့ ဒုတိယအကြိမ် ဆွေးနွေးတာပါ။ ဆွေးနွေးပွဲမှာတော့ KNU မှာ ဆေးဝန်ထမ်းတွေ ရှိတယ်ပြောတယ်။ အဲဒီဆေးဝန်ထမ်းတွေရယ် နောက် ရဲပေါ့။ သူတို့တွေက ကိုဗစ် ဆိုတဲ့ ဝတ်စကုတ် အင်္ကျီတွေ ဝတ်ပြီးဆောင်ရွက်မယ်လို့ ရှင်းပြတာတွေ့ပါတယ်” ဟု ရှင်းပြသည်။

လက်နက်မပါဘဲ အရပ်ဝတ်ဖြင့်သာ စစ်ဆေးမှုပြုလုပ်ရန် အဘယ်ကြောင့် KNU ဘက်က သဘောတူညီလိုက်ရသည်ကို မေးမြန်းရန် ဧရာဝတီက KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့ သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ဖြစ်ပွားခဲ့သော စစ်ရေး တင်းမာမှုများသည် တဖက်နှင့်တဖက် နားလည်မှုလွဲ၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်သဖြင့် ဆွေးနွေးပွဲများတွင် နှစ်ဖက်စလုံးက တင်းမာမှုများ လျှော့ချရန် အခြေခံမူထားကာ ဆွေးနွေးကြကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက အစိုးရ ညှိနှိုင်းပူးပေါင်းရေး ကော်မတီနှင့် ပထမအကြိမ် ဆွေးနွေးမှုနှင့်ပတ်သက်၍ ဧရာဝတီသို့ ပြော ကြားဖူးသည်။

ယခုလဆန်းပိုင်းက တွေ့ရသော KNU ၏ ကိုဗစ်စစ်ဆေးရေးဂိတ် (ဓာတ်ပုံ – ဒူးပလာယာခရိုင်)

ပြီးခဲ့သည့် မေလ ၆ ရက်က ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွဲလုံမြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဧပြီလ ၃၀ ရက်ကလည်း မွန်ပြည်နယ် သထုံခရိုင်ရှိ KNU တပ်မဟာ (၁) စစ်ဆေးရေး ဂိတ်ကို ဖယ်ရှားပေးရန် တပ်မတော်ဘက်က လာရောက် တားမြစ်ရာမှ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သည်။

KNU တပ်ဖွဲ့ဝင်များသည် ဗိုင်းရပ်စ် ကာကွယ်ရေး စတင်ဆောင်ရွက်စဉ်ကတည်းကပင် တပ်ဖွဲ့ယူနီဖောင်းများ ဝတ်ဆင်၍ သေနတ်များ ကိုင်ဆောင်ကာ ဗိုင်းရပ်စ် ကာကွယ်ရေးကို ဆောင်ရွက်နေမှုများ ရှိသည်။

KNU အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက် တိုဘာလတွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး အစိုးရနှင့် လက်တွဲကာ ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေ သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

တပ်မတော်က KIA ထံ Covid-19 ကာကွယ်ရေး ပစ္စည်းများပေးပို့

အစိုးရနှင့် KNU နှစ်ဘက် စစ်ရေးတင်းမာမှုကိစ္စ ညှိနှိုင်းဆွေးနွေး

ပုဒ်မ ၁၇(၁)ကြောင့် ကိုဗစ်အရေး အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်မပြေဟု KIA ပြော

Your Thoughts …
Tags: COVID-19KNUကာကွယ်ထိန်းချုပ်ရေးစစ်ရေးလက်နက်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.5k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Next Post
Mrs Universe 2019 အလှမယ် ဟန်နီချို / ဝေဝေနှင်း / ဧရာဝတီ

သားသမီးတွေကို ယုံကြည်တဲ့ ဘာသာ ရွေးချယ်စေတဲ့ အလှမယ် ဟန်နီချို

ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီ (NYDC) ၏ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေ / မျိုးမင်းစိုး

ရန်ကုန်မြို့သစ်စီမံကိန်း ရှေ့ဆက်မည်ဟု NYDC CEO ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate