သတင်း

ထိုင်း-မလေးရှား နယ်စပ်၌ အကျဉ်းကျခဲ့သူ မြန်မာ ၂၃ ဦးတွင် COVID-19 ပိုးတွေ့

Want create site? Find Free WordPress Themes and plugins.

ယနေ့စစ်ဆေးတွေ့ရှိခဲ့သည့် COVID-19 ရောဂါပိုးရှိသူ လူနာသစ်၂၃ ဦးသည် ထိုင်း-မလေးရှားနိုင်ငံနယ်စပ်တွင် ပြစ် ဒဏ်ကျခံရပြီးနောက် ပြန်လည်လွှတ်မြောက်လာ သူများထဲကဖြစ်ကြောင်း မြဝတီမြို့နယ်၊ အမှတ် ၂ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ ပြန်လည်လွှဲပြောင်းပေးမှုအရ ၎င်းတို့ ၃၅ ဦးမှာ ဇွန်လ ၈ ရက်နေ့က မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၂ မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဘားအံမြို့ရှိ မူးယစ်ဆေးဖြတ်စခန်းတွင် သီးသန့်ထားရှိကာ စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဦးသန့်ဇင်အောင်က “ထိုင်းဘက်က ဆက်သွယ်လာထဲက ဒီဘက်မှာ အဆင့်ဆင့်တင်ပြပြီး ကိုယ့်နိုင်ငံသားတွေ မှန် ကန်တဲ့အတွက် လက်ခံဖို့ဆောင်ရွက်တာပေါ့၊ သူတို့က ၈ ရက်နေ့ ညနေပိုင်းမှာ သီးခြားအဖွဲ့တဖွဲ့အနေနဲ့ လက်ခံရေး ဆောင်ရွက်ခဲ့တာပါ၊ အခုသူတို့နဲ့ ထိတွေ့မှုရှိခဲ့တဲ့ လူစာရင်းပြန်ကောက်နေပြီး အများဆုံးမှ ၁၅ လောက်ပဲရှိမှာပါ၊ သူတို့ Quarantine ထားရှိဖို့ ဆောင်ရွက်မှာပါ”ဟု ပြောသည်။

ယနေ့ရောဂါပိုးတွေ့ရှိသူများအား ဇွန်လ ၈ ရက်နေ့က လက်ခံရာတွင် ထိုင်းနိုင်ငံဘက်မှ သီးခြားအချုပ်ကားဖြင့် နယ်စပ်သို့လာရောက်ပို့ဆောင်ခဲ့ခြင်းပြီး မြန်မာနိုင်ငံဘက်မှလည်း သီးခြားအစီအစဉ်ဖြင့် ယာဉ်မောင်များက PPE ဝတ်စုံများ ဝတ်ဆင်ကာ ဘားအံမြို့ရှိ Quarantine စင်တာသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူနာသစ် ၂၃ ဦးတို့သည် ရခိုင်ပြည်နယ်မှ ၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၇ ဦး၊ မွန်ပြည်နယ်မှ ၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦး၊ ကရင်ပြည်နယ်မှ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၁ ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ ၁ ဦးတို့ဖြစ်ကြသည်။

ဇွန်လ ၈ ရက်နေ့က ထိုင်းတောင်ပိုင်းမှသယ်ဆောင်လာသူများကို မြန်မာဘက်ကလည်း သီးခြား စနစ်တကျ သယ်ယူ ထားရှိခဲ့သည် (ဓာတ်ပုံ – Tay Zar Aung)

၎င်းတို့ပြန်လည်ဝင်ရောက်မည့် အခြေအနေနှင့် ပတ်သက်ပြီး ကြိုတင်သတင်းရရှိထားသည့်အတွက်လည်း ၎င်းတို့အား Quarantine ထားရှိမည့်စခန်းသို့ ပို့ဆောင်ရာတွင် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်းလည်း ဦးသန့်ဇင်အောင် က ပြောသည်။

လက်ရှိတွင် ရောဂါပိုးတွေ့ရှိခဲ့သူ ၂၃ ဦးအား ဘားအံမြို့၊ မူးယစ်ဆေးဖြတ်စခန်းမှ ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းပို့ဆောင်နိုင်ရေး ယမန့်နေ့ ညပိုင်းကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်းလည်း ကရင်ပြည်နယ်၊ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောသည်။

ယနေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားသူ ၂၈၆ ဦးရှိပြီဖြစ်ပြီး ပြန်လည်သက်သာ ကောင်းမွန်လာသူ ၁၈၇ ဦးရှိကာ ၆ ဦးသေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့ကလည်း မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ခဲ့သူများထဲမှ မြန်မာနိုင်ငံသား ၄၃ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ထိုင်းနိုင်ငံဘက်က ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းတို့အား ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ စဒေါင်းမြို့နယ်ရှိ Quarantine စင်တာတွင် ထားရှိကာ ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။

ယင်းသို့ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့သူများနှင့် ယနေ့မနက်ပိုင်း မြန်မာနိုင်ငံတွင် တွေ့ရှိသည့် လူနာသစ် ၂၃ ဦးတို့မှာ တဖွဲ့တည်း ဟုတ်မဟုတ်ကိုမူ မသိရသေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading