ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒုံးပိုက် နယ်ခြားစောင့် ရဲကင်း စခန်းကို ဇွန်လ ၁၃ ရက် နံနက် ၅ နာရီဝန်းကျင် အချိန်ခန့်က ရက္ခိုင့် စစ်တပ် (AA) အဖွဲ့က လာရောက် တိုက်ခဲ့သည့် အတွက်တပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ ဒီနေ့ မနက် ၅ နာရီခွဲလောက်မှာ ဒုံးပိုက် နယ်ခြား စောင့်ရဲကင်းစခန်းကို AA အဖွဲ့က လာရောက် နှောင့် ယှက်ပစ်ခတ်တာရှိတယ်။ ၁၅ မိနှစ်ခန့် လောက် ပစ်ခတ်ခဲ့ပြီး နောက် ဆုတ်ပြေးသွားတယ်။ ဖြစ်စဉ်မှာတော့ ရဲ တပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင် လျှက် ရှိကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးက ယနေ့ မနက်ပိုင်းက အဆိုပါ နယ်ခြားစောင့် ရဲစခန်း ဘက်မှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်သံများကို ကြားရသော်လည်း ဖြစ်စဉ် အသေးစိတ်ကို မသိရှိကြောင်း ပြောသည်။
၎င်းကျေးရွာအုပ်ချုပ်ရေးမှူးက “ ဒီနေ့ နံနက် ၅ နာရီလောက်မှာ အဲဒီစခန်းဘက်က အပြန်အလှန် ပစ်ခတ်သံတွေတော့ ကြားတယ်။ အသေးစိတ်ကိုတော့ ကျနော်တို့လည်း မသိဘူး။ လူနာတင်ကား တွေတော့ သွားတာတွေ့တယ်။ ဒုံးပိုက်ရွာသား တွေ စိုးရိမ်ပြီး ရွာက ထွက်ပြေးနေကြလို့ ဖုန်းဆက်လို့လည်း မရဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ်အတွင်းက ဒုံးပိုက်နယ်ခြားစောင့်ရဲကင်းစခန်းမှာ ပင်လယ်ကမ်း ကမ်းခြေအတိုင်း ဖောက်လုပ်ထားသည့် အငူမော်- မောင်တော် ကားလမ်း မကြီး ပေါ်တွင် တည်ရှိသော အငူမော် နယ်မြေရဲစခန်း လက်အောက်ခံ ရဲကင်းစခန်း တခု လည်း ဖြစ်သည်။
ပြီးခဲ့သော မေလ ၂၉ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် ရသေ့တောင်မြို့နယ်အတွင်းရှိ သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းကို AA အဖွဲ့နေ ဝင်ရောက် စီနင်း တိုက်ခိုက်သည့်ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး မိသားစုဝင် ၃ ဦးဖမ်းဆီးခံခဲ့ရသည်။
နောက်ပိုင်းတွင် ဖမ်းဆီးသွားသည့် ရဲတပ်တပ်ဖွဲ့ မိသားစုဝင် AA ၎င်းမြို့နယ် အတွင်းက အောက်ကျောင်းတောင် ရပ်မိ ၊ ရပ်ဖ လက်ထဲသို့ လွှဲအပ်ကာ ပြန်လွတ်ပေးခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြား စောင့်ရဲစခန်း ၄ ခုကို AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သလို မတ် လ ၃ ရက်နေ့ ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုတ်ရဲစခန်းကို လာရောက် တိုက်ခို က်ခဲ့သည်။
ယင်းအပြင် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်အတွင်း ကိုး သောင်းဘုရားအနီးရှိ ရဲတပ်ရင်းကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်။
ထိုရဲစခန်းများအား တိုက်ခိုက်သည့် ဖြစ်စဉ်များတွင် တပ်ဖွဲ့ဝင် မိသား စုဝင် များ ဖမ်းဆီးခံ ရမှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် AA အဖွဲ့က ပြန်လည် လွတ်ပေးခဲ့သည်။
ထိုသို့ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို လုပ် ဆောင်နေ သော ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က လာရောက်တိုက် ခိုက်ခြင်း မှာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်ကြောင်း တပ်မတော်က ပြောဆို ထားသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းက ချင်းပြည်နယ် ၊ပလက်ဝ မြို့နယ်အတွင်း ဒဏ်ရာရ AA တပ်ဖွဲ့ဝင်များအား ဆေးကုသနေသော ယာယီစခန်းတခုကို တပ်မတော်က အင်အား အလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သည့်အတွက် လက်တုန့်ပြန်သည့်အနေဖြင့် ထိုသို့ သဇင်မြိုင် ရဲကင်းစခန်းအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း AA အဖွဲ့၏ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဆိုသည်မှာ တပ်မတော် လက် အောက်တွင်ရှိပြီး တပ်မတော်၏ စစ်ဆင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု၊ ရဲစခန်းများကနေ လက်နက်ကြီးယာယီ ခန်းများထိုင် ကာ ပစ် ခတ်မှုများ ရှိသည့်အတွက် ရဲစခန်းများကို တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း AA အဖွဲ့က ယခင် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြောဆိုထားသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂ ရက်နေ့ကလည်း အဆိုပါ သဇင်မြိုင် နယ်ခြားစောင့် ရဲစခန်းမှ တပ်ဖွဲ့ဝင် ၄ ဦးမှာ စေတီပြင် စခန်းမှ တပ်ဖွဲ့ဝင်များ၏ လစာကို ထုတ်ယူပြီး အပြန်တွင် လစာများ လုယူခံရကာ တပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ပျောက်ဆုံးသွားခဲ့သည်။
You may also like these stories:
WHO ကား ပစ်ခတ်ခံရမှု ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးနေ
စစ်တွေ ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရ
AA နှင့် ပတ်သက်သည်ဟု သံသယရှိသူ ၆ ဦး အကြမ်းဖက်ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်
လက်နက်ကိုင်အဖွဲ့ ဖမ်းသွားသည့် ရမ်းဗြဲ NLD အမှုဆောင် ပြန်လွတ်လာ