ယနေ့ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နေရာကို နေပြည်တော်ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို ခန့်အပ်ရန် တိုင်းအစိုးရဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းလာခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကွယ်လွန်ခဲ့ပြီဖြစ်၍ ၎င်း၏ နေရာကို နေပြည်တော်ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို ဝန်ကြီးတာဝန်ထမ်းဆောင်ရန် ဆောင်ရွက်လာခြင်း ဖြစ်သည်။
ဦးရဲမင်းဦးသည် ၂၀၁၃ ခုနှစ်ခန့်မှ စတင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) စီးပွားရေးကော်မတီဝင် နှင့် ပြန်ကြားရေး ကော်မတီတို့တွင် ပါဝင်ခဲ့သူဖြစ်သည်။ စီးပွားရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် ကျွမ်းကျင်သူတဦးလည်း ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စ၍ နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် အဖြစ် နိုင်ငံတော်သမ္မတရုံးရဲ့ ခန့်အပ်ခြင်းခံရသူလည်း ဖြစ်သည်။
ယင်းအပြင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် မြန်မာ့စီးပွားရေး အပေါ် သက်ရောက်မှုများကို ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) တွင်လည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသူလ ည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှူရန် –
ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦး ဖြစ်လာမလား
နေပြည်တော် ဒုမြို့တော်ဝန် ဦးဆောင်သည့် စီးပွားရေး ကုစားရေး ကော်မတီ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း