• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တာချီလိတ်၌ ၁ လအတွင်း မူးယစ်ဆေးနှင့် လက်နက်အများအပြားဖမ်းမိ

by ထွန်းထွန်း
29 June 2020
in သတင်း
A A
ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများ / CCDAC

ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများ / CCDAC

52.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်အတွင်း ယခုဇွန်လအတွင်း ကျပ် ၄၀ ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများနှင့် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်များ ဖမ်းမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက “ဒီလထဲ မိတာ တော်တော်များနေပါပြီ၊ ကျနော်တို့က စီမံချက် စစ်ဆင် ရေးရယ်လို့ မဟုတ်ဘဲ အမျိုးသားရေး တာဝန်တရပ် အနေနဲ့ မူးယစ်တိုက်ဖျက်ရေးကို ကြိုးပမ်းလုပ်ဆောင် နေတာပါ၊ ဒါကို တပ်မတော်ဘက်နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်၊ မိတာတွေက နယ်စပ်နားမှာ မိတာတွေလည်း ပါတယ်” ဟု ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
653
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.4k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
714

ယနေ့ဇွန်လ ၂၉ ရက်နေ့ မနက် ၄ နာရီခန့်ကလည်း တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် ကျပ် ၂၆ ဒဿမ ၉ ဘီလီယံခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် လက်နက် ၆ လက် ဖမ်းမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

တပ်မတော်စစ်ကြောင်းအနေဖြင့် သတင်းအရ သွားရောက်ရှာဖွေရာတွင် ဝါးရုံပင်အနီး မြေကြီးအောက်တွင် မြုပ်နှံ ထား သည့် ဆာလာအိတ် အလုံး ၆၀ အတွင်းမှ WY စိတ်ကြွဆေးပြား ၆ ဒဿမ ၄၈ သန်းခန့်နှင့် ရေစိုကာ ပုံစံပျက်နေသည့် စိတ်ကြွဆေးပြား အကြေ ၁၁၄၈ ကီလိုဂရမ် နှင့် AK မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ ၂ လုံးပြူး သေနတ် ၁ လက်နှင့် ကျည် ၅ တောင့်၊ ၁ လုံးထိုး သေနတ် ၂ လက်တို့အား သိမ်းဆည်း မိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

တာချီလိတ်မြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက “ဒါက တပ်မတော်စစ်ကြောင်းက ဖမ်းမိတာပါ၊ အခုစခန်းမှာ အမှုလာ ဖွင့်နေပါပြီ၊ ဖမ်းမိတဲ့ တရားခံတော့ မပါဘူး၊ ပစ္စည်းတွေက ပိုင်ရှင်တော့ ရှိပါတယ်၊ သတင်းအရ သွားဖမ်းတဲ့အချိန်မှာ မမိလိုက်တဲ့သဘောပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေး ပြားများ၊ ဘိန်းဖြူများနှင့် M21 သေနတ် ၁ လက်၊ ဘရောင်နင် အမျိုးအစား ၉ မမ ပစ္စတိုသေနတ် ၁ လက် တို့ကို ကျည်ဆံများနှင့်အတူ ဖမ်းမိခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့ကလည်း တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာနှင့် စန်းလုကျေးရွာ ကျေးရွာချင်းဆက်တောလမ်းတွင် ကျပ် ၉ ဒဿမ ၇ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့်လက်နက်များ/တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ယင်းအပြင် ဇွန်လ ၅ ရက်နေ့က တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်နေ အသက် ၅၁ နှစ်ရှိ စိုင်းခမ်းဖိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး အိပ်ခန်းအတွင်းမှ ကတ်တမင်း အလေးချိန် ၅ ဒဿမ ၉၅ ကီလို (ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၉၅ သိန်း)အား ဖမ်းမိခဲ့ပြီး ဇွန်လ ၂ ရက်နေ့ကလည်း လွယ်တော်ခမ်း ကျေးရွာ အုပ်စု၊ ဂျောပကျေးရွာနေ လော်ဒန်း(ခ)လော်တောင်း စီးနင်းလာသည့် ဆိုင်ကယ်အား စစ်ဆေးရာတွင် ကျပ်သိန်း ၂၀၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့သည်။

ပူးပေါင်းအဖွဲ့များ အနေဖြင့် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဟိန်းမင်းထိုက်နှင့် မင်းမင်းလတ်တို့ မောင်း နှင် လာသည့် မော်တော်ယာဉ် ၂ စီးပေါ်မှ မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့် စက်များနှင့် မူးယစ်ဆေး ထုတ်ပိုးသည့် အိတ်အသေး အများအပြားအား ဇွန်လ ၃ ရက်နေ့က ဖမ်းမိခဲ့သေးသည်။

၎င်းကွင်းဆက်အဖြစ် ထပ်မံဖမ်းမိသည့် စိုင်းအောင်ခမ်း နေထိုင်ရာ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ ၃ လမ်း၊ ရွှေနဂါးတိုက်တန်း၊ အခန်းအမှတ် ၄ တွင်လည်း မူးယစ်ဆေးများ၊ M 22 သေနတ် ၂ လက်၊ M 16 သေနတ် ၁ လက်၊ ပွိုင့် ၄၅ ပစ္စတိုသေနတ် ၁ လက်တို့ကို ကျည်များနှင့်အတူ ဖမ်းမိခဲ့သည့်အပြင် မူးယစ်ဆေးပြား ရိုက်စက်များနှင့် ထုပ်ပိုးသည့် အိတ်များအား ဖမ်းမိခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာရှိ စိုင်းလှရွှေ (ခ) ဂျပန် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ ကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် AK 47 မောင်းပြန်ရိုင် ဖယ် သေနတ် ၁ လက်နှင့် ကျည်များအပြင် ၎င်းပိုင်ဆိုင်သည့် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ နေအိမ်မှလည်း ရွှေထည်နှင့် ထိုင်းဘတ်ငွေ ၉၆၃၀ ဘတ် သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

ဆက်စပ်လင့်

ကျပ် ၁၂၁၇ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး

Your Thoughts …
Tags: စစ်ဆင်ရေးတာချီလိတ်မူးယစ်ဆေးလက်နက်သေနတ်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

by ဧရာဝတီ
11 January 2024
13.7k

စစ်ဆင်ရေးတာဝန်ယူထားရသော တိုင်းမှူးနှင့်တပ်မမှူးများအား အနားပေးခြင်းသည် ၎င်းတို့တာဝန်ယူထားရသော ဒေသ၌ စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.4k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

ကချင်စစ်မျက်နှာ အလှည့်အပြောင်း

ကချင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
5 April 2024
11k

၂၀၂၄ ခုနှစ် နှစ်ဆန်းမှစ၍ ကချင်စစ်မျက်နှာအနှံ့တွင် တိုက်ပွဲများတွေ့လာပြီး ယေဘုယျအားဖြင့် ဟိုတကွက်၊ ဒီတကွက် တိုက်ပွဲဖြစ်နေသည်ဟု ထင်ရ၏။

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

Next Post
သတ္တမတန်းသင်ရိုးညွှန်းတမ်းသစ် ကချင်လူမျိုးအကြောင်း ဖော်ပြချက်အမှားကို ပြင်ဆင်သင့်ဟု ဆို (ရုပ်/သံ)

သတ္တမတန်းသင်ရိုးညွှန်းတမ်းသစ် ကချင်လူမျိုးအကြောင်း ဖော်ပြချက်အမှားကို ပြင်ဆင်သင့်ဟု ဆို (ရုပ်/သံ)

ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသည့် အထဲမှ ၄ ဦးနှင့် သက်သေခံ သေနတ်  / The Mandalay News Journal

မန္တလေးမြို့လယ်ပစ်ခတ်မှုနှင့် ဆက်စပ်၍ လူ ၇ ဦးကို ဖမ်းဆီး

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate