• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဂံရှေးဟောင်း တာမဏီဘုရားစု အနီး ခြံခတ်မှု ပြန်လည် ဖျက်သိမ်း

by ဇူးဇူး
3 June 2020
in သတင်း
A A
တာမဏီဘုရားစု အနီး သံဇကာခြံစည်းရိုးကာရံထားမှုကို ပြန်လည် ဖျက်သိမ်းနေစဉ် / ZayMyoLin / Facebook

တာမဏီဘုရားစု အနီး သံဇကာခြံစည်းရိုးကာရံထားမှုကို ပြန်လည် ဖျက်သိမ်းနေစဉ် / ZayMyoLin / Facebook

41.3k
VIEWS
Share on FacebookShare on Twitter

ပုဂံမြို့သစ် အရှေ့မြောက်ဘက်ရှိ ရှေးဟောင်း တာမဏီဘုရားစု အနီး ခွင့်ပြုချက်မရဘဲ သံဇကာများဖြင့် ခြံဝန်းခတ် ထားမှုအား ယမန်နေ့ (ဇွန်လ ၂ ရက်) ညနေပိုင်းက စတင် ဖျက်သိမ်းနေပြီ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်း၌ တာမဏီ ကျောင်းဆရာတော် နှင့် မူလမြေပိုင်ရှင်တို့ ရှေး/သုဌာနမှ တာဝန်ရှိသူများနှင့် လာရောက် တွေ့ဆုံ ရှင်းလင်းပြောဆိုပြီးနောက် ယင်းနေ့ ည နေပိုင်းတွင် စတင် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း
အဆိုပါ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ဧရာဝတီကို အတည်ပြု ပြောသည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
24
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
55
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
13

“ကျနော်တို့ဘက်က မဖျက်ရင် တရားစွဲမယ်။ ဖျက်သွားရင်တော့ မလုပ်တော့ဘူးပေါ့။ ဒါပေမယ့် အားလုံးပြီးတဲ့ အထိ စောင့်ကြည့်ရမှာ။ ဖျက်တာ အားလုံးပြီးတယ်၊ နဂိုမူလ အနေအထားတိုင်း ပြန်ဖြစ်တယ် ဆိုရင်တော့ မစွဲဘူး။ ဖျက်တာ တိုးလို့တန်းလန်း ဖြစ်နေတယ်၊ ဆက်မလုပ်ဘူးဆိုရင်တော့ (တရား) စွဲရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းနေရာသည် ကာကွယ် ထိန်းသိမ်းထားသည့် ရှေးဟောင်းမြင်ကွင်း (Landscape) နှင့် ရှေးဟောင်း ဘုရား၊ ပုထိုး၊ စေတီများဖြစ်ရာ ဝိုင်းဝန်း ထိမ်းသိမ်းရမည် ဖြစ်ကြောင်း၊ ထိုသို့ ထိန်းသိမ်းရာ၌ ခတ်သစ် အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်ခြင်း ကိုသာမက ပုဂံခေတ်က မရှိခဲ့သည့် ရုပ်ဝတ္ထုပစ္စည်း (Material) များ အနီးဝန်းကျင်တွင် လာရောက် အသုံးပြုခြင်းက အစ ခွင့်ပြု၍ မရကြောင်း ဒေါက်တာ သန်းထိုက်က ရှင်းပြသည်။

အဆိုပါ ခြံဝန်းခတ်ထားသည့် နေရာသည် အမွေအနှစ် ထိန်းသိမ်းရေးဇုန် (Property Zone) ၌ ကျရောက်နေပြီး လွန်ခဲ့ သည့် နှစ်ပေါင်း ၉၀၀ ကျော်၊ ပုဂံခေတ် အနုပညာ လက်ရာများ မြင်တွေ့နိုင်သည့် စေတီ၊ ပုထိုး၊ ဘုန်းကြီးကျောင်းများ တည်ရှိနေဆဲ ဖြစ်သည်။

သံဇကာ ခြံစည်းရိုး ခတ်မှုမှာ ၃ လခန့်သာ ရှိသေးပြီး အဝန်းအဝိုင်းမှာ ပေ ၁၀၀ x ပေ ၈၀ ခန့်၊ မြေဧကအားဖြင့် ၅ ဧက ခန့် ကျယ်ဝန်းကြောင်း၊ အဆိုပါ မြေနေရာ၏ မူလပိုင်ရှင်သည် ပုဂံဒေသခံ မဟုတ်ဘဲ ရန်ကုန်မှ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ကာ တာမဏီကျောင်း ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမများ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရ သည်။

ပုဂံဒေသခံ ဦးမြင့်နိုင်က “ဖျက်လိုက်တာ ကောင်းတဲ့လက္ခဏာပါ။ အရင်တုန်းက ဥပဒေမဲ့ မြေယာတိုးချဲ့မှုတွေ အပေါ် မှာ အမြင်အမျိုးမျိုး ကွဲတာလေးတွေ ရှိပေမယ့် ဒါကတော့ တကယ့်ကို ညီညီညွတ်ညွတ်နဲ့ ဒေသခံ၊ ရှေးဟောင်းမြတ်နိုး တဲ့ အသိုင်းအဝိုင်း၊ ဝန်ကြီးဌာန အားလုံးက တက်ညီလက်ညီနဲ့ လုပ်လိုက်တဲ့သဘောပေါ့။ ဥပဒေ စိုးမိုးမှု ပြန်ရလာတယ်လို့ ခံစားရတယ်” ဟု မှတ်ချက်ပြုသည်။

ယခင်က နေရာတခု ယူပြီးပါက အဆင်ပြေပြီး ရသွားကြသည်မှာ များကြောင်း၊ ယခုဖြစ်ရပ်က ကျူးကျော်မှုများ ပြုလုပ် ၍ မရတော့ဘဲ ဥပဒေအတိုင်း၊ ဇုန်နယ်မြေခွဲခြားမှု အတိုင်း အတိအကျသွားနေပြီ ဆိုခြင်းကို လုပ်ငန်းရှင်များအား သ တင်း စကားပေးလိုက်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

သို့သော်လည်း ပုဂံဒေသ အမွေအနှစ်ဇုန်သည် ကျယ်ပြန့်လွန်းခြင်း၊ လူနေအိမ်ခြေများနှင့် ရောထွေးနေခြင်းနှင့် ဥပဒေမဲ့ ကျူးကျော်မှုများက ကြီးမားသော စိန်ခေါ်မှု ဖြစ်နေသေးသည်ဟု ဦးမြင့်နိုင်က ပြောသည်။

ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက ယခုဖြစ်ရပ်သည် သာသနာရေးဆိုင်ရာ သံဃာတော် များ အပါအဝင် လူတိုင်းသည် ကမ္ဘာ့အမွေအနှစ် စည်းမျဉ်းစည်းကမ်းများကို ပိုမိုနားလည်ရန် လိုကြောင်း၊ ကမ္ဘာ့အမွေ အနှစ်ဒေသအတွင်း အမွေအနှစ်များကို မထိခိုက်ဘဲ မည်သို့နေထိုင်ရမည်ကို အသိပညာပေးမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်ဟု မှတ်ချက်ပြုသည်။

ရှေး/သုဌာနအနေဖြင့် ဥပဒေမဲ့ ဆောက်လုပ်နေခြင်းကို ယခုမှ တားမြစ်ခြင်း မဟုတ်ဘဲ စတင်ဆောက်လုပ်စဉ်က တည်းက အကြိမ်ကြိမ်တားမြစ်ခဲ့သော်လည်း ဆက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့် တရားစွဲတော့မည်ဆိုမှ ပိုင်ရှင် ရောက်လာပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်လာကြောင်း၊ လူသားအားလုံးနှင့် ဆိုင်သည့် ကမ္ဘာ့အမွေအနှစ်ကို အား လုံးက ဝိုင်းဝန်း ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဒေါက်တာသန်းထိုက်က အသိပေးပြောဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ World Heritage Center (ကမ္ဘာ့အမွေအနှစ် စင်တာ)က မေးမြန်းထားမှုအား မြေပြင် အခြေအနေ၊ ဌာန၏ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နှင့် အရေးယူဆောင်ရွက်ထားပုံများကို တင်ပြသွားရန်ရှိကြောင်း သိရသည်။

၂၀၁၉ ဇူလိုင်တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ပုဂံဒေသတွင် ယဉ်ကျေး မှု အမွေအနှစ်များကို နည်းအမျိုးမျိုးဖြင့် ထိခိုက်စေမည့် ဥပဒေမဲ့၊ စည်းကမ်းမဲ့ ခြံဝန်းခတ်ခြင်း၊ အဆောက်အအုံသစ် များ တိုးချဲ့ ဆောက်လုပ်ခြင်းတို့ကြောင့် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ရေးအတွက် အန္တရာယ်ရှိ ကြောင်း အမွေအနှစ် ချစ်မြတ်နိုးသူများက သတိပေးလျက် ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

ကမ္ဘာ့အမွေ ပုဂံဒေသအတွင်း ဥပဒေမဲ့ အဆောက်အအုံ တိုးချဲ့မှုများ ပြုလုပ်နေ

မြောက်ဦး ယဉ်ကျေးမှု နယ်မြေအတွင်း ကျူးကျော် နေထိုင်မှု များလာ ဟုဆို

ကိုဗစ်ပေးတဲ့ ပုဂံ ဒေသခံတွေရဲ့ သောက

Your Thoughts …
Tags: ခြံခတ်မှုတာမဏီဘုရားစုပုဂံရှေးဟောင်းနယ်မြေ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.1k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

by ဧရာဝတီ
27 November 2023
3.6k

လတ်တလော၌ တိုက်ပွဲများ ပြင်းထန်လာခြင်း၊ စစ်ရေးအရှိန် မြင့်လာခြင်းတို့ကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များက ပြောသည်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

by ခွာညို
1 April 2024
2.3k

ဝန်ကြီး ဦးတင်ဦးလွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်သည်။ ယခင် အစိုးရ အဆက်ဆက် ပညာရှင်ထက် စစ်တပ်မှ အရာရှိများကိုသာ ဦးစားပေးခန့်အပ်သည့် ပေါ်လစီ အတိုင်း ၂၀၂၃ ခု သြဂုတ်လကမှ...

စစ်ကိုင်းမြို့

စစ်ကိုင်းမြို့

by ဧရာဝတီ
20 April 2025
1.7k

မူလ အမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းလို့ ပြောင်းလဲ ခေါ်တွင် ခဲ့တယ် လို့လည်း…

ငလျင်လှုပ်ခြင်း

ငလျင်လှုပ်ခြင်း

by ဧရာဝတီ
6 April 2025
1.1k

မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံးလို့ ယူဆရတဲ့ ငလျင်မှာ ၁၉၁၂ ခုနှစ် မေလ ၂၃ ရက် မနက် ၃ နာရီခန့်မှာ လှုပ်တဲ့ မေမြို့ ငလျင် ဖြစ်တယ်လို့ ဆိုပါတယ်။

Next Post
ကုလားတန်မြစ်ဘေးက အိုးအိမ်ပျက်လာသူများ (သို့) ရန်ကုန်ရောက် ချင်း စစ်ဘေးရှောင် (ရုပ်/သံ)

ကုလားတန်မြစ်ဘေးက အိုးအိမ်ပျက်လာသူများ (သို့) ရန်ကုန်ရောက် ချင်း စစ်ဘေးရှောင် (ရုပ်/သံ)

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ  / ထက်နိုင်ဇော် / ဧရာဝတီ

ရီမုမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ပုဏ္ဏားကျွန်းအဝင်တွင် တပ်မတော်သားတချို့ ကျဆုံး

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate