ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းမှ ဖမ်းဆီးသွားသော ရဲတပ်ဖွဲ့ မိသား စုဝင် ၃ ဦးကို AA အဖွဲ့က ပြန်လွတ် ပေးလိုက်ကြောင်း သ တင်း ရရှိသည်။
ရဲတပ်ဖွဲ့ မိသားစုဝင်များဖြစ်သည့် အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦးတို့ကို မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ၎င်းမြို့နယ် အောက်ကျောင်းတောင်ရွာ ရပ်မိ ၊ ရပ်ဖများ လက်ထံသို့ AA အဖွဲ့က လာရောက် အပ်နှံခဲ့ပြီး ယနေ့ မနက် ပိုင်းက ရွာလူကြီးများမှ စေတီပြင် နယ်မြေ စခန်းသို့ လာရောက် ပို့ဆောင်ကြောင်း ဒေသခံ ကျေး ရွာအုပ် ချုပ်ရေး မှူးများက ပြောသည်။
ရသေ့တောင်မြို့နယ် သိမ်းတောင် ရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးညွန့်က “ရဲတပ်ဖွဲ့ဝင် မိသားစု အမျိုးသမီး ၂ ဦးနဲ့ ကလေးမလေး ၁ ဦးကို လမ်းစရိတ်တွေပေးပြီးတော့ ပြန်လွတ်ပေးလိုက်တယ်လို့ ကြားတယ်။ အခုတော့ စေတီပြင် နယ်မြေစခန်းကို သူတို့ ရောက် နေကြပြီလို့ ပြောတယ်။ အဲဒီလောက်ပဲ သိရတယ်။ အသေးစိတ်တော့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ မေလ ၂၉ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းအား AA အဖွဲ့မှ တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး တပ်ဖွဲ့ဝင် ၆ ဦးနှင့် မိသားစုဝင် ၃ ဦးလည်း ပျောက်ဆုံးသွား ခဲ့ကြောင်း လည်း တပ်မတော်ဘက်က အတည်ပြု ထားသည်။
ထိုဖြစ်စဉ်ကြောင့် သိမ်တောင်ကျေးရွာအုပ်စု ၊ သဇင်မြိုင် ရွာ သားများမှာ စိုးရိမ်မှု ကြောင့် နေအိမ်များကို စွန့်ခွာပြီး နီးစပ်ရာများတွင် ထွက်ပြေး ခိုလူံ နေရ ကြောင်းလည်း ဒေသခံကျေးရွာသားများထံမှ သိရသည်။
အဆိုပါ သဇင်မြိုင် နယ်ခြားစောင့် ရဲကင်း စခန်းတွင်း ရှိသည့် တပ်ဖွဲ့ဝင် အင်အားမှာ နည်းပါးပြီး AA တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က လက်နက်ကြီး ၊ လက်နက် ငယ်များဖြင့် လာရောက် တိုက်ခိုက်သဖြင့် အင်အားချင်း မမျှ၍ ယင်းနေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် အနီးရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သွားရောက် ပူးပေါင်း ခဲ့ရကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဧရာဝတီသို့ ပြောဆို ထားသည်။
AA အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင် မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောင်းတောင် ရဲကင်းစခန်း ၄ ခုအား တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး၊ ထိုနှစ် မတ် ၉ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုတ်ရဲစခန်းကို လည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ် အားလည်းကောင်း၊ ဇူလိုင် ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်း နယ်မြေရဲကင်း စခန်းအားလည်းကောင်း တိုက်ခိုက်ခဲ့သည်။
ထိုရဲစခန်းများအား တိုက်ခိုက်သည့် ဖြစ်စဉ်များတွင် တပ်ဖွဲ့ဝင် မိသား စုဝင် များ ဖမ်းဆီးခံ ရမှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် AA အဖွဲ့က ပြန်လည် လွတ်ပေးခဲ့သည်။
ထိုသို့ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို လုပ် ဆောင်နေ သော ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က လာရော က်တိုက် ခိုက်ခြင်း မှာ စစ်ရာဇဝ တ်မှုကို ကျူးလွန်ရာရောက်ကြောင်း တပ်မတော်က ပြောဆို ထားသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းက ချင်းပြည်နယ် ၊ပလက်ဝ မြို့နယ်အတွင်း ဒဏ်ရာရ AA တပ်ဖွဲ့ဝင်များအား ဆေးကုသနေ သော ယာယီစခန်းတခုကို တပ်မတော်က အင်အား အလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သည့်အတွက် သဇင်မြိုင် ရဲကင်းစခန်းအား လက်တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း AA အဖွဲ့၏ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဆိုသည်မှာ တပ်မတော် လက်အောက်တွင် ရှိပြီး တပ်မတော်၏ စစ်ဆင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု ၊ ရဲစခန်းများကနေ လက်နက်ကြီးယာယီစခန်းများထိုင် ကာ ပစ်ခတ်မှုများ ရှိသည့်အတွက် ရဲစခန်းများကို တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း AA အဖွဲ့က ယခင် ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး ပြောဆိုထားသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂ ရက်နေ့ကလည်း အဆိုပါ သဇင်မြိုင် နယ်ခြားစောင့် ရဲစခန်းမှ တပ်ဖွဲ့ဝင် ၄ ဦးမှာ စေတီပြင် စခန်းမှ တပ်ဖွဲ့ဝင်များ၏ လစာကို ထုတ်ယူပြီး အပြန်တွင် လစာများ လုယူခံရကာ တပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ပျောက်ဆုံးသွားခဲ့သည်။
AA က သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းကို တိုက်ခိုက်သည့် တနေ့တည်းမှာပင် ၎င်း၏ မဟာမိတ်ဖြစ်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က ရှမ်းပြည်မြောက်ပိုင်း မူဆယ်- လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် နမ့်ဖတ်ကာမှ ကွတ်ခိုင်သို့ မောင်းနှင်လာသည့် တပ်မတော် အုပ်ချုပ်မှု ယာဉ်တန်းကို အင်အား ၈၀ခန့် ဖြင့် တိုက်ခိုက်မှု ဖြစ်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
နယ်ခြားစောင့် ရဲစခန်းကို AA ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင်များ ပျောက်ဆုံး