• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မောင်တောမြို့နယ်သို့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၂ ဦး တရားမဝင် ထပ်ရောက်လာ

by မင်းအောင်ခိုင်
5 June 2020
in သတင်း
A A
မြန်မာနိုင်ငံဘက်ခြမ်းတွင် နေထိုင်ကြသော နေရပ်စွန့်ခွာသူများကို   တွေ့ရစဉ်  / မင်းအောင်ခိုင် / ဧရာဝတီ

မြန်မာနိုင်ငံဘက်ခြမ်းတွင် နေထိုင်ကြသော နေရပ်စွန့်ခွာသူများကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

8.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းသို့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထပ်မံ၍ တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင် အမျိုး သား၂ ဦးကို စိစစ်မှုများ လုပ်ဆောင်နေကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

အဆိုပါ၂ ဦးမှာ ဇွန်လ ၄ ရက်က တရားမဝင် ဝင်ရောက်လာခဲ့ပြီး ၎င်းတို့၏မြို့နယ်ဖြစ်သည့် ကြိမ်ချောင်း မွတ်စလင် ကျေး ရွာနှင့် ရွှေဇား မွတ်စလင်ကျေးရွာသို့ ရောက်ရှိနေသည် ဆိုသည်ကို သတင်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောခရိုင် အုပ် ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုသည်။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
98
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
34
စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

20 May 2025
53

ဦးစိုးအောင် က “တဖက်နိုင်ငံကနေ နောက်ထပ်၂ ဦး တရားမဝင် ဝင်ရောက်လာတာ ရှိတယ်။ သူတို့ကတော့ ရွှေဇားနဲ့ ကြိမ် ချောင်းရွာက၊ ကျနော်တို့ သတင်းရတာနဲ့ ချက်ချင်းပဲ သွားရောက်ပြီးတော့ လှဖိုးခေါင် ကြားစခန်းကို ပို့ဆောင်ပေးပြီးတော့ Quarantine ထားလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ၎င်းတို့၂ ဦးကို လှဖိုးခေါင်းကြားစခန်း Quarantine Centre ၌ ထားရှိကာ စိစစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက နယ်စပ်တွင် လာဘ်ပေး၊ လာဘ် ယူ ကိစ္စရှိနေသည့်အတွက် ထိုသို့ ဝင်ရောက်နေခြင်းသာ ဖြစ်ကြောင်း ဝေဖန် ထောက်ပြသည်။

ဦးအောင်သောင်းရွှေက “လာဘ်ပေးလာဘ်ယူမှုတွေ ရှိလို့ ဒီနယ်စပ်မှာ ဒီ လူဝင်လူထွက် ပြဿနာတွေ ဖြစ်နေတာ။ ဆို တော့ အခုထိလည်း ဒီပြဿနာတွေက ရှိနေသေးတယ်။ တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ လူတွေကလည်း တရားမဝင်ဘဲ အခုအချိန်မှာ ရောက်ရှိနေတာ တော်တော်များများ ဖြစ်နေပြီ။ ကျနော်တို့ ပြောချင်တာက ဒီလို ကိစ္စတွေမှာ ကျန်းမာရေး အမြင်တခုတည်းနဲ့ မကြည့်ဘဲ လုံခြုံရေးအမြင်နဲ့လည်း မြင်ဖို့ လိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ တဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ထိထိမိမိ ဆောင်ရွက်ရန် လိုအပ် ပြီး ယင်းသို့ မဆောင်ရွက်နိုင်ပါက ကျန်းမာရေး ပြဿနာ၊ လုံခြုံရေး ပြဿနာ၊ လူဝင်/လူထွက် ပြဿနာများစွာ ဆိုးဆိုး ရွား ရွား ထိခိုက်လာနိုင်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောဆိုသည်။

ပြီးခဲ့သော မေလ ၃၀ ရက်ကလည်း တဖက်နိုင်ငံမှ မွတ်စလင် မိသားစုဝင် ၅ ဦး တရားမဝင် ပြန်လည် ဝင်ရောက်လာခဲ့ရာ အိမ်ထောင်ဦးစီး အမျိုးသားဖြစ်သူတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်။

ယင်း ၅ ဦးကိုလည်း လှဖိုးခေါင်ကြားစခန်း Quarantine Centre ထားရှိကာ လိုအပ်သည့် ဆေးစစ်ဆေးမှုများကို ပြုလုပ် လျက်ရှိကြောင်းလည်း ဒေသ အာဏာပိုင်များထံက သိရသည်။

ထိုသို့ တဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ အရေးနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ကိုဗစ်- ၁၉ ရောဂါ ကာ ကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်ပြီးမှ အထက် ညွှန်ကြားချက်ဖြင့် လိုအပ်သလို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ဆိုသည်။

မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တဖက်နိုင်ငံ ရောက်ရှိသွားသူများ အနေဖြင့် မိမိဆန္ဒအလျှောက် ပြန်လည် ဝင် ရောက်လာရာတွင် သက်ဆိုင်ရာ ဌာဆိုင်ရာများထံ တရားဝင် သတင်းပို့ပြီး လျှောက်လွှာများ တင်ကာ စိစစ်လက်ခံမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဒေသအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိမရှိ၊ အကြမ်းဖက် ဖြစ်စဉ် ကြောင့် တဖက်နိုင်ငံသို့ ရောက်ရှိသွားခြင်း ဟုတ်မဟုတ်၊ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့မှု ရှိမရှိ စသည့် အချက် အလက်များကို စိစစ်ပြီး ပြန်လက်ခံခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံအအတွင်း Covid-19 ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစ၍ မောင်တော နယ်စပ်ကို ပိတ်ကာ ပြန်လည် လက်ခံရေး လုပ်ငန်းများကို ယာယီ ရပ်ဆိုင်ထားသည့်အတွက် ယခုပြန်လည် ဝင်ရောက်လာသူများမှာ တရားမ ဝင် ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ရှင်းပြသည်။

ပြီးခဲ့သော မေလအတွင်းက မလေးရှားနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ သံတွဲမြို့နယ်က အမျိုးသား ၁ ဦးနှင့် တောင် ကုတ်မြို့နယ်က အမျိုးသား ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရာ လက်ရှိအချိန်တွင် ၎င်းတို့ ၂ ဦးမှာလည်း ကျန်းမာ ရေးအခြေအနေ ကောင်းမွန်စွာဖြင့် ရှိနေကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဘင်္ဂလားဒေ့ရှ် နယ်စပ် ARSA နှင့် တိုက်ပွဲ ယူနီဖောင်းဝတ် ၂ လောင်း ရဟုဆို

မောင်တောမှ ကိုရိုနာဗိုင်းရပ်တွေ့သူမှာ သတင်းမပို့ဘဲ ပြန်ဝင်လာသူဖြစ်

Your Thoughts …
Tags: နေရပ်စွန့်ခွာမောင်တောလှဖိုးခေါင်းကြားစခန်း
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

by ဧရာဝတီ
12 December 2024
22.2k

အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

ရခိုင်စစ်မျက်နှာတွင် ပြင်းထန်နေသည့် တိုက်ပွဲကြီး ၄ ခု

by အေးချမ်းဆု
28 November 2024
7.1k

တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေသော်လည်း တောင့်ခံနိုင်ခြင်းမရှိဘဲ တောက်လျှောက် ဆုတ်ခွာနေရသည်။

ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ

ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ

by ဧရာဝတီ
2 September 2023
5.1k

ARSA အဖွဲ့များ ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် နယ်မြေ မတည်ငြိမ်မှုဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေ ကြနေကြောင်း ယင်းမြို့နယ်အတွင်း နေထိုင်သူများက ပြောဆိုသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA စစ်ဆေးနေ (ရုပ်/သံ)

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA စစ်ဆေးနေ (ရုပ်/သံ)

by ဧရာဝတီ
12 December 2024
4.5k

ရခိုင်ပြည်နယ်၊ မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ကို အရေးယူဖို့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ အာရက္ခတပ်တော် (AA) ကပြောပါတယ်။

မောင်တော နောက်ဆုံးခံတပ်ကို AA အပြင်းအထန် ဝင်တိုက်

မောင်တော နောက်ဆုံးခံတပ်ကို AA အပြင်းအထန် ဝင်တိုက်

by ဧရာဝတီ
1 August 2024
4.5k

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးအဖွဲ့ ( ARSA )၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့( RSO )စသော မွတ်စလင်လက်နက်ကိုင်များ အပါအဝင် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသော မွတ်စလင် လူငယ်များလည်း ဝင်တိုက်ပေးနေကြောင်း

မောရဝတီဗျူဟာနှင့် နယ်ခြားစောင့်တပ်ရင်း ၄ကို AA ဆက်လက် စစ်ဆင်

မောရဝတီဗျူဟာနှင့် နယ်ခြားစောင့်တပ်ရင်း ၄ကို AA ဆက်လက် စစ်ဆင်

by ဧရာဝတီ
10 June 2024
4.4k

မောင်တောမြို့တောင်ပိုင်း အမှတ် ၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၄) ဌာနချုပ်နှင့် မောရ ဝတီဗျူဟာ စခန်းသိမ်းတိုက်ပွဲ ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေကြောင်း

Next Post
အဆိုတော် အမွန်းနဲ့ ချစ်သူ နိုင်ငံခြားသား / Ah Moon's Facebook

နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် အမွန်း

ညောင်ဝန်း(တပ်မ) ရွာရှိ ရေနံ လက်ယက်တွင်းများ  /  ဦးသာဂဒိုး

ညောင်ဦး တပ်မရေနံမှော်၌ ဒေသခံများအား ရေနံ စမ်းသပ်ရှာဖွေခွင့် ချပေး

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate