• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ဦး ယဉ်ကျေးမှု နယ်မြေအတွင်း ကျူးကျော် နေထိုင်မှု များလာ ဟုဆို

by ဇူးဇူး
28 May 2020
in သတင်း
A A
မြောက်ဦးမြို့  / မင်းအောင်ခိုင်  / ဧရာဝတီ

မြောက်ဦးမြို့ / မင်းအောင်ခိုင် / ဧရာဝတီ

39.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး ကြိုးစားနေချိန် အတွင်း ကျူးကျော် ဝင်ရောက် နေထိုင်မှု များပြားလာကြောင်း မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “ဒေသခံတွေ ဖြစ်ပါတယ်။ သူတို့က မြောက်ဦးမှာ မြေနေရာ မရှိတဲ့အခါ အာ ဏာ သက်ရောက်မှု အားနည်းနေတဲ့ အချိန်မှာ လုပ်ချင်သလို လုပ်လိုက်မယ်။ ငါတို့ လုပ်လို့ ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ကြတယ်လို့ ယူဆတယ်” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
29
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
57
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
298

အထူးသဖြင့် မြို့လယ်ကောင်ရှိ စံဂါး၊ ရွှေဂူ၊ ဟာရီတောင် စသည်ဖြင့် တောင်အားလုံး နီးပါး၌ တောင်များကိုဖြိုကာ တိုက်တာ၊ အိုးအိမ်များ ဆောက်လာကြသည်ကို ဟန့်တားမည့်သူ မရှိဘဲ ဖြိုချင်သလိုဖြို၊ ကျူးကျော်ချင်သလို ကျူး ကျော်နေကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဒေါ်ခင်သန်းက “ကျမတို့ဘက်က ဌာနကို တိုင်မယ့် ကိစ္စတွေ အများကြီး ရှိနေတယ်။ ဘာကြောင့်လဲဆို ကျူးကျော်မှု တွေ တအား များလာတယ်။ တောင်တွေ ချောင်းတွေကို ကျူးတာ၊ မြို့ဝင်ပေါက်တွေက တောင်တွေကိုဖြိုပြီးမှ အိမ် တွေ တည်ဆောက်ထားတာတွေက အခုဆို တားဆီးမယ့်သူ မရှိဘဲနဲ့ ပရမ်းပတာ ဖြစ်နေတယ်” ဟု ပြောသည်။

မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်း လုပ်ငန်းဆိုင်ရာ အစည်း အဝေးပြု လုပ်သည့်အခါ ထိုသို့ ကျူးကျော်မှုများ ပြုလုပ်နေခြင်းကို ဓာတ်ပုံများနှင့်တကွ ရှင်းလင်းတင်ပြန်ရန် ပြင် ဆင်ထားသည် ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)သို့ ဆက်သွယ်မေးမြန်းရာ အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းမျိုး မရှိပါကြောင်း ယင်းဌာနမှ ဒု ညွှန်ကြား ရေးမှူး ဦးကျော်ဇံက ပြောသည်။

သို့သော် ၎င်း တာဝန် မထမ်းဆောင်ခင်ကတည်းက ရှိနေသည့် သကျမာရ်အောင် ဘုရားအနီး ကွင်းပြင်အတွင်း ဝင် ရောက်နေထိုင်နေသော အိမ်ခြေ ၂၀ ခန့် ရှိပြီး ၎င်းတို့ကိုလည်း ယဉ်ကျေးမှု အမွေအနှစ်ဒေသ သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖယ်ရှားရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

ဦးကျော်ဇံက “တောင်ကို ဖြိုတာတော့ မဟုတ်ပါဘူး။ တူးတာတော့ ရှိတတ်တယ်။ ဟိုနေရာ နည်းနည်း၊ ဒီနေရာနည်း နည်းတော့ ရှိတယ်။ ကျနော်တို့ ဌာနကလည်း အမြဲတမ်း တားနေတာပဲ အဲဒါတွေကို လိုက်ပြီးတော့။ တားမြစ်ညွှန် ကြားချက်တွေ ထုတ်တယ်။ တပတ်ကို နှစ်ကြိမ်လောက် ကွင်းဆင်းနေတာပဲ” ဟု ဆိုသည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း အဆောက်အအုံ ဆောက်လုပ်မည် ဆိုပါက ခွင့်ပြုချက် တင်ရမည် ဖြစ်သော် လည်း တချို့က ခွင့်ပြုချက် မတင်ဘဲ ဆောက်လုပ်ခြင်းမျိုး ရှိကြောင်း၊ အခိုင်အမာ ဆောက်သည် ဆိုခြင်းမှာ နဂိုရှိရင်း သစ်သားနှင့် ဆောက်ထားခြင်းကို အုတ်နှင့် ပြန်ဆောက်ခြင်းမျိုး ဖြစ်ကြောင်း၊ ကွင်းဆင်းသည့် အခါတိုင်း သတ်မှတ် စည်းကမ်းချက်၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ခွင့်ပြုချက်တင်ပြီး ဆောင်ရွက်ရန် ပြောပြထားကြောင်း ၎င်းက ရှင်းပြ သည်။

“တတ်နိုင်သမျှ မဖြစ်အောင် တားဆီးနေတာပဲ။ ဒါပေမယ့် နယ်မြေ အခြေအနေအရ ဖြစ်နေတာတော့ ရှိတာပေါ့။ အလုံးအရင်း ကျူးကျော်ဝင်ရောက် နေထိုင်တာတော့ မရှိပါဘူး။ သကျမာရ်အောင် တခုပဲ ရှိတယ်။ အဲဒါကိုလည်း လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ အဆင့်ဆင့် ညွှန်ကြားပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဦးကျော်ဇံက ဆိုသည်။

ရှေးဟောင်း သုတေသနဌာန(ရှေး/သု) အနေဖြင့် ဟန့်တားသည်ဟုဆိုကာ သတိပေးစာ တစောင်သာ ပေး၍ရပြီး အရေးယူခြင်း၊ အပြစ်ပေးခြင်း မရှိရာ လုပ်ချင်တိုင်းလုပ်၍ ရနေသည့် အနေအထားမျိုး ဖြစ်နေကြောင်း၊ ထိုကိစ္စများအား ရှေး/သုနှင့် အာဏာပိုင် အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်မှသာ ရမည်ဖြစ်ကြောင်း ဒေါ်ခင်သန်းက မှတ်ချက်ပြု သည်။

“ကြီးကြီးကျယ်ကျယ်ကို ကျူးကျော်တာ။ အိမ်တွေကို တိုက်ကြီးတွေ ဖျက်ဆောက်ကြတာ။ ခွင့်ပြုချက်ရမှ အဲဒီ အ ဆောက်အအုံတွေက တည်ဆောက်ခွင့်ရတာလေ။ ဆိုတော့ ခွင့်ပြုတဲ့သူတွေက ဘယ်သူတွေလဲ။ တားဆီးရဲ့သားနဲ့ ဘာကြောင့် မရတာလဲ။ အဲဒါတွေက နောက်ကနေ မေးခွန်းတွေက အများကြီး ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ ကျူးကျော်ဝင်ရောက် နေထိုင်မှုများ ဖြစ်ပေါ်နေခြင်းမှာ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသ စီမံခန့်ခွဲရေး အစီအမံ (Management Plan) အား အကောင်အထည်ဖော်မှု မရှိသေးခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာ ကွယ် ထိန်းသိမ်းရေး ဥပဒေမှာလည်း မြေပြင်၌ သက်ရောက်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေါ်ခင်သန်းက ထောက်ပြသည်။

မြောက်ဦး ရှေးဟောင်း အမွေအနှစ်ဒေသရှိ ဘိုးဘေးဘီဘင်များ ထားခဲ့သည့် အဖိုးမဖြတ်နိုင်သော ရတနာများအပေါ် ၌ ကျူးကျော်ပြီး အိမ်ရာ ဆောက်လုပ်နေထိုင်ခြင်း၊ မလိုလားအပ်ဘဲ မြေကို တူးဆွခြင်းများ မလုပ်ရန် ထိုသူတို့ နား လည်အောင် ရှင်ပြပေးသင့်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆို သည်။

“အထူးသဖြင့် ရှေးဟောင်း ချစ်သူများအဖွဲ့နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက အမွေအနှစ် ဆိုတာ ဘယ်လောက် တန် ဖိုးရှိ တယ်ဆိုတာ ပြည်သူကို ရှင်းပြဖို့ တွန်းအားပေးဖို့ လိုတယ်။ အဲဒါမှ ဒီကျူးကျော်ခြင်းက ကာကွယ်ရာ ရောက်မှာ။ သူတို့လည်း နားလည်ပြီး ရှေးဟောင်း အမွေအနှစ်ကို ချစ်တတ်လာမယ်။ အဲဒီလိုမျိုး ရှင်းပြပြီးတော့ သူတို့ကို ဖယ်ရှား သင့်တယ်” ဟု ၎င်းက အကြံပြုသည်။

၎င်းအနေဖြင့် တဖက်တွင် ရှေးဟောင်း အမွေအနှစ်ကို ထိန်းသိမ်းရာ ရောက်သလို တခြားတဖက်၌လည်း ဒေသခံများ ၏ နေထိုင်ရေး၊ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး မြောက်ဦးမြို့၏ မြောက်ဘက်တွင် မြို့သစ်တခုတည်ရန် အဆိုတရပ်ကို ရခိုင်ပြည်နယ်လွှတ်တော်၊ တတိယအကြိမ် ပုံမှန်အစည်းအဝေး၌ တင်ခဲ့ဖူးကြောင်း သိရသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက မြောက်ဦးတွင် မြို့ကွက် သစ် တခုတည်ရန် ဧက ၆၀၀ ခန့် စတင် အကောင်အထည် ဖော်မည်ဟု လာရောက်ချပြခြင်းမျိုး ရှိသော်လည်းပဲ လွှတ်တော်၌ မှတ်တမ်း သဘောမျိုးဝင်ကာ ယနေ့အချိန်ထိ တစုံတရာ ထူးခြားမှု မရှိသေးကြောင်း ဦးထွန်းသာစိန်က ပြောသည်။

“ကျမတို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ အများကြီး မပျက်စီးခင်မှာ ကျေးဇူးပြုပြီး ဝိုင်းဝန်း ထိန်းသိမ်း ပေး ကြပါ။ Management plan ကိုလည်း မြန်မြန်အကောင်အထည် ဖော်ပေးစေချင်တယ်။ ယဉ်ကျေးမှုအမွေအနှစ် ထိန်း သိမ်းရေးအတွက် အခုတောင်မှ ထိန်းလို့မနိုင်ရင် နောင် ဖွံ့ဖြိုးလာမယ့်အချိန်မှာ ကျူးချင်သလောက် ကျူးမယ်ဆို ပုဂံ ထက် ဆိုးသွားမယ့် အနေအထားမျိုး ဖြစ်လာမယ်” ဟု ဒေါ်ခင်သန်းက သတိပေးသည်။

ရှေးဟောင်းအဆောက်အအုံ အမွေအနှစ် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် ဥပဒေ အခန်း (၇)တွင် မည်သူမျှ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် သို့မဟုတ် ရှေးဟောင်းနေရာ တည်ရှိရာ ဇုန်အတွင်းတွင် ဤဥပဒေအရ ထုတ်ပေးထားသည့် ကြိုတင်ခွင့်ပြုချက် မရဘဲ အဆောက်အအုံ တည်ဆောက်ခြင်း၊ တိုးချဲ့ဆောက်လုပ် ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ် တိုးချဲ့ခြင်း မပြုရန်၊ ဖောက်ဖျက်ကြောင်း ထင်ရှားပါက ငွေဒဏ် ၅သိန်း ဖြစ်စေ၊ ထောင်ဒဏ် ၅နှစ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင် ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ တို့တွင် ဖော်ပြထားသည်။

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် နောက်ဆုံး အဆိုပြုလွှာကို ဇန်နဝါရီ ၂၇ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ တင်သွင်းထားပြီး ဖြစ်သည်။

UNESCO သို့ တင်သွင်းထားသည့် အဆိုပြုလွှာတွင် မြောက်ဦးဒေသရှိ ရှေးဟောင်း ကျုံး၊ မြောင်း၊ ခံတပ်၊ နန်းတော် ကုန်း၊ နန်းဓလေ့၊ ညီလာခံ သဘင်ကျင်းပခဲ့သည့် နေရာများ၊ မြောက်ဦးခေတ်က(ပေါ်တူဂီ၊ ဒတ်ချ်) ကူးသန်းရောင်း ဝယ်ခဲ့သည့် ကုန်တိုက်များ၊ ဒင်္ဂါးများ၊ သင်္ဘောထောက်ကျင်းများ၊ စပါးကျီရာ၊ စဉ့်ရာများ ပါဝင်သည့် ယဉ်ကျေးမှု အမွေ အနှစ် အမျိုးအစားပေါင်း ၂၅ မျိုး၏ သမိုင်းစဉ်များ၊ မြေပုံများနှင့်တကွ ပူးတွဲ ဖော်ပြထားသည်။

၂၀၂၀ စက်တင်ဘာလတွင် နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ (ICOMOS) မှ ပညာရှင်များက တရားဝင် စစ်ဆေးမှု လာရောက် ပြုလုပ်ပြီးနောက်၊၂၀၂၁ ခုနှစ် မတ်/ဧပြီလ၌ တရုတ်နိုင်ငံ၌ ကျင်းပ မည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင် မြောက်ဦး ဒေသအား ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုရေး မပြုရေး ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး နောက်ဆုံး အဆိုပြုလွှာတင်

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်ဝင်ရေး တည်ငြိမ်အေးချမ်းရေး အပေါ် မူတည် ဟုဆို

Your Thoughts …
Tags: UNESCOကျူးကျော်မြောက်ဦးရှေးဟောင်းနယ်မြေ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မြောက်ဦးတွင် အချုပ်သား ၇ ဦးကို ပစ်သတ်ရန် အမိန့်ပေးခဲ့ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝန်ခံ

မြောက်ဦးတွင် အချုပ်သား ၇ ဦးကို ပစ်သတ်ရန် အမိန့်ပေးခဲ့ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝန်ခံ

by ဧရာဝတီ
29 February 2024
8.2k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၇၈ တပ်ရင်းအတွင်း ကိုဖိုးလပြည့်နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် ဖမ်းဆီးထားသည့် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမိန့်ပေးစေခိုင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝန်ခံထားသော ဗီဒီယိုဖိုင်များအား ရက္ခိုင့်တပ်တော် (AA)...

ရခိုင် “ပုံမှန်အခြေအနေသစ်”

ရခိုင် “ပုံမှန်အခြေအနေသစ်”

by ဇေယျ (အညာ)
14 May 2024
6.9k

"အေးအခုတော့ မြောက်ဦးကို ငါတို့ ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နေပြီကွ"

စစ်တွေမြို့

စစ်တွေမြို့

by ဧရာဝတီ
16 March 2025
3.1k

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၂၆ ခုနှစ်က အင်္ဂလိပ်နဲ့ ချုပ်ဆိုခဲ့တဲ့ ရန္တပိုစာချုပ် မတိုင်ခင်က ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဟာ မြောက်ဦးမြို့ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

မင်းပြားတိုက်ပွဲ လက်နက်ကြီးနှင့် လေကြောင်းကြောင့် အရပ်သားထိခိုက်မှုရှိ

မင်းပြားတိုက်ပွဲ လက်နက်ကြီးနှင့် လေကြောင်းကြောင့် အရပ်သားထိခိုက်မှုရှိ

by ဧရာဝတီ
11 January 2024
2.4k

လက်နက်ကြီးကျည်ဆန်များ မင်းပြားမြို့ပေါ် ရပ်ကွက်များသို့ ကျရောက် ပေါက်ကွဲမှုကြောင့် မြို့ခံများ ထိခိုက်ဒဏ်ရာများရရှိသလို မြို့မဈေးကြီးရှိ ဆိုင်ခန်းများမှာလည်း မီးလောင်မှုဖြစ်ပွားနေကြောင်း

မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ

မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ

by ဧရာဝတီ
10 January 2024
2.4k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

Next Post
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ကို သတင်းစာ ရှင်းလင်းပွဲတခုတွင် တွေ့ ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံနေရသည့် ဦးတီခွန်မြတ်ဘက်မှ NLD ရပ်တည်မည်

နေပြည်တော်ဒုမြို့တော်ဝန် ဦးရဲမင်းဦး / ဧရာဝတီ

ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦး ဖြစ်လာမလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate