ကရင်ပြည်နယ်၊ မြဝတီမြို့ှတွင်ရှိသည့် တရားမဝင်ကာစီနိုရုံတခုအား ဇူလိုင် ၁၄ ရက်နေ့က တပ်မတော်နှင့် လုံ ခြုံရေး ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်ဖမ်းဆီးရာတွင် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၁၄ ဦးဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါ ကာစီနိုရုံသည် မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ပတ္တမြားမယ်ဓာတ်ဆီဆိုင်အနီးရှိ သုံးထပ်အဆောက်အ ဦး(ဒေသအခေါ် ဘောင်တီးကာစီနို)ဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ စောရှမ်းလေးဆိုသူမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိ ကြောင်းလည်း သိရသည်။
တပ်မတော်သတင်းပြန်ကြာရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ဒါတွေက တရားဥပဒေ စိုးမိုးမှုအဖွဲ့တွေ က အဓိက တာဝန်ရှိတာပေါ့လေ။ အဲ့ဒီမှာသူတို့က အကူအညီတောင်းလာတယ်။ တချို့ကိစ္စတွေမှာတော့ လက် နက်ကိုင်တွေရှိတာပေါ့၊ အဲ့တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ဟာတွေပဲဖြစ်ဖြစ်၊ အကူအညီ တောင်းလာရင်တော့ ပူးပေါင်းဆောင်ရွက်ရတဲ့ သဘောပဲဖြစ်ပါတယ်” ဟု ပြောသည်။
လတ်တလော ဖမ်းမိထားသူများနှင့် လောင်းကစားရာတွင် အသုံးပြုသည့် ဂိမ်းခုံများ၊ သိမ်းဆည်းရမိသည့် ပိုက်ဆံ များအား မြဝတီမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်းလည်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ်မြို့ တမြို့ဖြစ်သည့် မြဝတီမြို့တွင် အဆင့်မီကာစီနိုရုံများနှင့် လောင်းကစားဂိမ်းရုံများစွာရှိပြီး အများစုမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်မှုများ ရှိနေသည့်အတွက် ထိန်းချုပ်ရန် ခက်ခဲလျှက်ရှိ ကြောင်း ဒေသခံများအကြား ဝေဖန်လျှက်ရှိသည်။
လွှတ်တော်မှ ပြဌာန်းထားသည့် လောင်းကစားဥပဒေမှာ နည်းဥပဒေထွက်ရှိခြင်းမရှိသေးသည့်အပြင် ကာစီနိုရုံး များအား နိုင်ငံခြားသားများကိုသာ ဝင်ရောက်ခွင့်ပြုရန် သတ်မှတ်ချက်များလည်း ပါရှိသည့်အတွက် လက်ရှိ ကာစီနိုရုံးများမှာ တရားဝင်မှုမရှိကြောင်းလည်း မြဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က ပြောသည်။
ဦးစိန်ဗိုလ်က “အများသိတဲ့အတိုင်းပဲ ကာစီနိုလုပ်တဲ့သူတွေကတော့ လက်နက်ကိုင်နဲ့ တနည်းနည်း ပတ်သက်တဲ့ လူက များတာပေါ့၊ ဒါတွေကို တပ်မတော်ရော၊ ရဲရော၊ အုပ်ချုပ်ရေးဦးစီးဌာနရော၊ သက်ဆိုင်ရာအဖွဲ့တွေအားလုံး ပူးပေါင်းလုပ်မှ ရမယ်၊ တဖွဲ့တည်းတော့ လုပ်လို့မရဘူး။ တရားဥပဒေစိုးမိုးဖို့အတွက် ယခုထက်ပိုမဆိုးအောင် ထိန်းကွပ်သွားရပါမယ်”ဟု ရှင်းပြသည်။
မြဝတီမြို့နယ်အတွင်းရှိ ကာစီနိုရုံများ၊ ဂိမ်းဆိုင်များ၊ ဟိုတယ်များအနေဖြင့် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင် ခြင်းများမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် စိစစ်မှုများဆောင်ရွက်ရန်လည်း ဌာနတွင်း ညွန်ကြားမှုများရှိခဲ့ ကြောင်း သိရသည်။
တရားမဝင် ကာစီနို လောင်းကစားရုံများနှင့်ပတ်သက်ပြီး တပ်မတော်မှ ပါဝင်ဆောင်ရွက်ရေးမှာ ရရှိသည့် သတင်း အချက်အလက်များပေါ်မူတည်ပြီး အကူအညီတောင်းခံလာသည့်အခါ လိုအပ်ပါက ကူညီဆောင်ရွက်သွားမည် ဖြစ် ကြောင်းလည်း တပ်မတော်ဘက်ကပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော်က ဦးဆောင်ပြီး ဆောင်ရွက်ဖို့ဆိုတာကတော့ ရရှိတဲ့သတင်းတွေ အ ပေါ်မှာလည်း မူတည်ပါလိမ့်မယ်၊ အခုနက ပြောသလို အကုန်လုံးက ပတ်သက်တာလည်းရှိကောင်းရှိနိုင်တယ်၊ မ ပတ်သက်တဲ့ဟာလည်း ရှိကောင်းရှိနိုင်တယ်။ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကနေ ဆောင်ရွက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ပေးဖို့ အကူအညီတောင်းလာရင်၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာရင် ကူညီပါလိမ့်မယ်”ဟု ပြော သည်။
လက်ရှိ COVID-19 ကူးစက်ရောဂါ တားဆီးထိန်းချုပ်ရေး၊ ကာကွယ်ရေးကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာ ဖြင့် ကန့်သတ်မှုများအား ဇူလိုင်လကုန်အထိ သတ်မှတ်ထုတ်ပြန်ထားသည့်အပြင် မြဝတီမြို့နယ်အတွင် ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုရန်လည်း အမိန့်ထုတ်ပြန်ထားသည်။
You may also like these stories:
မြန်မာနိုင်ငံပို့မည့် တရုတ်လက်နက်များ မဲဆောက်တွင်မိ
ထိုင်းနယ်စပ်တွင် မြန်မာနိုင်ငံထဲ ပြန်ဝင်မည့် လူ ၄၀ ကျော်ပိတ်မိနေ