• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြို့ဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ ရုပ်သိမ်းရန် အစိုးရ ညွှန်ကြား

by ဇူးဇူး
17 July 2020
in သတင်း
A A
၂၀၂၀ခု ဧပြီလက မန္တလေးနှင့် စစ်ကိုင်းမြို့များအကြားရှိ မြို့အဝင်ဂိတ်များ တွင် ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ကြစဉ် / ဇော်ဇော် / ဧရာဝတီ

၂၀၂၀ခု ဧပြီလက မန္တလေးနှင့် စစ်ကိုင်းမြို့များအကြားရှိ မြို့အဝင်ဂိတ်များ တွင် ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ကြစဉ် / ဇော်ဇော် / ဧရာဝတီ

6.1k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ အဝင်အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုများအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုကဲ့သို့ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင် ၁၅ ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

RelatedPosts

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
21
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

21 May 2025
15
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
132

ယင်းနေ့ ညပိုင်း၌ပင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးကလည်း အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ကယားပြည်နယ်အတွင်းရှိ မြို့ အဝင်အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ချက်များအား ဇူလိုင် ၁၆ ရက်မှ စတင်ကာ ရုပ်သိမ်းလိုက်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက “ကိုဗစ် သုံးလကျော်မှာ ပြည်တွင်း မှာလည်း ကူးစက်မှု မရှိသလောက် ဖြစ်သွားတယ်။ ပြည်ပနိုင်ငံများက ဝင်လာတဲ့သူတွေကို တယောက်မကျန် စိစစ်ပြီး Quarantine ထားနိုင်တယ်။ ကိုင်တွယ်ပြီး ထိန်းချုပ်နိုင်တဲ့အတွက် မြို့ဝင်မြို့ထွက်တွေမှာ ကိုဗစ်နဲ့ပတ်သက်ပြီး စစ်ဆေးစရာမလိုတဲ့ အခြေအနေရှိလို့ ရုပ်သိမ်းတယ်လို့ ယူဆပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ်များ၏ အဝင်အထွက် ဂိတ်တချို့တွင် ကျန်းမာရေး စစ်ဆေးဆောင် ရွက်မှုများရှိရာ ယခု အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အား မြို့နယ်အားလုံး တပြေးညီလိုက်နာနိုင်ရန် မြို့နယ် ကိုဗစ်ကော်မတီက တရားဝင် စာထုတ်ပေးသွားမည်ဟုလည်း ဝန်ကြီးက ဆိုသည်။

ပြီးခဲ့သည့် မတ်လနှောင်းပိုင်းက မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ပထမဆုံး တွေ့ရှိခဲ့ပြီး ခရီးသွားလုပ်ငန်း ဆိုင်ရာများ လုံးဝ ရပ်တန့်သွားပြီးနောက် ၃ လခန့်အကြာတွင် အစိုးရက ခရီးသွားလာမှု ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်း ဖြေလျှော့လာရာ ယခုညွှန်ကြားချက်လည်း အပါအဝင် ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လလယ်ခန့်မှ စကာ မြန်မာနိုင်ငံတွင်း မြို့နယ်အသီးသီးသို့ သွားရောက်မည့် ပြည်တွင်း ခရီးသွား များ အနေဖြင့် Quarantine ဝင်ရန် မလိုတော့သကဲ့သို့ ကျန်းမာရေးထောက်ခံချက်များ ယူလာရန်လည်း မလိုအပ် တော့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက “အဲဒါတွေ မထားတော့တာ ကြာပြီ။ ၅ လ ပိုင်းကုန်လောက်ကတည်းက နည်းနည်းဖြေလျှော့ပေးလိုက်တာ။ အခုလို တဆင့်ချင်း ဖြေလျှော့လာပေးတော့ ခရီးသွား လာရေးအတွက် ပိုအဆင်ပြေစေတာပေါ့” ဟု ပြောသည်။

သို့သော်လည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး အတွက် ၂၀၂၀ ဇူလိုင် ၁၅ ရက်ထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့် ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/ တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များမပါ) အား ဇူလိုင် ၃၁ ရက်ထိ ရက်တိုးမြှင့် သတ်မှတ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် အသိပေး ကြေညာထားသည်။

အထူးသဖြင့် လူ ၅ ဦးထက် ပိုပြီး မစုဝေးရန်၊ ပွဲလမ်းသဘင်များ ကျင်းပခြင်းမပြုရန်နှင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်များ ဆက်လက်ရှိနေသေးခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၁၆ ရက်၊ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၃၃၇ ဦး၊ သေဆုံး ၆ ဦးနှင့် ရောဂါပိုးကင်းစင်လာသူ ၂၆၆ ဦး ရှိပြီး လက်ရှိတွင် ဆေးရုံ အသီးသီး၌ ကုသမှုခံယူနေသော ကိုဗစ်လူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကာ အထူးကြပ်မတ်ကုသမှု ခံယူ နေရသူ ၁ ဦးမျှ မရှိကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန် –

အံ့ဩဖွယ် ကိုဗစ်ထိန်းချုပ်ရေး ဆက်ထိန်းထားရန် WHO မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် တိုက်တွန်း

Your Thoughts …
Tags: မြို့ အဝင်အထွက်ဂိတ်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မန္တလေးမြို့ရှိ COVID-19 လူနာများ သီးခြား ကုသနေသည့် ကန်တော်နဒီဆေးရုံ / ဇော်ဇော် / ဧရာဝတီ

မန္တလေးတိုင်းရှိ စတုတ္ထမြောက် ကိုဗစ်လူနာ ကျန်းမာရေး ကောင်းမွန်

ဘရာဇီးလ်တွင် ရောဂါကူးစက်မှုနှင့် သေဆုံးမှုအများဆုံးဒေသမှာ အကြီးမားဆုံးမြို့ကြီးဖြစ်သည့် ဆော်ပေါ်လိုဖြစ်ပြီး ဒုတိယ အများဆုံးမှာ ရီယိုဒီဂျနေးရိုး ဖြစ်သည်။

ဘရာဇီးလ်တွင် ကိုဗစ် ကူးစက်ခံရသူ ၂ သန်းရှိပြီ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.8k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate