• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ဦး လူငယ် ၄ဦး အကြမ်းဖက်ဥပဒေနှင့် စွဲချက်မတင်မီ လွတ်မြောက်

by မင်းအောင်ခိုင်
3 June 2020
in သတင်း
A A
အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသော ရခိုင်တိုင်းရင်းသားများအား စက်တင်ဘာလ ၁၂ ရက်က စစ်တွေ ခရိုင် တရားရုံး၌ ရုံးထုတ်စဉ်  / မင်းအောင်ခိုင်  / ဧရာဝတီ

အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသော ရခိုင်တိုင်းရင်းသားများအား စက်တင်ဘာလ ၁၂ ရက်က စစ်တွေ ခရိုင် တရားရုံး၌ ရုံးထုတ်စဉ် / မင်းအောင်ခိုင် / ဧရာဝတီ

7.8k
VIEWS
Share on FacebookShare on Twitter

၂၀၁၉ ခုနှစ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံခဲ့ရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ အသက် ၁၈နှစ်အောက် လူငယ် ၄ဦးကို ယမန်နေ့က မြို့နယ် ကလေးသူငယ်တရားရုံးမှ စွဲချက်မတင်မီ လွတ်ပေးလိုက်သည်။

၎င်းတို့မှာ မြောက်ဦးမြို့နယ် လက္ကာရွာမှ မောင်စိုးမိုးကျော်၊ ကျောက်ဆည်ပြင်ရွာမှ မောင်နေမျိုးဇော်၊ မောင်ညီညီနိုင်နှင့် မောင်ညီညီသန်းတို့ ဖြစ်ပြီး၊ ၎င်းတို့ကို AA နှင့် ပတ်သက်သည်ဆိုကာ ၂၀၁၉ခုနှစ် ဧပြီလနှင့် ဇွန်လများက တပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

RelatedPosts

ဓါးပြတိုက်တဲ့ ပကဖ တွေကို အရေးယူမယ်လို့ ဝက်လက်ရဲတပ်ဖွဲ့ပြော (ရုပ်/သံ)

ဓါးပြတိုက်တဲ့ ပကဖ တွေကို အရေးယူမယ်လို့ ဝက်လက်ရဲတပ်ဖွဲ့ပြော (ရုပ်/သံ)

17 July 2025
5
ရခိုင်ကို ကုန်သွင်းခွင့်ပြုခဲ့တဲ့ စစ်အရာရှိတွေ သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခံရ (ရုပ်/သံ)

ရခိုင်ကို ကုန်သွင်းခွင့်ပြုခဲ့တဲ့ စစ်အရာရှိတွေ သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခံရ (ရုပ်/သံ)

17 July 2025
29
ရှေ့တန်းမှာ ပြည်သူ့စစ်မှုထမ်းတွေကြီးပဲ (ရုပ်/သံ)

ရှေ့တန်းမှာ ပြည်သူ့စစ်မှုထမ်းတွေကြီးပဲ (ရုပ်/သံ)

17 July 2025
18

ဖမ်းဆီးခံရသူများဘက်မှ သဇင်ဥပဒေ အထောက်အကူအဖွဲ့နှင့် မြောက်ဦးခရိုင် ဥပဒေအထောက်ကူအဖွဲ့မှ လိုက်ပါ ဆောင်ရွက်လျှက်ရှိသည်။

သဇင်ဥပဒေအထောက်အကူူအဖွဲ့မှ ရှေ့နေ ဦးအောင်စစ်မင်းက “ မနေ့က အကြမ်းဖက်မှုနဲ့ မြောက်ဦးမြို့နယ် ကလေး သူငယ် တရားရုံးမှာ တရားစွဲခံရတဲ့ လူငယ် ၄ ဦး စွဲချက်မတင်မီ တရားရုံးက လွတ် ပေးလိုက်တယ်။ တရားရုံး အမိန့် ကတော့ တရားလိုဘက်က တရားစွဲတင်နိုင်လောက်တဲ့ ခိုင်လုံတဲ့ သက်သေအထောက် အထားတွေ မတင်ပြနိုင်တဲ့အတွက် ဒီလူငယ်တွေကို လွတ် ဖို့ အမိန့်ချလိုက်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။ 

အလားတူ မြောက်ဦးခရိုင် ဥပဒေအထောက်ကူအဖွဲ့မှ ရှေ့နေ ဦးကျော်ဖေသောင်းကလည်း ယင်းကလေး ၄ယောက် လွတ်မြောက်ကြောင်းကို အတည်ပြုသည်။

၂၀၁၉ ခုနှစ် ဧပြီ ၉ ရက်နေ့ ညက မြောက်ဦးမြို့နယ်ရှိ ရဲတပ်ရင်းနှင့် လေးမြို့မြစ်ကမ်းရှိ  တပ်မတော် ယာယီစခန်း ကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး၊ ဧပြီလ ၁၀ရက်နေ့ နံနက် လက္ကာရွာအနီး ထပ်မံတိုက်ပွဲဖြစ်ရာ တပ်မတော်စစ်ကြောင်းက ရွာအတွင်းဝင်ရောက်စစ်ဆေးပြီး ရွာသား ၂၇ဦးကို AA အဖွဲ့ဝင်များဟု ဆိုကာ ဖမ်းဆီးရာ မောင်စိုးမိုးကျော်လည်း ပါဝင်ခဲ့ ခြင်းဖြစ်သည်။

အလားတူ ထိုနှစ် ဇွန်လ ၁၃ရက်နေ့တွင် ကျောက်ဆည်ပြင်ရွာသို့ တပ်မတော်စစ်ကြောင်းက ဝင်ရောက်ရှာဖွေရာ မောင်ညီညီနိုင်၊ မောင်ညီညီသန်း၊ မောင်နေမျိုးဇော် အပါအဝင် ရွာသား ၂၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အသက်မပြည့်သူ ကလေး ၃ ဦးကို မြောက်ဦးမြို့နယ် ကလေးသူငယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ကျန် ၂၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ( က ) ၊ ၅၀ ( ည ) ၊ ၅၂ ( က ) တို့ စစ်တွေခရိုင်တရားရုံးတွင် တရားစွဲခဲ့ခြင်း ဖြစ်သည်။

ယင်း ကျောက်ဆည်ပြင် ရွာသား ၂၂ ဦးထဲတွင် ပြီးခဲ့သော မေလအတွင်းက ရွာသား ၁၇ ဦးမှာ စွဲချက် မတင်မီ လွတ်မြောက်သွားခဲ့ပြီး ကျန်ရှိသူ ရွာသား ၅ ဦးမှာ  အမှုရင်ဆိုင် နေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။ 

အလားတူ လက္ကာကျေးရွာမှ မောင်စိုးမိုးကျော်မှာလည်း ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ရွာသား ၂၇ ဦးနှင့်အတူ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရ ခြင်း ဖြစ်သည်။ 

ထိုဖမ်းဆီးခံ ရွာသား ၂၇ ဦးတွင် တပ်မတော် စစ်ကြောရေး၌ ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်၊ ဦးမောင်သန်းနုတို့ သေဆုံးခဲ့သည်၊ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က ထုတ်ပြန်ရာ ဆေးပြတ်၍ သေဆုံးသူ တဦး ၊ ဆွဲကြိုးချ သေဆုံးသူ တဦးနှင့် နှလုံး ဖောက် ၍ သေဆုံး တဦး စသည့် ဖြစ်စဉ်များကြောင့် သေဆုံး ကြောင်း ထုတ် ပြန်ခဲ့သည်။

လက်ရှိ လက္ကာကျေးရွာသားများ စစ်ဘေးရှောင်စခန်းများတွင် ခိုလူံနေရပြီး ကျေးရွာမှာလည်း  ယခုနှစ် မေလ ၁၆ ရက်နေ့က မီးရှို့ခံ လိုက်ရကာ ဖမ်းဆီးခံ လက္ကာကျေးရွာသား ၂၃ ဦးမှာလည်း အကြမ်းဖက်မှု တိုက် ဖျက် ရေး ဥပဒေဖြင့် တရားရင်ဆိုင်နေရသည်မှာ တနှစ်ကျော်အထိ ရှိလာပြီ ဖြစ် သည်။ 

ဆက်စပ်ဖတ်ရှုရန် –

မြောက်ဦး လက္ကာရွာ မီးရှို့ခံရ၊ နေအိမ် ၂၀၀ နီးပါး ပြာကျ

လက္ကာရွာသားများအမှု တရားလိုပြသက်သေ အရာရှိ ၂ ဦးကို စစ်ဆေး

လက္ကာရွာသားများအမှုမှ တရားလိုနှင့် သက်သေများကို စတင်စစ်ဆေး

Your Thoughts …
Tags: AAမြောက်ဦးရခိုင်လက္ကာ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
အိန္ဒိယ အခြေစိုက် Sterling & Wilson ဆိုလာပါဝါ ထုတ်လုပ်ရေး ကုမ္ပဏီက တည်ဆောက်ထားသည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး  / The Economic Times

ဝေဖန်ခံနေရသော ဆိုလာပါဝါစီမံကိန်း တင်ဒါ အချိန်ထပ်တိုးပေး

ကုတုပလောင်တွင် ကုတင် ၅၀ ဆန့် ကုသရေးစခန်းတခုနှင့် ယူခီယာတွင် ၁၄၅ ကုတင်ဆန့် ကုသရေး စခန်းတခု UNHCR က ဖွင့်ထားသည်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

2 days ago
3.5k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate