• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အတိုင်ပင်ခံရုံး ညွှန်ချုပ် ဦးဇော်ဌေး အငြိမ်းစား မယူပါ

by ထက်နိုင်ဇော်
24 June 2020
in သတင်း
A A
နေပြည်တော် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသော ဦးဇော်ဌေး / သီဟလွင်

နေပြည်တော် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသော ဦးဇော်ဌေး / သီဟလွင်

29.7k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်တွင် အသစ်ဖွဲ့ စည်းထားသည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန် ကြီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး အငြိမ်းစားယူသွားပြီ ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကာယကံရှင်နှင့် နီးစပ်သူများက အတည်ပြုသည်။

ယနေ့ သတင်းစာတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်ကို ညွှန်ကြားရေးမှူးချုပ် အဖြစ် ရာထူးတိုးမြင့်စာကို အကြောင်းပြု၍ ယခုလို ဦးဇော်ဌေး အငြိမ်းစားယူသွားပြီဆိုသည့် သတင်းစကားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

RelatedPosts

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

14 July 2025
581
သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
199
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
115

“ဦးဇော်ဌေးက သူ့နေရာမှာသူပဲ။ အခု ရာထူးတိုးသွားတာက အခု ဝန်ကြီးရုံးရဲ့ ရုံးအဖွဲ့ မှူးရဲ့ ဒုညွှန်ချုပ် ဦးကျော်လွင်က ဝန်ကြီးရုံးရဲ့ ညွှန်ချုပ် ဖြစ်လာတာ။ ဦးကျော်လွင်က ဗိုလ်ကြီးဟောင်းပါ။ ဦးဇော်ဌေးက ဌာနတခုပါ”ဟု အမည်မဖော်လိုသော သမ္မတရုံး အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် မူဝါဒရေးရာဌာန၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ဟူ၍ ၂ မျိုးရှိရာ မူဝါဒရေးရာ ဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးဝင်းကျော်အောင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးဇော်ဌေးတို့ ဖြစ်သည်။

ယခု ရာထူးတိုးခံရသည့် ဦးကျော်လွင်မှာ ဝန်ကြီးရုံး၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။

ကာယကံရှင်ဖြစ်သူ ဦးဇော်ဌေးကမူ ၎င်းအငြိမ်းစားယူ၊ မယူ သိချင်ပါက လာမည့် ဇွန်လ ၂၆ ရက်နေ့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်မည် သတင်းစာ ရှင်းလင်းပွဲကို စောင့်ကြည့်ရန် ပြောဆိုသည်။

ယင်းနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက အစိုးရ၏ ၄ နှစ်မြောက် တနှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များကို ဦးဇော်ဌေးကိုယ်တိုင် ရှင်းလင်းရမည် ဖြစ်ပြီး ယခင်နှစ်များကလည်း ၎င်းကိုယ်တိုင် ရှင်းလင်းခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ တဦး ဖြစ်သည့် ဦးဇော်ဌေးသည် ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင် ရွက်ခဲ့ဖူးသည်။

ယခု အစိုးရသစ်လက်ထက်တွင် NLD အစိုးရက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဖန်တီးပြီး ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာသည့်အခါ ၎င်းကို အထောက်အကူပြုရန် ဖွဲ့စည်းထား သည့် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးတွင် ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။

ယခုရက်ပိုင်း နေပြည်တော်တွင် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် မြေကွက်ယူထားကြောင်း သတင်းကို ဦးဇော်ဌေးက ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ထွက်ရှင်းပြီးနောက် ၎င်းကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ လူမှုကွန်ရက် စာမျက်နှာများတွင် စတင်ပျံ့ နှံ့လာသည်။

မနေ့ကလည်း Forward Media Group က ဦးဇော်ဌေးသည် NLD အစိုးရကို နောက်ကျောမှ ဓါးနှင့် ထိုးနေကြောင်း မုံရွာ အောင်ရှင်က ပြောသည့်ဆိုသည့် သတင်းမှားတခုကို ထုတ်ပြန်ခဲ့ပြီးနောက် NLD ပါတီမှ မုံရွာအောင်ရှင်က ၎င်း ပြောဆိုခဲ့ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။

ဦးဇော်ဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၇ မှ ဖြစ်ပြီး တပ်မတော် အစိုးရလက်ထက် ဗိုလ်ချုပ်ကြီး စိုးဝင်း ဝန်ကြီးချုပ် ဖြစ်လာသည့်အခါ ၎င်းနှင့်အတူ အစိုးရရုံးသို့ ဗိုလ်မှူးရာထူးဖြင့် ပြောင်းရွှေ့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

ဦးဇော်ဌေးသည် သမ္မတဦးသိန်းစိန်လက်ထက်တွင် သမ္မတရုံး ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ခဲ့သည်။

You may also like these stories:

သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ မြေကွက် ရယူမှု မှန်ကန်ကြောင်း သမ္မတရုံး အတည်ပြု

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှု ရှုံးနိမ့်

လူရွေးမှားတဲ့ အားနည်းချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြင်ဖို့လို

Your Thoughts …
Tags: ညွှန်ကြားရေးမှူးချုပ်နိုင်ငံတော်အတိုင်ပင်ခံအငြိမ်းစားမယူဦးဇော်ဌေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

အကောက်ခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် / CEO Myanmar Magazine

ပြည်တွင်းအခွန် ညွှန်ချုပ် ဦးမင်းထွဋ် NRPC သို့ ပြောင်းရွှေ့ ခံရ

by ထက်နိုင်ဇော်
15 September 2020
30.7k

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကို ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဌာန(NRPC)သို့ ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် ပူးတွဲ တာဝန် ထမ်းဆောင်စေရန်

၂၀၁၉ ခုနှစ်က တွေ့ရသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / State Counselor’s Office

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး

by ဧရာဝတီ
6 May 2022
22.6k

မြန်မာစစ်အုပ်စုနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အကြား တင်းမာမှုများသည် လွန်ခဲ့သော ၆ နှစ်ကပင် အရှိန်အဟုန် ရနေပြီဖြစ်သည်

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး  / ထက်နိုင်ဇော် /  ဧရာဝတီ

သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွတ်မြောက်

by ဧရာဝတီ
26 June 2021
96.8k

အာဏာမသိမ်းမီ နောက်ဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတာတွေကို တပ် ချုပ်က တော်တော် စိတ်ဆိုးတယ်လို့ ကျနော်တို့ သိရတယ်။ ရွေးကောက်ပွဲရလဒ်ကို ဝေဖန်တဲ့လူတွေ၊ အဖွဲ့အစည်းတွေက Political Suicide နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်မယ်ဆိုပြီး ပြောတာ။ သူက...

သထုံမြို့နယ်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ဖမ်းမိခဲ့သော ကျပ်တသောင်းတန် အတုများနှင့် ပြုလုပ်သည့်စက်  / မွန်ပြည်နယ်ရဲတပ်ဖွဲ့

ငွေစက္ကူအတု ပြုလုပ်သူကို သက်ဆိုင်ရာနိုင်ငံနှင့် ပူးပေါင်း၍ အရေးယူမည်

by ကျော်မျိုး
8 December 2018
22.8k

ငွေစက္ကူအတုပြုလုပ်သူများကို သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

မေလ ၂၄ ရက် နေပြည်တော် တရားခွင်တခုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ကို အတူတကွ ရုံးထုတ်လာစဉ်

ခေတ်သစ်သမိုင်းထဲက လူစိတ်အဝင်စားဆုံး အမှုကြီးများ

by ဧရာဝတီ
6 November 2021
13.7k

မျက်မှောက်မြန်မာ့သမိုင်းမှာ ပြည်သူတွေစိတ်ဝင်တစားရှိတဲ့ အမှုကြီး ၅ မှု ရှိပါတယ်။

ပြုပြင်ပြောင်းလဲရေးခေတ် အစိုးရ ၂ ဆက် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး / ဧရာဝတီ

ပြုပြင်ပြောင်းလဲရေးခေတ် အစိုးရ ၂ ဆက် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကွယ်လွန်

by ဧရာဝတီ
24 May 2022
10.2k

NLD အစိုးရ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးဇော်ဌေးသည် မေလ ၂၃ တနင်္လာနေ့က နံနက်ပိုင်းက နေပြည်တော်တွင် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။

Next Post
ဟာသ သရုပ်ဆောင် ပါကျဲ / နေပိုင် / ဧရာဝတီ

ထီး၊ ဖိနပ်ချုပ်ပြီး မိဘကို ရှာကျွေးနေတဲ့ ဟာသသရုပ်ဆောင် ပါကျဲ

၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်အပြီး ကယန်းတိုင်းရင်းသူ အမျိုးသမီး / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.1k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate