• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောင်းသားအဖွဲ့အစည်းများ ဒီမိုကရေစီနည်းကျ ဖွဲ့သည့်စနစ် ကျင့်သုံးရန် လွှတ်တော် အတည်ပြု

by သီဟလွင်
14 July 2020
in သတင်း
A A
၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလဆန်းက အခြေခံပညာအထက်တန်း စာမေးပွဲများ ရပ်နားထားရေးနှင့် ပတ်သက်၍ ကျောင်းသားများ မန္တလေးမြို့တွင် ဆန္ဒပြစဉ် / ဇော်ဇော် / ဧရာဝတီ

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလဆန်းက အခြေခံပညာအထက်တန်း စာမေးပွဲများ ရပ်နားထားရေးနှင့် ပတ်သက်၍ ကျောင်းသားများ မန္တလေးမြို့တွင် ဆန္ဒပြစဉ် / ဇော်ဇော် / ဧရာဝတီ

5.1k
VIEWS
Share on FacebookShare on Twitter

အခြေခံနှင့် အဆင့်မြင့် ပညာကျောင်းများတွင် ကျောင်းသားအသင်းအဖွဲ့များ ဖွဲ့စည်းရာ၌ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းနိုင် သည့် စနစ်တရပ်၂၀၂၀-၂၁ ပညာသင်နှစ်မှ စတင် အကောင်အထည်ဖော်ရန် အဆိုကို ယနေ့ ပြည်သူ့ လွှတ်တော်တွင် အတည်ပြုလိုက်သည်။

ယင်းအဆိုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းက တင်သွင်းခဲ့ပြီးနောက် ယင်းပါတီမှ ကိုယ်စားလှယ်များ အပါအဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့မှ ကိုယ်စားလှယ်များက ပါဝင် ဆွေးနွေးခဲ့ကြသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
134
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
488

နိုင်ငံ၏ မျိုးဆက်သစ် လူငယ်များ ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကို ခိုင်မြဲစွာ ရရှိစေရန် ကျောင်းသား ကိုယ်စား လှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင် ပါဝင်ဆောင်ရွက် ရသည့် စနစ်တရပ်ကို အကောင်အထည်ဖော်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်က ပြည်သူ့ လွှတ်တော်တွင် အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီစနစ် ခိုင်မြဲရန် စာသင်ကျောင်းများမှတဆင့် စတင်ရမည် ဖြစ်ပြီး ကျောင်းကောင်စီများ၊ ကျောင်းသားအသင်း အဖွဲ့များကို ကျောင်းသားများ ကိုယ်တိုင် ပါဝင်ရွေးကောက် တင်မြှောက်ပြီး ထိုအသင်းအဖွဲ့များမှတဆင့် ကျောင်းဖွံ့ဖြိုးရေး၊ ရပ်ရွာဖွံ့ဖြိုးရေး စသဖြင့် အဆင့်ဆင့် လုပ်ဆောင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ယင်းအဆိုကို ထောက်ခံ ဆွေးနွေးခဲ့သူ တွံတေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။

ဦးမြင့်လွင်က “ဒီကနေ့ လူငယ်တွေအများစုက ကျောင်းတွေမှာပဲ ရှိတယ်။ လူငယ်တွေကို ဒီမိုကရေစီ အလေ့အကျင့်တွေ ခိုင်မာလာအောင် သူတို့ ကျင့်သုံးတတ်လာအောင် ဒီမိုကရေစီ အလေ့အထတွေ သူတို့ ရင်ထဲ စွဲသွားအောင် လုပ်ပေးနိုင် မယ်ဆိုရင် ကျနော်တို့ နိုင်ငံရဲ့အနာဂတ်ဟာ အမြဲတမ်း ဒီမိုကရေစီဟာ ထွန်းကားတည်တံ့ ပြန့်ပွားနေမှာ ဖြစ်တယ်” ဟု ယနေ့ လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးသွားသည်။

ကျောင်သား ခေါင်းဆောင်များ၊ ကျောင်းသားစု ကိုယ်စားလှယ်များ၊ တာဝန်ခံများကို ရွေးချယ် ခန့်ထားရာတွင်လည်း ဆရာ/ ဆရာမများ၏ သဘောဆန္ဒအရ တိုက်ရိုက်ခန့်ထားခြင်းမျိုး မပြုလုပ်ဘဲ ကျောင်းသူသားများက ဒီမိုကရေစီနည်းကျ မဲစနစ် ဖြင့် ရွေးချယ်ခန့်ထားခြင်းမျိုးကို ဆောင်ရွက်ပေးသင့်ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေကျော်က ထောက်ပြသည်။

၎င်းက “စာသင်ကျောင်းများဟာ ကျောင်းသူ/ကျောင်းသားများအတွက် ဒီမိုကရေစီ သဘောတရားများကိုပါ လေ့ကျင့် သင်ကြားပေးရမယ့် နေရာ ဌာနတခုလည်း ဖြစ်သင့်တယ်” ဟု ဆိုသည်။

အခြေခံပညာ ကျောင်းများတွင် ကျောင်းကောင်စီနှင့် ကျောင်းကောင်စီ အသင်းများဖွဲ့စည်းခြင်းကို ယခင် နှစ်ပေါင်းများစွာ ကတည်းက ဆောင်ရွက်လာခြင်း ဖြစ်ပြီး ယခုအခါတွင် ခေတ်နှင့် လျော်ညီသော ပုံစံများဖြင့် ပြုပြင်ဖွဲ့စည်း ဆောင်ရွက်နေ သည် ဟု ပညာရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းကလည်း ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြန်လည် ရှင်း လင်းခဲ့သည်။

၎င်းက “ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာတဲ့ နိုင်ငံ့သားကောင်း/သမီးကောင်းများ၊ အများကောင်းကျိုး ဆောင်ရွက်လိုတဲ့ လူငယ်မောင်မယ်များ၊ ဘက်စုံ ထူးချွန်တဲ့ ကျောင်းသားကျောင်းသူများ ထွက်ပေါ်လာရေးကို ရည်မှတ်ပြီး ခေတ်နဲ့အညီ လိုအပ်သလို မွမ်းမံ၊ ပြင်ဆင်၊ ဖြည့်စွက်ချက်များနဲ့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

ပညာရေး ဝန်ကြီးဌာနက မျိုးဆက်သစ် လူငယ်လူရွယ်များကို ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ခိုင်မြဲစွာ ရရှိစေရန်၊ ကာယဉာဏ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံပညာကျောင်းများတွင် အခြေခံ အသင်းအဖွဲ့များ သတ်မှတ် ဖွဲ့ စည်းပြီး အသင်းအဖွဲ့အလိုက် အတန်း ကိုယ်စားလှယ်များ၊ ကျောင်းသား ကိုယ်စားလှယ်များ၊ ကျောင်းကောင်စီအထိ ဒီမို ကရေစီ နည်းကျကျ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းကာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် စနစ်တရပ်ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း၏ အဆိုသည် ဝန်ကြီးဌာနက ဆောင် ရွက်နေသည့် ကိစ္စရပ်တခု ဖြစ်သဖြင့် ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက အဆိုကို အတည်ပြုပေးရန် ထောက်ခံခဲ့ သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ထိုသို့ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများကို နိုင်ငံရေးပါတီများက ၎င်းတို့အလိုကျ ဖြစ်အောင် ဖန်တီးခြင်းများကို ရှောင်ရှားရမည်ဟု ဆိုသည်။

ဦးသောင်းအေးက “အနာဂတ် နိုင်ငံတော်မှာ ဒီမိုကရေစီ အလေ့အကျင့်များ ရှင်သန်စေလိုတယ်ဆိုရင် ကျောင်းသား/ ကျောင်းသူ လူငယ်တွေကို နိုင်ငံရေးပါတီတွေက မိမိတို့ဝါဒနဲ့ မိမိတို့အလိုကျ ဖြစ်အောင် ဖန်တီးခြင်း၊ ဒီမိုကရေစီနဲ့ မင်းမဲ့ စရိုက်ကို ခွဲခြားမပြုဘဲ လမ်းပေါ် ဆွဲတင်ခြင်းစသည့် စည်းမဲ့ကမ်းမဲ့ ဒီမိုကရေစီနည်းများကို ရှောင်ရှားကြရပါမယ်” ဟု ပြော သည်။

အဆိုရှင်၏ တင်ပြချက်တွင် ပါဝင်သော နိုင်ငံတချို့သည် ဒီမိုကရေစီ၏ အကျင့်ကောင်းများ ခိုင်မြဲစွာ ပျိုးထောင်ထားခြင်း မရှိသည့်အတွက် ဒီမိုကရေစီစနစ်မှ ဆန့်ကျင် သွေဖယ်သွားကြသည်ကို သင်ခန်းစာ ယူနိုင်ပြီး နိုင်ငံတော် မျိုးဆက်သစ် များကို ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ခိုင်မြဲအောင် ဆောင်ရွက်စေလိုခြင်းကိုမူ ကြိုဆိုလက်ခံကြောင်း ၎င်းက ပြော ဆိုသည်။

အခြေခံပညာ ကျောင်းများတွင် ကျောင်းကောင်စီ ဖွဲ့စည်းရခြင်းမှာ ရည်ရွယ်ချက် ၄ ခု ရှိပြီး အခြေခံပညာ ကျောင်းများတွင် ကျောင်းကောင်စီကို ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဖွဲ့စည်း ဆောင် ရွက်နိုင်ရန်၊ ကောင်းမွန်သာယာ ညီညာပျော်ရွှင် တိုးတက်ဖွံ့ဖြိုးသော ကျောင်းဖြစ်စေရန် စသည့်အချက်များ ပါဝင်ကြောင်း ယနေ့ ပါဝင် ဆွေးနွေးနေသူများက ပြောသည်။

ထို့ပြင် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ မှန်ကန် ကျင့်ကြံ တွေးခေါ်ပြောဆိုမှု နေထိုင်တတ်သည့် ကောင်းမွန်သော အလေ့ အထများ ရရှိလာစေရန်နှင့် တဦးချင်းစီတွင် ရှိပြီးသား ဗီဇ ဝါသနာကောင်းများ ထွန်းကားရေးကို ပြုစုပျိုးထောင်ရန်နှင့် အခက်အခဲ ပြဿနာများကို စုပေါင်း ဖြေရှင်းတတ်စေရန် စသည့် အချက်များလည်း ပါဝင်သည်ဟု ဆိုကြသည်။

ကျောင်းကောင်စီ ဖွဲ့စည်းခြင်းကို ပုံမှန်အားဖြင့် နှစ်စဉ် ဇူလိုင်လ (ကျောင်းဖွင့်ပြီး ဒုတိယလ)တွင် ဆောင်ရွက်မြဲဖြစ်ပြီး သက်တမ်းအားဖြင့် ထိုသို့ ဖွဲ့စည်းသည့် ပညာသင်နှစ် ၁ နှစ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ကျောင်းကောင်စီများကို အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မဟာဗန္ဓုလ ဟူ၍ အသင်း ၅ သင်း ဖြင့် ဖွဲ့စည်းပြီး အတန်းခွဲများ အလိုက် အသင်းခေါင်းဆောင်များ ရွေးချယ်တင်မြှောက်ခြင်း၊ အတန်းခေါင်းဆောင်ကိုလည်း အများဆန္ဒအရ အသင်းခေါင်းဆောင် ၅ ဦးထဲမှ ၁ ဦးကို မဲပေး ရွေးချယ်တင်မြှောက်ကြောင်း သိရသည်။

ကျောင်းကောင်စီ ၅ သင်းတွင် တကျောင်းလုံးရှိ ဆရာ/ဆရာမ ဦးရေ အညီအမျှ ပါဝင်ဖွဲ့စည်းရပြီး ၎င်းတို့အထဲမှ အသင်း တာဝန်ခံ ဆရာ/ဆရာမများကို ရွေးချယ် တင်မြှောက်ကြသည်။

ထိုသို့ ကျောင်းကောင်စီ အသင်းဝင် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ အတန်းအလိုက် အသင်းခေါင်း ဆောင်များ၊ အသင်းတာဝန်ခံများ၊ အတန်းကိုယ်စားလှယ်များကို အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပြီးနောက် ကျောင်း ကောင်စီ အမှုဆောင် အဖွဲ့ ဖွဲ့စည်းကြကြောင်း သိရသည်။

ကျောင်းကောင်စီ အမှုဆောင်အဖွဲ့တွင် အခြေခံပညာ အထက်တန်းအဆင့်တွင်၂၀ ဦး၊ အလယ်တန်း အဆင့်တွင် ၈ ဦး ပါ ဝင်ပြီး ကျောင်းကောင်စီ အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌကို သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းအုပ်ကြီးက တာဝန်ယူ ဆောင်ရွက်ရကြောင်း ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ လွှတ်တော်တွင် ရှင်းပြ ပြောဆိုခဲ့သည်။

You may also like these stories:

ရွေးကောက်ပွဲတွင် ဘာသာရေးမှိုင်းတိုက်၍ အသုံးမချရန် မေတ္တာရပ်ခံ

ဝါးခယ်မမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ကို ဘာကြောင့် ဖျက်သိမ်းလဲ

ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ

Your Thoughts …
Tags: ကျောင်းသားအဖွဲ့အစည်းစာသင်ကျောင်းဒီမိုကရေစီ
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

by Luke Hunt
20 September 2024
10.6k

ကျနော် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့အကြောင်းရင်းက အရမ်းခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သူတို့ကို ကူညီဖို့ပဲ။

ရန်ကုန်မြို့ရှိ ကျောင်းတချို့၌ စစ်ကောင်စီ တပ်စွဲထားသဖြင့် ကျောင်းသားမိဘများ စိုးရိမ်

ရန်ကုန်မြို့ရှိ ကျောင်းတချို့၌ စစ်ကောင်စီ တပ်စွဲထားသဖြင့် ကျောင်းသားမိဘများ စိုးရိမ်

by ဧရာဝတီ
23 November 2023
6.7k

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ လူပျောက်ကြော်ငြာများကြောင့် ပေါ်တာဆွဲသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေပြီး ည ၈ နာရီ ၊ ၉ နာရီနောက်ပိုင်းတွင် လမ်းမပေါ်၌ လူအသွားအလာ နည်းပါးနေကြောင်း

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

by ဧရာဝတီ
23 August 2023
6.4k

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဆေးရုံ ၊ ဆေးခန်းများအား ပိတ်ထားသော်လည်း ဒေသခံ အများစုမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်ထားသော ကျောင်းများ၌ စာသင်ကြားခွင့်ရနေသလို CDM ဆရာဝန် ၊ ဆေးဝန်ထမ်းများ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများတွင်...

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

by ဧရာဝတီ
21 December 2023
5.2k

"သူတို့က ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို တိုက်တယ်" ဟု ပြောပြီး ထိုလေယာဉ်မှူးများသည် မျိုးသူနှင့် နိုင်လင်းအောင်ဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

by ဧရာဝတီ
18 July 2023
4.9k

ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆန္ဒသည် မျှော်လင့်မထားဘဲ Move Forward ပါတီကို မဲအများစု ရစေသည်။

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

by ဧရာဝတီ
31 October 2024
4.7k

စစ်တမ်းများကို လျစ်လျူရှုသည့် တယူသန်သော စနစ်တခုကို ပါမောက္ခ လစ်ချ်မင်းက မှီခိုအားထားသည်။

Next Post
သရုပ်ဆောင်ဆုပန်ထွာနဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော် / ချစ်ပိုး / ဧရာဝတီ

“အိမ်ထောင်ရေးမှာ တယောက်နဲ့တယောက် နားလည်မှုတွေ လိုအပ်တယ်”

ရွေးကောက်ပွဲ ကော်မရှင်အပေါ် အမြင်အမျိုးမျိုးဖြင့် ထောက်ပြကြသူများ ရှိနေသည်  / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ကော်မရှင်ကို သူတို့ ဘာပြောကြသလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate