သတင်း

မန္တလေးမြို့လယ်ပစ်ခတ်မှုနှင့် ဆက်စပ်၍ လူ ၇ ဦးကို ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့လယ်ခေါင်တွင် ဇွန် ၂၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ လူ ၇ ဦးအား ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၇/၃၂၆၊ လက်နက်မှုဖြင့် အမှုဖွင့်ကာ အောင်မြေသာစံမြို့နယ်တရားရုံး၌ ချုပ်ရက် ရမန်ယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

အဆိုပါ ၇ ဦးမှာ သေနတ်ပစ်မှုကျုးလွန်သူ ဝေယံကျော်နှင့် ၎င်း၏ သူငယ်ချင်း ၃ ဦး၊ ပြစ်မှု ကျုးလွန်ပြီးနောက် သင်္ကန်း ဝတ်ရန် အတွက် စစ်ကိုင်းသု့ိ လိုက်ပို့ပေးခဲ့သော ဝေယံကျော်၏ ဖခင်ဖြစ်သူ ဦးသန်းကျော်တို့အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇/၃၂၆ ဖြင့်လည်းကောင်း၊ သေနတ် ပိုင်ရှင်ဖြစ်သူ အငြိမ်းစား ဆရာမ ဒေါ်အေးဝင်းချိုနှင့် သေနတ်ကို ဝေယံကျော်ထံသို့ လွှဲပြောင်းပေးခဲ့သူ စောမင်းခန့်ကျော်တို့ ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက “ဆရာမကတော့ သူ့အဖေသေနတ်လို့ ပြောတယ်။ ဒီဆရာမရဲ့အဖေဖြစ်သူက လက်ထောက်လဝကညွှန်မှူး အဖြစ် တာဝန် ထမ်းဆောင်ချိန်က လိုင်စင်နဲ့ကိုင်တဲ့သေနတ်လို့ ပြောတယ်။ ဒါပေမယ့် သူ့အဖေကလည်း ကွယ်လွန်သွားပြီ။ အထောက်အထား စာရွက်စာတမ်း မရှိတော့ဘူး။ ဆရာမကလည်း သူ့အဖေပစ္စည်းဖြစ်တော့ အထောက်အထား သေ ချာမပြနိုင်ဘူး။ အဲဒီတော့ သူ့အဖေက ဒီသေနတ်ကို တကယ်ကိုင်ခဲ့တာလား။ အဲဒီခေတ်ကရော တကယ် ကိုင်ခွင့် ရှိလား ဆိုတာကိုတော့ ဆက်ပြီး စိစစ် အတည်ပြုရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ကျောင်းဆရာမ၏ ထွက်ဆိုချက်အရ ယင်းသေနတ်ကို ဆရာမ၏ တပည့်ဖြစ်သူ စောမင်းခန့်ကျော် ဆိုသူအား လွှင့်ပစ်ပေးရန် ခိုင်းစေခဲ့ကြောင်း၊ စောမင်းခန့်ကျော်က ထိုသေနတ်ကို မလွှင့်ပစ်ဘဲ သူငယ်ချင်းဖြစ်သူ တရားခံ ဝေယံကျော်အား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထားသူအား ယနေ့ ရုံးထုတ်လာစဉ် (ဓာတ်ပုံ – မင်းသန့်)

ရဲမှူးကြီးမောင်မောင်အေး က “သေနတ်ကို ဆရာမက သူ့တပည့် ၁ ယောက်ကို စွန့်ပစ်ဖို့ပေးလိုက်တာ။ သူ့တပည့်နဲ့ အခုပြစ်မှုကျုးလွန်တဲ့သူနဲ့က သူငယ်ချင်း ဖြစ်ကြတော့ အဲဒီလိုနဲ့ သေနတ်ကို ရသွားတယ်ပြောတယ်။ ဆရာမကလည်း သေနတ်ကို နိုင်ငံတော်ကို အပ်ရမှာ။ အပ်နှံရမှာ ပျက်ကွက်တဲ့ တာဝန်ရှိတယ်။ သူ့တပည့်ဖြစ်သူမှာလည်း တာဝန်ရှိတယ်။ အဲဒါကတော့ စစ်ဆေး ပေါ်ပေါက်ချက်အရ ဥပဒေအကြံတောင်းပြီး ဆက်လက်အရေးယူမှာဖြစ်ပါတယ်” ဟု ရှင်းပြသည်။

အင်္ဂလိပ်လက်ထက်မှ ၁၉၆၄ တော်လှန်ရေးကောင်စီ မတက်မီအထိ တိုင်းအဆင့်အရာရှိကြီးများအား လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ခွင့် ရှိခဲ့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရားဝင် တာဝန် ထမ်းဆောင်နေသော အရာရှိများမှအပ ထိုသို့လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်မှုအား သက်တမ်းတိုး မပေးတော့ဘဲ ပြန်လည် အပ်နှံ စေခဲ့ သည်ဟု ၎င်းက ရှင်းပြသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက် ညပိုင်း ၈ နာရီခန့်က မောင်မိုးဟိန်းကိုနှင့် မဖူးပွင့်တို့သည် ဆိုင်ကယ်ဖြင့် ကျုံးတောင်ဘက် လမ်းမကြီးဖြစ်သော ၂၆ လမ်းအတိုင်း အရှေ့မှ အနောက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ၂၆ လမ်း၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြားတွင် မီးပွိုင့်နီ၍ ခေတ္တရပ်တန့်စဉ် ဝေယံကျော်နှင့် စောမင်းခန့်ကျော်တို့ စီးလာသည့် ဆိုင်ကယ်လည်း ကပ်လျက် လိုက်ပါလာကြောင်း၊ ဝေယံကျော် ဆိုသူက မောင်မိုးဟိန်းကိုအား သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

တရားခံ များမှာ ထွက်ပြေးသွားသဖြင့် နေ့တွင်းချင်း ရှာဖွေ ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ လူမှုရေးပြဿနာ ကြောင့် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

You may also like these stories:

ကိုဗစ်-၁၉ အလွန် မြန်မာကို ဘယ်လိုမြင်ချင်လဲ

Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ

မြန်မာအလံ ဖြုတ်ချခံခဲ့ရသည့် ချင်းရွှေဟော်တွင် နယ်နမိတ် ပြန်တိုင်းဖို့ တရုတ်နှင့် သဘောတူညီမှု ရ

 

 

 

 

 

 

Did you find apk for android? You can find new Free Android Games and apps.
Loading