• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံနေရသည့် ဦးတီခွန်မြတ်ဘက်မှ NLD ရပ်တည်မည်

by ထက်နိုင်ဇော်
28 May 2020
in သတင်း
A A
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ကို သတင်းစာ ရှင်းလင်းပွဲတခုတွင် တွေ့ ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ကို သတင်းစာ ရှင်းလင်းပွဲတခုတွင် တွေ့ ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

55k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ကို စွပ်စွဲ ပြစ်တင်မှု ပြုလုပ်၍ ရာထူးမှ ဖြုတ်ချရန် အတိုက်အခံ ကြံ့ခိုင်ရေးပါတီ၏ အားထုတ်မှုတွင် လွှတ်တော်၌ အမတ်နေရာအများဆုံးဖြင့် လွှမ်းမိုးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါ တီက ဦးတီခွန်မြတ်ဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်မှ ရုတ်သိမ်းရေး အဆိုတခုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ၏ ကိုယ်စား ယနေ့ ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့သည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
94
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
47
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
37

၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ တို့အရ ပြည်သူ့လွှတ်တော် ဥက္ကဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုတင်သွင်းလာခြင်း ဖြစ်သဖြင့် လွှတ်တော်တွင် အမတ် ဦးရေ ၃ ပုံ ၂ ပုံ ထောက်ခံပါက ဦးတီခွန်မြတ်သည် လွှတ်တော် ဥက္ကဌ ရာထူးမှ ဆင်းပေးရမည် ဖြစ်သည်။

ထိုသို့ ဆင်းပေးရရန် လွှတ်တော် အမတ် ဦးရေ ၃ ပုံ ၂ ပုံ ပြည့်ရမည် ဖြစ်၍ NLD အမတ်များ၏ ဆန္ဒမဲ ရရှိရန် လိုအပ်သည်။

သို့သော် NLD ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးအောင်ကြည်ညွှန့်က ၎င်းတို့ အနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ဘက်မှ ခိုင်ခိုင်မာမာ ထောက်ခံမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးအောင်ကြည်ညွှန့်က“ဒီကိစ္စမှာတော့ ဦးတီခွန်မြတ်ဘက်က ရပ်တည်ရမှာပေါ့”ဟု ပြောသည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်းဖြစ်သူ ဦးတီခွန်မြတ်၏ လွှတ်တော်တွင်း ဆောင်ရွက် ချက်များသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်းဆုံး ကြိုးစား ဆောင်ရွက်နေသူတဦး ဖြစ်ကြောင်း၊ သို့သော် ၎င်းတွင် ပါတီနောက်ခံ မရှိသဖြင့် NLD က ၎င်းနောက်မှ ရပ်တည်မည် ဖြစ်ကြောင်း ဦးအောင်ကြည်ညွှန့်က ဆက်ပြောသည်။

“ဒီလို အခြေအနေမျိုးမှာ အနိုင်အရှုံး ဆိုတာထက် နိုင်ငံရေးအရ ဘယ်လိုခေါ်မလဲ ဥက္ကဌရဲ့ သိက္ခာကို ထိပါးအောင် လုပ်တဲ့ သဘောမျိုးလောက်ပဲ ရှိမယ်လို့ ထင်တာပဲ။ ဒါမျိုးတွေကလည်း နိုင်ငံရေးအရ ကစားတဲ့ အနေအထားမျိုး”ဟု ၎င်းက ဆိုသည်။

၎င်းတို့ပါတီသည် လွှတ်တော်အတွင်း အမတ်ဦးရေအရ ယခု စွပ်စွဲပြစ်တင်မှုတွင် မည်သို့မျှ ၃ ပုံ ၂ ပုံ မပြည့်နိုင်သော်လည်း သမိုင်းမှတ်တမ်းဝင်အောင်၊ သမိုင်းအထောက်အထား ဖြစ်အောင် ရည်ရွည်ပြီး ယခုအဆိုကို ဥပဒေနှင့်အညီ စွပ်စွဲပြစ်တင် ခြင်း ဖြစ်ကြောင်း ယနေ့ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူ ဦးစိုင်းထွန်းစိန်က ဧရာဝတီသို့ ပြောသည်။

“အောင်မြင်မှု ရရှိမယ်လို့တော့ မမျှော်လင့်ပါဘူး”ဟု ကြံ့ခိုင်ရေးပါတီမှ ရှမ်းတိုင်းရင်းသား အမတ် ဦးစိုင်းထွန်းစိန်က ပြောသည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် ဥက္ကဌ ဖြစ်လာသူသည် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင်
၎င်းတို့ပါတီက လူထုအတွက် အရေးကြီး အဆိုများ တင်သွင်းရာတွင် ပယ်ချခြင်းများ ပြုလုပ်သဖြင့် ယင်းအချက်သည် အခြေခံ ဥပဒေပြဌာန်းချက်နှင့် မညီညွှတ်ဟု သုံးသပ်မိကြောင်း ၎င်းက ရှင်းပြသည်။

ယခု ၎င်းတို့ပါတီက ဦးဆောင်တင်ပြသည့် အမတ်ဦးရေ ၁၁၀ တွင် ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသားပါတီတချို့ ပါဝင်ကြောင်းလည်း သိရသည်။

ယနေ့ ပြည်သူ့လွှတ်တော်တွင် ဦးတီခွန်မြတ်ကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမှုသည် နိုင်ငံရေး ခြေထိုးမှုတရပ်ဟု မြင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောသည်။

“၂ ဖက်စလုံးက ဘယ်သူမှားတယ်၊ မှန်တယ် ဆိုတာကို ဆုံးဖြတ်ဖို့ သိပ်တော့ မလွယ်ကူလှပါဘူး။ ပြီးတော့ လွှတ်တော်မှာ မဲခွဲပြီး အဆုံးအဖြတ်ခံယူရင်လည်း ရှုံးနိမ့်မှာ ဖြစ်တဲ့အတွက် ဒီအဆိုဟာ နိုင်ငံရေး ခြေထိုးမှုတခုလို့ပဲ ထင်မြင် သုံးသပ်မိ ပါတယ်”ဟု ဦးစိုင်းထွန်းအေးက ပြောသည်။

ဦးတီခွန်မြတ်ကို လွှတ်တော် ဒုတိယ ဥက္ကဌ ဘဝက တွေ့ ရစဉ် (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

ထို့ပြင် လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်သည် ၎င်းတာဝန်ယူသည့် အချိန်ကာလအတွင်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေသည်ဟု သုံးသပ်ကြောင်းလည်း ဆိုသည်။

ယနေ့ စွပ်စွဲပြစ်တင် ခံနေရသည့် ဦးတီခွန်မြတ်သည် တပ်မတော် အစိုးရနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေး ကောက်ပွဲတို့တွင် လက်ရှိ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလာသူ တဦး ဖြစ်သည်။

ထို့ပြင် NLD အစိုးရ လက်ထက် ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဘဝဖြင့် ကြံ့ခိုင်ရေးပါတီ၏ ညီလာခံ တခုသို့ တက်ရောက်ဖူးပြီး ထိုစဉ်ကလည်း ဥက္ကဌ ဖြစ်လာသူ ဦးသန်းဌေးကိုယ်တိုင်က ဥက္ကဌကြီးဟု ခေါ်ဆိုကာ ရင်းရင်းနှီးနှီး နုတ်ဆက်ခဲ့ဖူးသည်။

ယင်းနောက်ပိုင်းတွင် ဦးတီခွန်မြတ်သည် ကြံ့ခိုင်ရေး ပါတီမှ နုတ်ထွက်ခဲ့ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။

NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကမူ ကြံ့ခိုင်ရေးပါတီ၏ ယနေ့ စွပ်စွဲချက်များသည် အချက် အလက် ခိုင်မာမှု အားနည်းသဖြင့် စွပ်စွဲ ပြစ်တင်မှု မမြောက်ကြောင်း ပြောသည်။

ဒေါ်ဖြူဖြူသင်းက “သူတို့ ထောက်ပြတဲ့ဟာတွေက ခိုင်မာတဲ့အချက်တွေ မပါဘူး။ ပါတီကတော့ မှန်တဲ့ဘက်ကပဲ ရပ်မှာပဲ။ အခုဟာကြီးက ပုံမှန်မဟုတ်ဘူး။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်လိုက်လဲတောင် စဉ်းစားလို့ မရဘူး။ Impeach လုပ်မယ်ဆို ရင် ပြန်ရှင်းရင် ရှင်းလို့ မရတဲ့ အချက်တွေ ဖြစ်ဖို့ လိုတာပေါ့”ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီကမူ ဦးတီခွန်မြတ်သည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥ ပဒေ အရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စသည့် အချက်များနှင့် ငြိစွန်းကြောင်း စွပ်စွဲ ထားသည်။

၎င်းတို့ ထောက်ပြသည့် အချက်များမှာ ၎င်းတို့ ကြံ့ခိုင်ရေးပါတီက တင်သွင်းခဲ့သည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အဆိုများ ကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပြည်သူ့လွှတ်တော်တွင် အများပြည်သူ အကျိုးအတွက် တင်ပြသည့် အရေးကြီး အဆိုများကို ခွင့်မပြုခြင်းတို့ ဖြစ်သည်။

“ဒီကိစ္စမှာ ကျနော်တို့က ပုဂ္ဂိုလ်ရေး မပါဘူး။ ချစ်ခြင်း၊ မုန်းခြင်း မရှိဘူး။ လွှတ်တော်ရဲ့ အကျိုးအတွက် ပြောနေတာ”ဟု ကြံ့ခိုင်ရေးပါတီမှ အမည်မဖော်လိုသော ဒုတိယ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တ ဦးက ပြောသည်။

ဦးတီခွန်မြတ်မှာ စွပ်စွဲပြစ်တင်မှု ခံထားရချိန် ဖြစ်သဖြင့် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်လာခြင်း မရှိဘဲ ၎င်းကိုယ်စား ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ဆောင် ရွက်ခဲ့သည်။

ဦးတီခွန်မြတ်အား စွပ်စွဲပြစ်တင်သည့် အဆိုအား ယနေ့ ကျင်းပသည့် လွှတ်တော်က လက်ခံခဲ့ပြီး ပါဝင်ဆွေးနွေးလိုသူများ စာရင်းကို လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန်က တောင်းခံထားသလို လာမည့် ဇွန်လ ၁ ရက်နေ့တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

You may also like these stories:

ရန်ကုန်တိုင်းအစိုးရတွင် ခေါင်းဆောင်မှုကောင်း ပျောက်နေသည်

နိုင်ငံရေး ပါတီအချို့ သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးလို

Your Thoughts …
Tags: NLDစွပ်စွဲပြစ်တင်မှုလွှတ်တော်ဦးတီခွန်မြတ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.3k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
နေပြည်တော်ဒုမြို့တော်ဝန် ဦးရဲမင်းဦး / ဧရာဝတီ

ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦး ဖြစ်လာမလား

ဖမ်းဆီးရမိသော တရားမဝင် တရုတ်နိုင်ငံသားများ / IPRD Muse

မူဆယ်ကို ပိုက်စိပ်တိုက်ရှာ တရားမဝင် တရုတ်များနှင့် လက်နက်ခဲယမ်းများ ဆက်တိုက်မိ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate