၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်း ဖြစ်ခွင့် ရ ရှိရေး ကြိုးစား အားထုတ်သူများ အလွန်များပြားလျက် ရှိသဖြင့် ပြိုင်ဆိုင်မှုလည်း ပြင်းထန်လျက် ရှိကြောင်း သိရသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းနှင့် ပြည်နယ် လွှတ်တော်များ အတွက် NLD ပါတီအတွက် ကိုယ်စားလှယ်လောင်း ထောင်နှင့်ချီ၍ လိုအပ်ချက်ရှိရာ ယင်းနေရာများအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေခြင်း ဖြစ်ကြောင်း လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
“၂၀၁၅ တုန်းက ကိုယ်စားလှယ်တွေ ရွေးတုန်းက သိပ်မဝင်ကြဘူး။ ရွေးကောက်ပွဲနိုင်ပြီးရင်လည်း လွှတ်တော်ထဲရောက် မ လား၊ ထောင်ထဲရောက်မလားဆိုတာ သိပ်မသေချာဘူးလေ။ အခုလည်း ရှိပြီးသား ကိုယ်စားလှယ်ထဲက တဝက်လောက် တော့ ကျန်ခဲ့လိမ့်မယ်လို့ ထင်တယ်”ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြော သည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် လူရွေးစဉ်ကလည်း ပြဿနာတချု့ိ ရှိသော်လည်း ယခုလောက် လူပြော မများကြောင်း၊
ထိုစဉ်က အောက်ခြေက ရွေးပေးသူနှင့် ဗဟိုက ရွေးချယ်သူများတွင် အောက်ခြေက တင်ပေးလိုက်သူ အများစုမှာ ကိုယ်စားလှယ်လောင်း ဖြစ်လာသည့်အတွက် ကျေနပ်မှု ရှိကြကြောင်း NLD ပါတီ၏ သတင်းရင်းမြစ်များက ပြောသည်။
လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက“အခုက ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်။ သူ့လူ ကိုယ့်လူ၊ သူ့ထောက်ခံတဲ့လူ၊ ကိုယ့်ထောက်ခံတဲ့ လူတွေကလည်း ရှိလိမ့်မယ်။ လူထုကလည်း လူသစ်တွေ မြင်ချင်မှာ။ ဒီလူ့ဒီလူပဲဆိုရင် ပျင်းစရာကြီး။ အခုလည်း အသစ်တွေ ပါလာမှာ”ဟု ပြောသည်။
ယခု ကိုယ်စားလှယ်လောင်း ဖြစ်ခွင့်ရရေးကို ပါတီဝင်ထားသူများ၊ ပါတီမဝင်ရသေးသူများကပါ အခွင့်အရေး တရပ်ဟု မြင်နေကြပြီး ပြိုင်ဆိုင်ခွင့်ရှိသည် မှန်သော်လည်း ယင်းနောက်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရှိရန်လည်း လိုမည် ဖြစ်ကြောင်း NLD ပါတီမှ ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက ပြောသည်။
ဦးဇာနည်မင်းက“ငါတို့က ၂၀၂၀ မှာ အောင်နိုင်မှ ဖြစ်မယ်။ ဒါမှလည်း ဒီမိုကရေစီ အရွေ့က ပိုအားကောင်းလာမယ်ဆိုတဲ့ အမြင်မျိုး မပါလာကြဘူး။ အဲဒီမှာ ငါတို့ပြိုင်ခွင့်ရှိတယ် ဆိုရုံနဲ့ ချည်းကပ်ပြီး ပြိုင်လာတာကို တွေ့ ရတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်ကို သူတို့ ခါးပိုက်ထဲထည့် ကြိုးကိုင်လို့ရတဲ့ ကိုယ်စားလှယ်မျိုးကို ရချင်တယ်။ အဲဒါမျိုးကို မြောက်ပေးပြီးမှာ ထိုးထည့်ပြီး ပြိုင်လာခိုင်းတာတွေလည်း တွေ့ ရတယ်။ နိုင်ငံရေး အမြင်အရ ပြော ရရင် သိပ်မကောင်းဘူး”ဟု ပြောသည်။
မြို့ နယ်များတွင် ကိုယ့်လူပါရန် အုပ်စုများ ဖွဲ့ ထားကြပြီး ကိုယ်စားလှယ်ဖြစ်ရေး ရုန်းကန်နေချိန်တွင် ပါတီ ဗဟိုက အခြေ အနေများကို သိသဖြင့် အုပ်စုဖွဲ့ ၍ ရွေးချယ်ခွင့် မရှိအောင် မြို့ မိမြို့ ဖများ ရွေးချယ်ခိုင်းသဖြင့် တချို့၏ အုပ်စုဖွဲ့ ကိုယ်စား လှယ် ယှဉ်ပြိုင်ရေး အိမ်မက် ပျက်သွားကြောင်း NLD ပါတီဝင်များက ပြောသည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ခွင့် ရှိသည့် မြို့ မိမြို့ဖ ရွေးချယ်ရေးတွင်လည်း အမြင်မတူကြဘဲ သဘောထား ကွဲလွဲမှုများ ဖြင့် ပြဿနာ ဆက်တက်နေရာ ပါတီ ဗဟိုသို့ တိုင်ကြားစာများပင် ရောက်ရှိနေသည်ဟု သိရသည်။
NLD ပါတီ မြို့နယ်ရုံးများတွင်လည်း ကိုယ်စားလှယ်လောင်း လျှောက်လွှာများ ထုတ်ယူခွင့် ပြုထားပြီး ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ နှင့် မြို့နယ် အလုပ် အ မှုဆောင် အဖွဲ့ တို့က ကိုယ်စားလှယ်လောင်းကို ရွေးချယ်ခဲ့သော်လည်း ယခုတကြိမ်တွင် အောင်နိုင်ရေးအဖွဲ့ နေရာ၌ မြို့မိ မြို့ဖကို အစားထိုးလာခြင်း ဖြစ်သည်။
မြို့မိမြို့ဖဆိုသည်မှာ ဒီမိုကရေစီ တော်လှန်ရေးတလျှောက်လုံးတွင် ပြည်သူနှင့် အတူ ရပ်တည်ခဲ့သူမျိုးကို ဆိုလိုခြင်း ဖြစ်ပြီး ပါတီနှင့် ရပ်တည်ခဲ့သူကို ဆိုလိုခြင်း မဟုတ်ကြောင်း ပါတီတွင်း သတင်းရင်းမြစ်များက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ၏ ပါတီအောင်နိုင်ရေး ဗဟိုအဖွဲ့ ၏ ဥက္ကဌမှာ လက်ရှိ NLD ပါတီ၏ နာယက ဦးတင်ဦး ဖြစ်ပြီး အတွင်းရေးမှူးမှာ လက်ရှိ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး ဖြစ်သည်။
ထိုစဉ်က မြို့နယ်အဆင့် အောင်နိုင်ရေးအဖွဲ့ နှင့် မြို့နယ် အလုပ်မှုဆောင် အဖွဲ့ တို့ ပေါင်းပြီး လျှောက်လွှာတင်သူများထဲမှ ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး ရွေးချယ်ရပြီး တိုင်းနှင့် ပြည်နယ်သို့ စာရင်းပို့ရကြောင်း၊ တိုင်းနှင့် ပြည်နယ် အဆင့် ကလည်း မြို့နယ်က စာရင်းကို ပြန်ပြောင်းသည့် ဖြစ်စဉ်များ ရှိကြောင်း၊ သို့သော် ဗဟိုကမူ အောက်ခြေက ရွေးပေးသူ များကို အတည်ပြုပေးသည်က များကြောင်း သိရသည်။
ယခုတကြိမ်တွင်လည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခွင့်ကို မြို့နယ်အဆင့်သို့ လုပ်ပိုင်ခွင့် ပေးထားရာ ကိုယ်စား လှယ်လောင်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေးသည် အရေးကြီးကြောင်း၊ ကိုယ်စားလှယ်လောင်းကို မှန်မှန်ကန် ကန် ရွေးချယ်နိုင်ရန် မြို့ မမြို့ဖကိုလည်း လက်ဝါးချင်းရိုက် မရွေးရန် လိုကြောင်း NLD ပါတီ ဒုတိယ ဥက္ကဌ ဒေါက် တာ ဇော်မြင့်မောင်က ပြောသည်။
“ရွေးလိုက်တဲ့အခါမှာလည်း မျက်နှာမလိုက်ဖို့ အခုဟာကလည်း အပြိုင်ကို ဖြစ်နေကြတယ်။ ကျနော်တို့လည်း ကြားပါ တယ်။ ကျနော်တို့က အဲဒီမှာကတည်းကိုက တခါတည်း ပြောပြီးသားပါ။ လက်ဝါးချင်းရိုက်ပြီး ရွေးတဲ့လူကို ကျနော်တို့ လက်သင့်ခံလို့မရဘူး”ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ယခုတကြိမ်သည် ၂၀၁၅ ရွေးကောက်ပွဲနှင့် ခြားနားသည့် အချက်မှာ လူထုက ပါတီကို ကြည့်မည့်အပြင် ကိုယ်စားလှယ် လောင်းကိုပါ ကြည့်ပြီး မဲထည့်မည်ဖြစ်ရာ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုသည် အရေးကြီးကြောင်း၊ သို့သော် ယခု တကြိမ်တွင်လည်း ၂၀၁၅ နှင့် နှိုင်းယှဉ်ပါက ထူးခြားသည့် အချက်မျိုး မတွေ့ ရကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူမှာ အရည်အချင်း တူပါက လူငယ်၊ တိုင်းရင်း သား၊ အမျိုးသမီး ဖြစ်ပြီး ယင်းနောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲများတွင် အရည်အချင်းရှိသူကို ဦးစားပေးမည်ဆိုသည့် မူသို့ ပြောင်းသွားခဲ့သည်။
ထို့ပြင် NLD ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပါတီ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး တသွေးတသံ တမိန့်နှင့် အလုပ်လုက်မည့် ကိုယ်စားလှယ်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ ဆန္ဒနှင့်အညီ ဒေါင်း ထိမောင်းထိ အလုပ်လုပ်မည့် ကိုယ်စားလှယ်တို့တွင် မည်သည့်ကိုယ်စားလှယ်မျိုးကို ရွေးချယ်မည်ဆိုသည်ကို ယခု ကတည်းက ဆုံးဖြတ်ထားရန် လိုကြောင်း ၎င်းက ထောက်ပြသည်။
“ကိုယ်စားလှယ်လှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ အားနည်းချက်တွေ လိုအပ်ချက်တွေ အလွဲအချော်တွေ ဒါတွေကို ပြန်ပြီး သုံးသပ်နိုင်ဖို့ လိုအပ်တယ်။ အဲဒီတုန်းက မမှားခဲ့ဘူး။ မလွဲခဲ့ဖူးလို့ ယူဆရင် အခုကာလမှာလည်း သိပ် ပြီးတော့ ထူးထူးခြားခြား ပြင်စရာ ပြောင်းစရာ ရှိမယ်လို့ မထင်ဘူး။ အဲဒီကာလတုန်းက တကယ်မှားခဲ့တယ်၊ လွဲချော်ခဲ့ တယ် ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မှ အဲဒီသုံးသပ်ချက်တွေအပေါ်မှာ အခြေခံပြီးတော့ ပြုပြင် ပြောင်းလဲနိုင်မှ လက်ရှိ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုက ပိုပြီး အားကောင်းလိ့မ်မယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
NLD သတင်းရင်းမြစ်တဦး၏ အဆိုအရ နောက်သက်တမ်းအတွက် ပြန်ထည့်မည့် လွှတ်တော်ကိုယ်စားလှယ်များကို စိစစ်ရာတွင် ပါတီတွင်း ပြစ်မှုများသည် အရေးကြီးကြောင်း၊ ပါတီတွင်း မှတ်တမ်းများအပြင် ပြင်ပမှတိုင်ကြားချက်များအရ ထင်ရှားသူ၊ ကျော်ဇောသူအားလုံးကို ချန်ခဲ့တော့မည် ဖြစ်ကြောင်း သိရသည်။
“ဒီလူတွေကို ဖယ်ပစ်ရမယ်ဆိုတာ ပါတီမှာ မှတ်တမ်းရှိပြီးသား။ လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကတော့ ပယ်လို့ မရဘူး လေ။ နောက်သက်တမ်းတခုက ပါတီက ကြိုပြီးတော့ ဖယ်ထားတဲ့ အုပ်စုက ရှိပြီးသား။ သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူက မကြိုက်တဲ့သူတွေက ရှိပြီးသား။ ပါတီအနေနဲ့ သူ့ကို တည်ပြီး မဲတောင်းလို့ မရနိုင်ဘူး။ အဲဒါဆိုရင်တော့ လဲရမှာ”ဟု အမည် မဖော်လိုသော တိုင်းအဆင့် ပါတီဝင်တဦးက ပြောသည်။
ထို့ပြင် ပါတီက တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ရာထူးများအပြင် လွှတ်တော် ဥက္ကဌများ၊ ပြည်ထောင်စုဝန်ကြီး နေရာများ အတွက်ပါ အသင်း ၂ သင်းစာ ကြိုတင် ပြင်ဆင်တော့မည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်လို ဝေဖန်ခံရသည့် အခြေအနေတွင် လူလဲထည့်ရေး စဉ်းစားသည့်အခါ အရန်မရှိသည့် ပြဿနာမျိုး ထပ်မကြုံစေရန် ဖြစ် ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကမူ ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် နောက်တကြိမ် ရွေးကောက်ပွဲ မဝင် တော့ဟု ပါတီသို့ သတင်းပို့ထားပြီး ဖြစ်သည်။
ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီက NLD ပါတီတွင် အုပ်စုဖွဲ့ ပြီး သူ့လူ ကိုယ်လူများကို ကိုယ်စားလှယ်လောင်း အဖြစ် တင်သွင်းခဲ့မှုများ ရှိခဲ့ရာ ယခုအကြိမ်တွင်မူ ထိုအခြေအနေမျိုး မရှိကြောင်း၊ ဒေါက်ဇော် အုပ်စု၊ ဦးဉာဏ်ဝင်း အုပ်စု၊ ရန်ကုန် အုပ်စု၊ မန္တလေး အုပ်စု ပုံစံမျိုး မရှိတော့ကြောင်း ပါတီ၏ သတင်းရင်းမြစ်များက ပြောသည်။
“အဲဒါက ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာစရာ ကောင်းတယ်။ မဟုတ်တာ လုပ်တာတွေကို လက်မခံဘူး။ ကြိတ်မယ်လို့ ကျန်တဲ့ CEC တွေက ကြုံးဝါးထားတယ်။ ဦးဝင်းထိန်ကတော့ သူရှိတုန်းက ဘွားတော်ပြီးရင် သူပဲ Mandate ရထားသလိုနဲ့ လုပ် သွားတာ။ ဦးဝင်းထိန်လည်း ပြန်မလာတော့ပါဘူး။ သူတင် မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ သွားရင် အုပ်စုလိုက် သွားရတာ”ဟု ပါတီတွင်း သတင်းရင်းမြစ်တခုက ပြောသည်။
ထို့ပြင် ကိုယ်စားလှယ်လောင်း၏ အသက်အပိုင်းအခြားကိုလည်း အသက် ၇၀ ကျော်သူများကို ရွေးချယ်တော့မည် မဟုတ် သလို အသက်အရမ်းငယ်သူများလည်း ပါဝင်မည် မဟုတ်ကြောင်း၊ လူလတ်ပိုင်းများ ပိုပါဝင်မည် ဖြစ်ကြောင်း၊ ယခု မူဝါဒ သည် ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
“အရင်တုန်းက ဦးဝင်းထိန် ရှိတုန်းက သူနဲ့ နီးစပ်တဲ့သူတွေကို ဆွဲထည့်သလို ဦးဉာဏ်ဝင်းကလည်း သူ့ သဘောကျတဲ့ လူတွေကို ရွေးခေါ်တာတွေ ရှိခဲ့တယ်။ သိပ်အများကြီး မဟုတ်ပေမယ့် အဲလိုလူမျိုးတွေ ကိုယ်စားလှယ် ဖြစ်လာကြတယ်။
အခု ဒီတခေါက်မှာလည်း အန်တီမေနဲ့ ဆရာဇော်နဲ့ ဦးဉာဏ်ဝင်းတို့နဲ့ နီးစပ်သူတွေနဲ့ ပြန်ပါလာနိုင်တာမျိုး ရှိပေမယ့် အရင်ကလောက်တော့ မရှိနိုင်တော့ဘူး”ဟု ပါတီတွင်း လူပုဂ္ဂိုလ်တချို့က ပြောသည်။
သေချာသည့် အချက်တခုမှာ အတိုင်ခံရပြီး တိုင်ကြားသည့် အချက်မှာလည်း မှန်ကန်နေပါက ထိုသူများ လုံးဝ မပါနိုင်တော့ ကြောင်း၊ တချို့မှာ ငွေရေးကြေးရေး ကိစ္စ၊ လူမှုရေး ကိစ္စများတွင် ပါဝင် ပတ်သက်ခဲ့သူများလည်း ရှိရာ ထိုသူများ ကိုယ်စား လှယ် ပြန်မဖြစ်နိုင်တော့ကြောင်း သိရသည်။
“၂၀၁၅ မှာ လူရွေးမှားခဲ့တယ်။ လူရွေးတာကလည်း တချို့ ပညာလည်း တတ်တယ်။ ဘွဲ့ တွေလည်း အများကြီးရတယ်။ ဒါ ပေမယ့် အလုပ်မဖြစ်တာလည်း ရှိတာပဲ။ လုပ်ကြည့်မှပဲ ပေါ်လာတာ များတယ်။ စာရွက်မှာ ရေးတာတော့ ရေးကြတာပဲ။ CV ဖောင်ကြည့် ရေးကြတာပဲ။ တချို့လည်း ပညာတတ် လူကြီးလူကောင်းတွေ ဒါပေမယ့် သိပ်ပြီး မလုပ်နိုင်တာ ရှိတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများသည် အပြောင်းအလဲ လိုချင်သည့်စိတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ကြည့်၍ ကိုယ်စားလှယ်လောင်းကို မကြည့်ဘဲ မဲထည့်ခဲ့သဖြင့် NLD ပါတီ သည် သောင်းပြိုကမ်းပြို အနိုင်ရပြီး အစိုးရ ဖွဲ့ နိုင်ခဲ့ခြင်းဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
ပြည်ထောင်စု လွှတ်တော်သို့လည်း NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်းဖြင့် လွှမ်းမိုးထားနိုင်ပြီး တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိသည်။
You may also like these stories:
လက်နက်ကိုင်အဖွဲ့ ဖမ်းသွားသည့် ရမ်းဗြဲ NLD အမှုဆောင် ပြန်လွတ်လာ
ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲ ပြန်ဖြစ်