ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားရှိဆေးရုံတခုတွင် တနင်္ဂနွေနေ့က သေဆုံးသော အသက်အရွယ်ကြီးရင့်သူ တဦး၏ ဓါတ်ခွဲခန်းနမူနာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ
ကွယ်လွန်သူမှာ ကုတုပလောင်စခန်းမှ အသက် ၇၁ နှစ်အရွယ် အဘူလ်ခိုင်ယာ ဆိုသူဖြစ်ကြောင်း ထိုစခန်းတွင် နေထိုင်သူများပြောသည်။ သူ့ကို ယူခီယာ ခရိုင်ခွဲမှ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (Médecins Sans Frontières )က ဖွင့်လှစ်ထားသည့် ဆေးရုံတွင် တင်ထားစဉ်သေဆုံးခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များနှင့် ဒေသခံအသိုင်းအဝန်းအတွက် ဆေးဖက်ဆိုင်ရာအဆောက်အအုံများနှ
“ဒါဟာ ကိုဗစ်-၁၉ ကြောင့် ရိုဟင်ဂျာတွေထဲမှာ ပထမဆုံးသေဆုံးမှုပဲ” ဟု ကော့ဗဇားခရိုင်မှ အဆင့်မြင့် ကျန်းမာရေးအရာရှိ မာဘူဘာရာမန်က အင်္ဂါနေ့တွင် အတည်ပြုပြောကြားသည်။
“သူနဲ့ပတ်သက်တဲ့ အစီရင်ခံစာ အပြည့်အစုံတော့မရသေးဘူး” ဟုလည်း သူပြောသည်။
သေဆုံးသူနှင့်အဆက်အသွယ်ရှိသူမျာ
ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ရသောကြောင့် ထိုသူကို ဆေးရုံတင်ထားခြင်းဖြစ်ကြောင် ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာ မိုဟာမက် ရှမ်ဆူ ဒိုဇာပြောသည်။ သူ့ထံမှ ဓါတ်ခွဲခန်းနမူနာကို သူမသေဆုံးမီ နာရီပိုင်းကရယူခဲ့ပြီး နောက်တနေ့တွင် ရောဂါပိုးကူးစက်ကြောင်း တွေ့ရခြင်းဖြစ်သည်။
မေလ ၃၀ ရက်နေ့အထိ ဒုက္ခသည် ၃၃၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရပြီး ဆေးစစ်ချက်ရယူခဲ့ရသည်ဟု အရာရှိများပြောသည်။ ဒိုဇာ၏ အဆိုအရ ထိုလူနာများအနက် ၂၉ ဦး (သေဆုံးသူမပါ)တွင် ရောဂါပိုးကူးစက်ကြောင်းတွေ့ရပြီ
ဒုက္ခသည် စခန်းများမှလူ ၁၅၀၀၀ ကျော်ကို သွားလာနေထိုင်မှု ကန့်သတ်ထားကြောင်း နှင့် ၎င်းတို့အတွက် နေ့စဉ်အစားအသောက်နှင့် လိုအပ်သူများအတွက် အထူးအစီအစဉ်များ ချမှတ်လုပ်ဆောင်နေကြောင်းထို ဘင်္ဂလားဒေ့ရှ်အရာရှိက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ “ကူးစက်ခံရတဲ့သူ အများစုက ကုတုပလောင် စခန်းကလူတွေပဲ” ဟုလည်း သူပြောသည်။
RRRC သည် ဧပြီလ ၈ ရက်နေ့မှစတင်ပြီး ဒုက္ခသည်စခန်းများတွင် အရေးပေါ်အဆင့် သတ်မှတ်ထားသည့် နေရာများတွင် လူသားချင်းစာနာမှု လုပ်ငန်းများကို ကန့်သတ်ထားသည်။
မေလ ၁၄ ရက်နေ့က ဒုက္ခသည်များအကြား ပထမဆုံး ကိုဗစ်-၁၉ ကူးစက်မှုကို တွေ့ရပြီး နောက် လေးရက်အကြာ မေလ ၁၈ ရက်နေ့တွင် ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ သီးခြားခွဲထားကုသရေးဌာန(SARI ITCs) နှစ်ခုကို ကော့ဗဇားတွင် ထူထောင်ထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ လက်ထောက်ဆက်သွယ်ရေးအရာရှိ မော့စတာဖာ မိုဟာမက် ဆက်ဇက် ဟိုစိန်က ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။
“လပ်တလော ကုတုပလောင်တွင် ကုတင် ၅၀ ဆန့် ကုသရေးစခန်းတခုနှင့် ယူခီယာတွင် ၁၄၅ ကုတင်ဆန့် ကုသရေး စခန်းတခုဖွင့်ထားပြီးဖြစ်သည်။ ကော့ဗဇာခရိုင်တခုလုံးတွင် ဒုက္ခသည်များသာမက ဒေသခံများအတွက်ပါ ကုတင်ပေါင်း ၁၉၀၀ ဆန့်သည့် SARI ITCs ဌာန ၁၂ ခုအထိ ဖွင့်ရန် ရည်မှန်းထားသည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။
သတင်းအချက်အလက်များသည် ကိုဗစ်-၁၉ ကို ကာကွယ်ရာတွင် အထိရောက်ဆုံးဖြစ်ကြောင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသူများက ရေဒီယ်ို၊ ဗီဒီယို၊ ပိုစတာနှင့် သတင်းစကားများကို နယ်မြေခံ ဘာသာစကား၊ မြန်မာဘာသာစကားနှင့် ဘင်္ဂလီ ဘာသာစကားများဖြင့် ဆက်သွယ်လုပ်ဆောင်နေကြောင်း Inter Sector Coordination Group (ISCG) က မေလတွင် ထုတ်ပြန်ကြေညာထားသည်။
သို့သော် စခန်းများတွင်နေထိုင်သူများသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး အင်တာနက်အသုံးပြုခွင့်မရသောကြော
အင်တာနက်ကန့်သတ်ချက်များရုတ်သိ
“ကိုဗစ်-၁၉ နှင့်ပတ်သက်သော သတင်းအချက်အလက်လုံလုံလောက်လောက်
“ဒုက္ခသည်စခန်းများတွင် လူကျပ်နေသောကြောင့် လူမှုခွဲခြားနေထိုင်ခြင်းသည် မဖြစ်နိုင်သဘောက်ဖြစ်နေသည်။ လက်များကိုဆေးကြောရန် သန့်ရှင်းရေးပစ္စည်း လုံလောက်စွာမရှိပေ။ အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ရရှိသည့် နှာခေါင်းစည်းများသည်လည်း လုံလောက်စွာကောင်းမွန်ခြင်း မရှိပေ” ဟုလည်း ထိုကြေညာချက်ကဆိုသည်။
ကူးစက်ရောဂါနှင့် ရောဂါထိန်းချုပ်ရေးနှင့်သုတေ
(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ First Rohingya Death From COVID-19 Reported in Bangladesh Refugee Camp ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဘာသာရေး အခမ်းအနား၌ ပါဝင်သည့် မြန်မာ တဗလိဂ် ၂၂ ဦးကို အိန္ဒိယအစိုးရ အမှုဖွင့်ထား
ဝူဟန်မှာ ကိုဗစ် စစ်ဆေးဖို့ ယွမ် သန်း ၉၀၀ ကျော် အသုံးပြုခဲ့