• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စင်ကာပူ ရွေးကောက်ပွဲ မဲဆွယ်မှု လူ ၅ ဦးထက် မပိုရ

by ဧရာဝတီ
19 June 2020
in သတင်း
A A
ယခင်ရွေးကောက်ပွဲများကဲ့သို့ လူစုလူဝေးဖြင့် စီတန်းလှည့်လည်ခြင်းနှင့် ထောက်ခံသူများ စုရုံးကြခြင်း တို့ကဲ့သို့ မြင်နေကျ မြင်ကွင်းများ ရှိတော့မည် မဟုတ်ပါ / Reuters

ယခင်ရွေးကောက်ပွဲများကဲ့သို့ လူစုလူဝေးဖြင့် စီတန်းလှည့်လည်ခြင်းနှင့် ထောက်ခံသူများ စုရုံးကြခြင်း တို့ကဲ့သို့ မြင်နေကျ မြင်ကွင်းများ ရှိတော့မည် မဟုတ်ပါ / Reuters

6.4k
VIEWS
Share on FacebookShare on Twitter

အထွေထွေ ရွေးကောက်ပွဲ များအတွက် မဲဆွယ်ပွဲများသည် စင်ကာပူ နိုင်ငံပြန်လည် ဖွင့်လှစ်မှုများ ပြုလုပ်မည့် အဆင့် ၂ အတွင်း ကျရောက်မည်ဆိုပါက စီတန်းလှည့်လည် ချီတက်မှုများကို ခွင့်ပြုမည် မဟုတ်ဘဲ မဲဆန္ဒရှင်များနှင့် ထိတွေ့ ဆက်သွယ်နိုင်မည့် အခြားရွေးချယ်စရာ နည်းလမ်းများ ပေးသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ဌာန (ELD) က ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

COVID-19 ပြန့်ပွားမှုကို တားဆီးနိုင်ရေး ကျန်းမာရေး ဝန်ကြီးဌာန (MOH) ၏လမ်းညွှန်ချက်နှင့်အညီ ရုပ်ပိုင်းဆိုင်ရာအရ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများကို ကန့်သတ်ထားမည် ဖြစ်သည်။ ဆိုလိုသည်မှာ စုဝေးမှုများတွင် အများဆုံး လူ ၅ ဦး အထိ ကန့်သတ်ထားရမည် ဖြစ်သည်။

RelatedPosts

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
37
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
883

မဲဆန္ဒရှင်များကို လမ်းလျှောက်၍ လိုက်လံတွေ့ဆုံခြင်းနှင့် တအိမ်တက်ဆင်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည့် နိုင်ငံရေးပါတီများအနေဖြင့် သူတို့၏ အဖွဲ့များတွင် လူ ၅ ဦး သာပါဝင်ရမည်ဖြစ်ပြီး မျက်နှာဖုံးများ ဝတ်ဆင်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့မှုများကို ရှောင်ရှားခြင်းကဲ့သို့သော ကျန်းမာရေးအာဏာပိုင်များက အကြံပေး ထားသည့် အခြား ကြိုတင်ကာကွယ်မှုများကိုလည်း ပြုလုပ်သင့်ကြောင်း ELD က ပြောသည်။

“ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူများနှင့် အပြန်အလှန် ပြောဆိုဆက်သွယ်မှုများတွင် လုံခြုံစိတ်ချရသော အကွာအဝေးတွင် ရှိနေရမည့် လုပ်ဆောင်မှုများကို လိုက်နာရန်လည်း သေချာစေရမည် ဖြစ်သည်” ဟု ELD က သတင်းထုတ်ပြန်ချက်တခုတွင် ပြောကြားခဲ့သည်။

အရွယ်အစား ကြီးမားသော စုဝေးမှုများကို ခွင့်ပြုမည် မဟုတ်သဖြင့် ယခင်ရွေးကောက်ပွဲများကဲ့သို့ လူစုလူဝေးဖြင့် စီတန်းလှည့်လည်ခြင်းနှင့် အမည်စာရင်းတင်သွင်းသည့် စင်တာများတွင် ထောက်ခံသူများ စုရုံးကြခြင်း တို့ကဲ့သို့ မြင်နေကျ မြင်ကွင်းများ ရှိတော့မည် မဟုတ်ပါ။

အမည်စာရင်းတင်သွင်းသည့်နေ့ ဖြစ်ရပ်များကို အမျိုးသားရုပ်သံလွှင့်ဌာန ဖြစ်သည့် Mediacorp က ၎င်း၏ ရုပ်မြင်သံကြားလိုင်းနှင့် အွန်လိုင်း channel များတွင် ဖော်ပြပေးသွားမည် ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများ၊ သူတို့ကို အဆိုပြုသူများ၊ သူတို့အတွက် ထောက်ခံချက်ပေးသူများနှင့် အသိအမှတ်ပြု မီဒီယာများသာလျှင် အမည်စာရင်းတင်သွင်းသည့် စင်တာများသို့ဝင်ရောက်နိုင်ပြီး ပါတီထောက်ခံသူများကို အနီးအနားတွင် ရှိနေရန် ခွင့်ပြုလိမ့်မည် မဟုတ်ဟု ELD က ပြောသည်။

ရွေးကောက်ပွဲရလဒ်များကို စောင့်ဆိုင်းရန် မဲရေတွက်သည့် ညတွင် အစည်းအဝေး ခန်းမများ၌ ထောက်ခံသူများ စုရုံးခြင်းကိုလည်း ခွင့်ပြုလိမ့်မည် မဟုတ်ပါ။

ရုပ်ပိုင်းဆိုင်ရာ စုဝေးမှုများအတွက် အခြားနည်းလမ်းများ

ရုပ်ပိုင်းဆိုင်ရာ စုဝေးမှုများအစား မဲဆန္ဒနယ်အလိုက် နိုင်ငံရေး မဲဆွယ်မှုများကို Mediacorp ၏ Channel 5 တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းတိုင်းကို အမျိုးသားတီဗီတွင် သုံးမိနစ်စီ အချိန်ပေးမည်ဖြစ်ပြီး တရားဝင် ဘာသာစကား ၄ မျိုး ထဲမှ မည်သည့်စကားဖြင့်မဆို ပြောဆိုနိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းမှာ လာမည့် ရွေးကောက်ပွဲအတွက် တကြိမ်တည်းသာ ဖြစ်သည်။

ထို့ကြောင့် ကိုယ်စားလှယ်နေရာ တခုတည်းသာရှိသည့် မဲဆန္ဒနယ် (SMC) မှ ကိုယ်စားလှယ်လောင်း တဦးစီအတွက် ၃ မိနစ်စီရမည်ဖြစ်ပြီး ကိုယ်စားလှယ်နေရာ ၄ ခု ရှိသည့် အဖွဲ့လိုက် မဲဆန္ဒနယ် (GRC) မှ ကိုယ်စားလှယ်လောင်းများအတွက် တဖွဲ့လျှင် ၁၂ မိနစ်စီ ရမည်ဖြစ်သည်။ ကိုယ်စားလှယ်နေရာ ၅ ခု ရှိသည့် GRC တွင် တဖွဲ့လျှင် ၁၅ မိနစ် ရမည် ဖြစ်သည်။ ပါတီများအနေဖြင့် ခွင့်ပြုပေးထားသည့် အချိန်အတွင်းတွင် GRC အဖွဲ့ဝင် တဦးတည်းမှ ပြောဆိုမည် သို့မဟုတ် တဦးထက် ပို၍ ပြောဆိုမည်ဆိုသည်ကို ဆုံးဖြတ်နိုင်ကြောင်း ELD ကပြောသည်။

ထိုသို့ ထုတ်လွှင့်ပေးခြင်းက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကဲ့သို့ပင် 19 TV နှင့် ရေဒီယိုလိုင်းများမှ ထုတ်လွှင့်သွားမည် ဖြစ်သည့် ပါတီနိုင်ငံရေး ရုပ်သံ ထုတ်လွှင့်မှု ၂ ခု အပြင် ထပ်မံခွင့်ပြုပေးခြင်းဖြစ်သည်။

“ပြည်သူလူထု အနေဖြင့် နိုင်ငံရေးထုတ်လွှင့်မှုများကို မိမိတို့၏နေအိမ်များမှသာ ကြည့်ရှုကြရန်နှင့် MOH ၏ လမ်းညွှန်ချက်များအရ ခွင့်ပြုထားသည့် အရွယ်အစားထက် ကျော်လွန်၍ အဖွဲ့လိုက် မစုရုံးကြပါရန် အကြံပြုပါသည်” ဟု ELD က ပြောသည်။

ကိုယ်စားလှယ်လောင်းများ အနေဖြင့် e-rally livestreams များကို ပြုလုပ်နိုင်သည့် ရွေးချယ်စရာလည်း ရှိမည် ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရာတွင် အသုံးပြု ရန် နေရာများကို လျှောက်ထားနိုင်ပြီး အစိုးရက အထူးလျှော့ဈေးဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ထိုနေရာများကို မဖြစ်မနေ အသုံးပြုရမည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ကိုယ်စားလှယ်လောင်းများက အခြားအချိန်များတွင်လည်း မည်သည့် နေရာမှမဆို Live-streaming မှ တဆင့် မဲဆွယ် စည်းရုံးနိုင်သည်ဟု ELD ကပြောသည်။

ရွေးကောက်ပွဲ ကျင်းပရေး တရားဝင် ကြေငြာချက် ထုတ်ပြန်ပြီးနောက် နိုင်ငံရေး မဲဆွယ်စည်းရုံးမှုများ ထုတ်လွှင့်ခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်သည့် နေရာများနှင့် ပတ်သက်၍ အသေးစိတ်ကို ကြေညာလိမ့်မည် ဖြစ်သည်။

နောက်ထပ် ပြောင်းလဲမှုတခုမှာ မဲဆွယ်စည်းရေးအတွက် လှည့်လည်သည့် ယာဉ်များကို ဂီတ သို့မဟုတ် ဗီဒီယိုများ ဖွင့်ခွင့်ပြုမည် မဟုတ်သလို အသံချဲ့စက် ဖြင့်စကားပြောခြင်း သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်ခြင်းများကိုလည်း ခွင့်မပြုပါ။

“ကိုယ်စားလှယ်လောင်းများကို လှည့်လည် စည်းရုံးသော ယာဉ်များပေါ်မှ နေ၍ စကားပြောခွင့်ပြုခြင်းသည် စုဝေးမှုတခုနှင့် အလားတူပြီး ၎င်းတို့ ပတ်ဝန်းကျင်ရှိ လူအုပ်ကို ဆွဲဆောင်လိမ့်မည်” ဟု ELD ကပြောသည်။

“အကယ်၍ လူစုလူဝေးများ ဖြစ်လာခြင်း သို့မဟုတ် လမ်းပေါ်တွင် လှည့်လည် စည်းရုံးသော ယာဉ်များ နောက်သို့လိုက်ခြင်းများ ဖြစ်ပေါ်လာပါက အများပြည်သူ အတွက် စည်းမျဉ်းများ၊ ပြည်သူ့ကျန်းမာရေးနှင့် လမ်းအန္တရာယ်ကင်းရှင်းရေး အတွက် သိသာထင်ရှားသော အန္တရာယ်ဖြစ်စေလိမ့်မည်။”

ထို့ပြင် မဲပေးသည့်နေ့ နောက်ပိုင်းတွင် “ကျေးဇူးတင်သည့် အနေဖြင်” မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည်ခြင်းများအတွက် ရဲတပ်ဖွဲ့က ခွင့်ပြုချက်ပေး လိမ့်မည် မဟုတ်ပါ။ ထိုကဲ့သို့ စီတန်းလှည့်လည်ခြင်း ကလည်း လူစုလူဝေး ဖြစ်လာ အောင် ဆွဲဆောင်လေ့ရှိသောကြောင့် ဖြစ်သည်။

လမ်းညွှန်ချက်များသည် အဆင့် ၂ အတွက် ဖြစ်

ပြည်သူလူထု၏ ကျန်းမာရေးနှင့် လုံခြုံရေးကို အကာအကွယ်ပေးခြင်း အပြင် မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်များ သည် COVID-19 အခြေအနေ၌ပင် မဲဆန္ဒရှင်များက နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အားလုံး၏ မဲဆွယ် စည်းရုံးရေးသတင်းများ ရရှိစေရေး သေချာစေရန်လည်း ရည်ရွယ်ထားသည်ဟု ELD ကပြောသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး၏ အချို့သော ကဏ္ဍများက ပြောင်းလဲမည် မဟုတ်ပါ။ ဥပမာအားဖြင့် မဲပေးခြင်းမတိုင်မီ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှု အားလုံး ရပ်တန့်ရမည့် နေ့က ဆက်လက်ရှိနေမည် ဖြစ်သည်။

ဇွန်လ ၈ ရက်နေ့တွင်ကြေငြာခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက် စည်းမျဉ်းများနှင့်အညီ ကိုယ်စားလှယ်လောင်းများက အွန်လိုင်းတွင် မဲဆွယ်နိုင်သလို ပိုစတာများနှင့် နဖူးစည်း စာတန်းများ ကပ်ခြင်းကို ဆက်လက် ပြုလုပ်နိုင်သည်။ မဲဆန္ဒရှင်များ မဲပေးနိုင်ရန် အချိန်ကို ပိုင်းခြားထားပေးခြင်းနှင့် မဲပေးချိန်တွင် လက်အိတ်များ ဝတ်ဆင်ခြင်း အပါအဝင် ကပ်ရောဂါကာလအတွင်းတွင် မဲပေးရေး အထူးလုပ်ဆောင်ရမည့် အချက်များကိုလည်း ELD က ကြေညာထားပြီး ဖြစ်သည်။

ELD က ကိုယ်စားလှယ်လောင်းများအား ၎င်းတို့၏ မဲဆွယ်စည်းရုံးရေးကို “တာဝန်သိသိ၊ ဂုဏ်သိက္ခာရှိရှိဖြင့်” လုပ်ဆောင်ရန် သတိပေးခဲ့ပြီး လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများကို ဖြစ်ပေါ်စေမည့် အခြေအမြစ် မရှိသော စွပ်စွဲချက်များ သို့မ ဟုတ် ထုတ်ပြန်ချက်များ မပြုလုပ်ရန် သတိပေးထားသည်။

COVID-19 အတွက် ဝန်ကြီးဌာနပေါင်းစုံ ပါဝင် ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့က စင်ကာပူသည် ဇွန် ၁၉ ရက်တွင် အဆင့် ၂ သို့ တိုးတက်လာလိမ့်မည်၊ လုပ်ဆောင်မှု အများစုနှင့် စီးပွားရေးလုပ်ငန်းများက လုံခြုံရေးကြိုတင်ကာကွယ်မှုများနှင့်အညီ ဖွင့် လှစ်နိုင်သည် ဟု ဇွန်လ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။

၅ ဦးထက်ပို၍ စုဝေးခြင်းကို ဆက်လက်ကန့်သတ်ထားသည့် အပြင် စည်းကမ်းသတ်မှတ်ချက်များအရ ပြည်သူများအနေဖြင့် တတ်နိုင်လျှင် တဦးနှင့် တဦး အနည်းဆုံး ၁ မီတာ ခွာ၍ နေရန် လိုအပ်သည်။ စာကြည့်တိုက်များ၊ ဝတ်ပြုသည့် နေရာ များနှင့် ရုပ်ရှင်ရုံများအပါအဝင် လူစုလူဝေး ဖြစ်နိုင်သည့် နေရာများကို ပြန်လည် မဖွင့်လှစ်နိုင်သေးပါ။ ထိုအဆင့်က လပေါင်းများစွာ ကြာရှည်နိုင်ဖွယ်ရှိသည်ဟု လုပ်ငန်းအဖွဲ့ က ပြောကြားခဲ့သည်။

အဆင့် (၃) အတွက် လမ်းညွှန်ချက် အသစ်များ ထုတ်လာသည့် အချိန်တွင် ELD ကလည်း ကျန်းမာရေး အကြံပေးချက်များနှင့်အညီ မဲဆွယ် စည်းရုံးရေး လမ်းညွှန်ချက်များကို အဆင့်မြှင့်တင်သွားမည်ဟု ELD ကပြောသည်။

စင်ကာပူနိုင်ငံ၏ နောက်လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၄ ရက် မတိုင်မီ ကျင်းပရမည် ဖြစ်သော်လည်း မကြာမီ ဖြစ်လာမည့် အရိပ်လက္ခဏာများ ရှိနေသည်။ သို့သော်လည်း ယခုကဲ့သို့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းသည် “ဝန်ကြီးချုပ်က ဆုံးဖြတ်ရမည့် အထွေထွေရွေးကောက်ပွဲ အချိန်ကာလနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ELD ကပြောသည်။

ကိုးကား။ ။ CNA

You may also like these stories:

၂၀၂၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ကျင်းပမည်

အစိုးရပြန်ဖွဲ့နိုင်အောင် ကြိုးစားမယ်

ယှဉ်ပြိုင်မှုပြင်းထန်ဖွယ်ရှိတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ

Your Thoughts …
Tags: COVID-19စင်ကာပူမဲဆွယ်မှုရွေးကောက်ပွဲလူ ၅ ဦးထက် မပိုရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
26.9k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
19.9k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

Next Post
မန္တလေးမြို့ / ဇော်ဇော် / ဧရာဝတီ

အခြားနည်းဖြင့် သုံးစွဲခွင့်ပေးသော လယ်မြေများမှာ ယခင်အစိုးရ၏ ထက်ဝက်သာရှိ

ရွှေညီကို လူရွှင်တော် အဖွဲ့

တချိန်က ပရိသတ် အားပေးခံရတဲ့ ရွှေညီကို လူရွှင်တော်တွေ ဘာလုပ်နေကြလဲ

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

22 hours ago
8.1k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate